(photo: www.otcdaihenasia.com) |
ထိုင်းဘတ်သုံးရာ ဆိုတာ ဆယ်ဒေါ်လာ/ကျပ်ရှစ်ထောင် ၀န်းကျင် ရှိပါတယ်။
စက်ရုပ်သုံးနိုင်ရင်တော့ စက်ရုံတွေမှာ အလုပ်သမား/၀န်ထမ်းစရိတ် လျှော့ချနိုင်ပြီပေါ့။
photo: www.whyfiles.org |
သတ္တုတွေကို ၀ရိန်ဆော်ရ၊ ဖြတ်ရ၊ တောက်ရတဲ့ စက်ရုံမျိုးတွေမှာတော့ စက်ရုပ်ကို သုံးရင် အလုပ်ပိုတွင်၊ ကုန်ထုတ်စွမ်းအား တိုးပွားပါတယ် တဲ့။
ဘန်ကောက်နဲ့တခြားခရိုင်တွေမှာ အနည်းဆုံးနေ့တွက် ၃၀၀ သတ်မှတ်ချက် အစပြု သက်ရောက်တဲ့ ဧပြီလကတည်းက ဂျပန်ကို စက်ရုပ်တွေ လှမ်းမှာတာတွေ တိုးလာတယ်လို့ ဆိုတယ်။
Kubota ဆိုတဲ့ ကုမ္ပဏီက စက်ရုပ် ၂၀ - ၃၀ လှမ်းမှာတယ် ဆိုပဲ။
စက်ရုပ်ထုတ်တဲ့ Amada ကုမ္ပဏီက ဂဟေဆော်တတ်တဲ့စက်ရုပ်ပေါင်း ၆၀၀ - ၇၀၀ လောက် ထိုင်းကို မနှစ်က ပို့ခဲ့ရသတဲ့။ ဒီနှစ်မှာလည်း ၅၀၀ - ၆၀၀ လောက် ထပ်ပို့ ထပ်ရောင်းရမယ်လို့ ယူဆနေပါတယ်။
လာမယ့်နှစ်မှာလည်း စက်ရုပ် အရောင်းကျမယ်မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ မော်တော်ကားထုတ်လုပ်ရေးအလုပ်ရုံများက စက်ရုပ်တွေ သေချာပေါက် ထပ်လိုအပ်မှာကြောင့်ပါပဲ တဲ့။
photo: www.123rf.com |
စက်ရုပ်ရဲ့ အားသာချက်က လုပ်ငန်းခွင်ထဲ ရန်ဖြစ်တာ၊ လူမှုရေးကိစ္စ ဘာကိစ္စတွေ ရှုပ်တာ၊ ဆန္ဒပြတောင်းဆို ကန့်ကွက်တာ စသဖြင့် စသဖြင့်သော လူ့သဘာဝတွေ သူ့မှာ မရှိတာပါပဲ။ တနေ့ကို ၈ နာရီထက်မနည်း သူ့ကို ခိုင်းလို့ရပါသေးတယ်။
အားနည်းချက်ကတော့ အင်မတန် ကြီးမားပါတယ် - အဲဒါက - စက်ရုပ်တခု တန်ကြေးက မိုးထိနေတဲ့အချက်ပါ။
သတင်းထဲ ရေးထားချက်အရဆို ဂျပန်ဖြစ်စက်ရုပ်က ဘတ် ၂ သန်း တဲ့။ (ကျပ် သန်း ၅၀ ကျော်)
ထိုင်းလုပ်ငန်းရှင်တို့က စက်ရုပ်ဝယ်ရေးအတွက် အစိုးရဆီက ပိုက်ဆံချေးတယ်လို့ ဆိုပါတယ်။
0 comments :
Post a Comment