ဇာဂနာရဲ့ ပထမ

Sunday, December 9, 2012


 ~


 

ရွက်စိမ်း ~
    ထောင်တွင်းအတွေ့အကြုံတွေကိုရေးသားတဲ့စာအုပ်စာပေတွေ  နှစ်ကုန်ပိုင်းမှာ ထွက်ရှိ လာခဲ့ရာ အခု နောက်ဆုံး ထွက်လာတာကတော့
လူရွှင်တော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာရဲ့ “ပထမ” လို့ အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

သောကြာနေ့က ပရိသတ်နဲ့ မိတ်ဆက်ပေးတဲ့ ဒီစာအုပ်မှာ နာမည်ကျော် အင်းစိန်ထောင်က ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

“ပထမ” နဲ့ မိတ်ဆက်ပွဲကို တက်ရောက်အားပေးတဲ့ စာရေးဆရာချစ်ဦးညိုက -
ဇာဂနာ ဟာ ထောင်ထဲမှာသူကြုံတွေ့ခဲ့ရတဲ့ ခါးသီမှုတွေကို သူ့ပုံစံအတိုင်း ပဲ အရွဲ့တိုက်ထားတာကြောင့် ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေကို ရယ်စရာဖြစ်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

စာရေးသူ ဇာဂနာ က တော့ -

နိုင်ငံရေးလုပ်လို့ထောင်ကျတယ်ဆိုတဲ့ ခေတ်တခေတ်ရှိခဲ့တယ်၊
နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတဲ့ခေတ်က အဆုံးသတ်သင့်ပြီ။
အခုအချိန်မှာတော့ ထောင်မကျတဲ့ နိုင်ငံရေးတွေ လုပ်ချင်တယ် 
လို့ စာအုပ် မိတ်ဆက်ပွဲမှာပြောခဲ့ပါတယ်။

    စာအုပ်မိတ်ဆက်ပွဲမှာ အမှတ်တရစကားပြောပေးတဲ့ စာရေးဆရာဖေမြင့်က မကြာသေးခင်ကထွက်လာတဲ့ဒီလို စာအုပ် အမျိုးအစားတွေမှာ
 ထောင်ကျခံရတဲ့အပေါ်မှာ  တုန့်ပြန်ပုံချင်း မတူညီကြကြောင်း၊ ကာယကံရှင် တဦးချင်းစီ ပြောင်းလဲသွားပုံခြင်း မတူကြောင်း NLD ၀ါရင့်ခေါင်းဆောင် ဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကို ကိုးကားပြီးပြောကြားခဲ့ပါတယ်။
“ပထမ”စာအုပ်ကိုဖတ်ကြည့်တဲ့ အခါမှာ ဇာဂနာ ထောင်ကျခဲ့ ပေမယ့် ဇာဂနာရဲ့ပုံစံကတော့ ပြောင်းမသွားတဲ့အကြောင်းကိုပြောခဲ့ပါတယ်။

    ထောင် (၄)ကြိမ်ကျခံခဲ့တဲ့ ဇာဂနာ ဟာ ဒီခုစာအုပ်မှာ ပထမ အကြိမ်ကျခံခဲ့ရတဲ့ ထောင် တွင်း အတွေ့အကြုံတွေ ရေးထားပါတယ်။ အလားတူ စာအုပ်တွေ ထွက်ရှိလာဦးမှာဖြစ်တယ်လို့ ဇာဂနာက ပြောပါတယ်။
  





 

















--

2 comments :

  1. Unknown said... :

    ဦးဇာဂနာရဲ့တခို့သောပြုမူပြောဆိုပုံတွေကိုမကြိုက်ပါဘူးတခါတလေတရားလက်လွတ်ပြောဆိုတာတွေများတော့စိတ်ကုန်တယ်။

  1. Anonymous said... :

    ခေတ်ကြီးကပြောင်းနေဘီနော်။ ထောင်တွင်းဝတ္တုတွေ ခေတ်စားလာတယ်။ ၀တ္တုရောင်းရဖို့အရင်ဆုံး ထောင်ကျရမလိုဖြစ်နေတယ်:)ကြောက်စရာကြီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved