လက်ပံတောင်းအရေး ဒေါ်စု ပြောဆိုချက်တချို့ သတင်းစာ ဖော်ပြ

Saturday, December 1, 2012

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံ ပိုင် မြန်မာအလင်း သတင်းစာမှာ ဖော်ပြတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ် အတွင်း က ပြောကြားခဲ့မှု တချို့လည်း ပါဝင်တာတွေ့ရပါတယ်။ 


 ယမန်နေ့က မုံရွာတွင် သတင်းမီဒီယာသမားများနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- မန်းသားလေး /ဧရာဝတီ





ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အစိုးရက သံဃာတော်များ ကို တောင်းပန်းရမယ်၊ မလိုအပ်ဘဲ အကြမ်းဖက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သူတွေ့ပြီးမေးမယ်လို့ ပြောတဲ့ စတဲ့ စကားတွေတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။




ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေကို ဖြိုခွဲမှု၊ ဒဏ်ရာရ သူများကို ဆေးကုသပေးနေတဲ့ ဆရာဝန်တွေနဲ့လည်း တွေ့ဆုံ မေး
မြန်း ထားတာတွေလည်း ဖော်ပြထားပါတယ်။ ဒီအပြင် ရဲတာဝန်ရှိသူနဲ့လည်း မေးမြန်းထားပါတယ်။ သူတို့ ဘယ်လို ဖြေဆိုထားကြတယ်ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ မြန်မာ့ရပ်မြင်သံကြားက တင်ဆက် ထားမှု ကို ကြည့်ရှု့နားဆင်နိုင်ပါတယ်။






4 comments :

  1. Anonymous said... :

    FNG freedom news group ဆိုတာဆူပူအောင်,အရေးအခင်းဖြစ်ပြိံး စစ်တပ်က ပြန်အာဏသိမ်းတဲ့တဲ့ လမ်းကြောင်းရောက်အောင်တွန်းပို့နေတဲ့ website လို့သိရပါတယ်။ဟုတ်မဟုတ်စုံစမ်းကြပါ

  1. Anonymous said... :

    ပြည်သူနဲ့ သံဃာကို ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရအောင်လုပ်ခဲ့တာကိုတော့ ထည့်မပြောသွားဘူး။ လူစုခွဲစေချင်ရင် လင်းလင်းရှင်းရှင်း ရှိတဲ့အချိန်လုပ်ရမှာလေ။ အခုဟာက ညှင်းပမ်းနှိပ်စက်ပြီး၊ ဘယ်ကိုမှ ထွက်မပြေးနိုင်အောင် အလစ်အငိုက် ရန်သူ့စခန်းဖြိုခွင်းသလို လုပ်ချင်လို့ ကောက်ကျစ်ရက်စက်စွာနဲ့ မနက်၃နာရီလောက်ကြီး မီးလောင်တိုက်သွင်းခဲ့တာ။

  1. Anonymous said... :

    ရဲဗိုက်ပူက လိမ်တာတောင် အထစ် အထစ်နဲ့ လိမ်နေရတယ်။ ဖြောင့်ဖြောင့်တန်းတန်းတောင် မလိမ်နိုင်ဘူး။

  1. MRTV က ခုထိမပြောင်းလဲသေးဘူးနော် ..လွန်ခဲ့တဲ့ နှစ်(၂၀)တုန်းကအတိုင်းဘဲ..သောက်ရှက်လည်းတစက်မှမရှိဘူး ..ရဲမှုးဆိုတဲ့လူကလည်း..စာရွက်ထောင်ပြပြီးဖတ်ခိုင်းတာတောင် အထစ်ထစ်အငေါ့အငေါ့နဲ့...ဆရာဝန်ကြီးတွေလည်း သနားပါတယ်..အရှိကိုအရှိအတိုင်းမပြောရဲကြရှာဘူး.. စိတ်လေတယ်မြန်မာပြည်ရယ်......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved