ဝေ့နေတဲ့ တော်ဝင်

Wednesday, December 5, 2012


အဲမလီ ~ 

တော်ဝင်အလုပ်သမားရဲ့ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်တဲ့ နေ့မှာဘဲ တော်ဝင် ကုမ္ပဏီဘက်က ခုံ သမာဓိကောင်စီတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက် တောင်းဆိုလိုက်ပါတယ်။ 

 ဓာတ်ပုံများ- အဲမလီ/ ဧရာဝတီ 
ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပုဒ်မ ၂၇အရ ပြန်လည်ရှင်းပြပေးဖို့ တောင်းဆိုလိုက်တာပါ။ 
( အင်းစိန် မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ) တော်ဝင်ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးဟာ ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အဆင့်ဆင့် အယူခံတင်နေတာ ၊ ရှင်းလင်းချက်တွေ တောင်းဆိုနေတာ ဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ အချိန်တွေဆွဲနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

မနေ့ကတော့ တော်ဝင်အလုပ်သမားတွေဟာ ဒုတိယအကြိမ် သပိတ်စခန်းကို စတင်လိုက်ပါတယ်။ အင်းစိန် အလုပ်သမားရုံးရှေ့ကနေ ၈မိုင်အလုပ်သမားရုံးအထိ ချီတက်ခဲ့ပါတယ်။ 



၈မိုင် အလုပ်သမားရုံးကို ချီတက် လာတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက သတိပေး တားမြစ်ခဲ့ပါတယ်။ 


တားမြစ်နေတဲ့ကြားက အလုပ်သမားတွေကလည်း ဆက်လက်ချီတက်ခဲ့ပါတယ်။ ဥပဒေရဲ့ အဆုံးအဖြတ် ကို မလိုက်နာတဲ့ အလုပ်ရှင်ကသာ အပြစ်ရှိတာပါ ကျနော်တို့မှာ အပြစ်မရှိဘူးလို့ ပြန်လည် ပြောဆိုခဲ့ ပါတယ်။



တော်ဝင်ကုမ္ပဏီရဲ့ ဖြေရှင်းချက် တောင်းဆိုတဲ့အပေါ် ၇ ရက်အတွင်း ဆောင်ရွက်ပေးမယ်လို့ အင်းစိန် မြောက် ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက အလုပ်သမားတွေကို အသိပေးပြောကြား ခဲပါတယ်။ 


ခုံသမာဓိအဖွဲ့နဲ့ ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားတွေ အနိုင်ရခဲ့ပေမယ့် စာချုပ်ပါ အချက်တွေ ကို အခုချိန်ထိ ခံစားခွင့် ၊ အလုပ်ပြန်ဝင်ခွင့် မရသေးပါဘူး။ တော်ဝင်အလုပ်သမားပြဿနာဟာ ပြီးခဲ့ တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့တည်းက စတင်ဖြစ်ပေါ်ခဲ့တာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved