နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော်ကို ဂျပန်မှာ ဂုဏ်ပြု

Monday, December 3, 2012


 နာဂိုယာ-၂-၁၂-၂၀၁၂ 

တနင်္ဂနွေနေ့က  ဂျပန်နိုင်ငံ နာဂိုယာမြို့သို့ရောက် ရှိနေသော
နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးဇဝနကို  Myoo Hon Ji ဂျပန် ဘုရားကျောင်းတွင် ဂုဏ်ပြုခဲ့ကြသည်။

ထိုဂုဏ်ပြုပွဲကို Myoo Hon Ji ကျောင်း ဂျပန်လူမျိုးဘိက္ခူနီ Majima san က ဦးဆောင် ကျင်းပခြင်းဖြစ်သည်။ ဆရာတော်ဦးဇဝနအား နေ့ဆွမ်း ဆက်ကပ်ကြပြီးနောက် နေ့တနာရီအချိန်တွင် Myoo Hon Ji ကျောင်း
ကျောင်းခန်းမ၌ အခမ်းနားကို စတင် ကျင်းပသည်။


 အခမ်းနားကို မေတ္တာသုတ် ရွတ်ဖတ်ဖွင့်လှစ်ပေးပြီး ကျေးဇူးတင်ဝမ်းမြောက်ကြောင်း  ဆရာတော်က မိန့် ကြားသည်။

၂၀၁၂ ခုနှစ်အတွင် ငလျင် ဘေးကြောင့် သေဆုံးခဲ့ရသော ဂျပန် အမျိုးသားအမျိုးသမီးတို့
နှင့် မြန်မာ့ဒီမိုကရေစီ အရေးတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသော မြန်မာ လူမျိုးအပေါင်းတို့အား အမျှ
ပေးဝေ ရေစက်ချပေးသည်။

ထို့နောက် အခမ်းနားဦးဆောင်ကျင်းပသူ Majima san က ဆရာတော်နှင့်ပရိသတ်ကို မိတ်ဆက်ပေးပြီးနောက် ဆရာတော် ဧရာဝတီ အင်တာနက်စာမျက်နှာ နှင့် အခြား အင်တာနက်စာမျက်နှာ များတွင်ရေးသား ခဲ့သော စာများထဲမှ အသံဖြင့် တရင်းတနှီးဆောင်းပါးနှင့် အတွေးဇာတ်ဆောင်၏ အိမ်ပ်မက် ခရီးရှည် ဆောင်းပါး၂ပုဒ်ကို ဂျပန် ဘာသာပြန်ပြီး ရွတ်ဆို ဂုဏ်ပြုသည်။


  MIYAJIMA TO MO KO က အသံဖြင့်ရွတ်ဖတ်ပေးပြီး KATO MASAHIRO-တီးလုံးဖြင့် ကူညီ ပုံဖော်ပေးသည်။ ရွတ်ဖတ်မှုအပြီး ပရိသတ်များက သြဘာလက်ခုပ်တီးပြီး အားပေးကြသည်။

ဆရာတော်ဦးဇဝနသည် ၁၉၉၃နှစ် တွက် ဂျပန် လူမျိုးကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ ပါမောက္ခ ယိုဇိုယိုကိုတာ မြန်မာပြည်လာရောက်စဉ်က သံဃာတော်များအပေါ် စစ်အစိုးရ၏ လူ့အခွင့်ရေး ချိုးဖောက် မှု မှတ်တမ်းများပေးခဲ့မှု နှင့် အခြားသော ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အားပေးကူညီခဲ့မှုတို့ကြောင့် ထောင်ဒဏ် ကျခံ ခဲ့ရခြင်းဖြစ်သည်။

  အင်းစိန်၊ သာယာဝတီ၊ တောင်ငူထောင်တို့၌ ၁၆ နှစ်ကြာ နေခဲ့ရသူ   ဖြစ်သည်။ သူတည်ထောင်ခဲ့သောရွှေပြည်သာမြို့ ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက်တွင်လည်း   ပြန်လည် သီတင်းသုံးခွင့် မရတော့ပဲ စစ်ထောက်လှမ်းရေး တို့ အမျိုးမျိုးအနှောက် အယှက်ပေးမှုကြောင့်   ထောင်မှလွတ်ပြီး ၂လအကြာ နိုင်ငံခြားသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved