ရန်ကုန်ရောက် မြောက်ကိုရီးယားမလေးများ

Tuesday, December 25, 2012

-


 
နျူကလီးယားဆိုင်ရာဆက်နွယ်မှု မြန်မာပြည်နဲ့မြောက်ကိုရီးယား ကြားမှာ ရှိနိုင်မလား လို့ နိုင်ငံတကာက မေးခွန်းထုတ်နေပါတယ်။
နျူကလီးယားဆိုင်ရာဆက်နွယ်မှု ရှိမရှိ သေချာပေါက် မပြောနိုင်သေးပေမယ့် ဆက်နွယ်မှုရှိနေတာကတော့ အစားအသောက်ပိုင်းဆိုင်ရာမှာ ဖြစ်ပါတယ်။
အဲဒီဆက်နွယ်မှုကို ရန်ကုန်မြို့ ဆရာစံလမ်းက မြောက်ကိုရီးယားစားသောက်ဆိုင်မှာ တွေ့ရမှာပါ။
ဒီအကြောင်းကို ဝေမိုးက ကိုရီးယား မမ လှလှမများနဲ့  တွေ့ဆုံမေးမြန်းပြီး  ဧရာဝတီမှာ ရေးထားပါတယ်။
 
အဲဒီဆိုင်မှာ စားပွဲထိုးတွေက အသက် ၂၀ ကျော် ကိုရီးယားမလေးတွေပါ တဲ့။ ဆိုင်ထဲဝင်တာနဲ့ မင်္ဂလာပါရှင် ဆိုပြီး မြန်မာလို နှုတ်ခွန်းဆက်တယ်လို့ ဆိုတယ်။
 
ဖျော်ဖြေရေးအစီအစဉ်မှာ ကိုရီးယားမဒီလေးတွေက ရှမ်းရိုးမ အပါအ၀င် မြန်မာသီချင်းတွေကို ဟဲကြတယ်။
ဒါပေမယ့် ကမ္ဘာကျော်နေတဲ့ ကိုရီးယားသီချင်း ကမ်နမ်စတိုင် (Gangnam Style) ကိုတော့ ဒီကလေးမတွေ နှစ်သက်ခြင်း အလျဉ်းမရှိဘူး တဲ့။ (တောင်ဘက်က သီချင်းတွေကို မူအရ ဆန့်ကျင်တာ ဖြစ်ပါလိမ့်မယ်)
သူတို့ မကြိုက်တဲ့ထဲ အိုဘားမားလည်း ပါဝင်နေပါတယ်။

ဒီအကြောင်း http://www.irrawaddy.org/archives/21280 မှာ ဖတ်နိုင်ပါပြီ။

ဆက်စပ် ~

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

 မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ

 ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား

 အာရှမှ မြောက်ကိုရီးယား စားသောက်ဆိုင်များ

 အခုတော့ ရှင်းသွားပြီ





















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved