ဓမ္မ၏ ဆန်းကြယ်မှု

Monday, December 17, 2012

ဗုဒ္ဓဘာသာတွင် မဂ်၊ ဖိုလ် ရသော သူများနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ 
ဓာတ်ပုံ-  www.shutterstock.com
 
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မြန်မာ့ အလင်း သတင်းစာမှာ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်ငူခရိုင် ထန်းထပင်က သိမ်းကျောင်းဆရာတော်ဘုရားကြီးနဲ့ပတ်သက်လို့ သတင်းတပုဒ် ဖော်ပြထားပါတယ်။ 

သက်တော် ၉၅ နှစ်ရှိ ဆရာတော် ဦးအာဒိစ္စ၀ံသ သည် နိုဝင်ဘာလ ၃၀ ရက်နေ့က ပျံလွန်တော်မူခဲ့ပြီး ရုပ် ကလပ်တော်ကို သတင်းသုံးခဲ့ရာ သိမ်ကျောင်းတော်မှာဘဲ ထားခဲ့ပါတယ်။ 

၁၅ ရက်ကျော် ကြာလာတဲ့ အခါ ရုပ်ကလပ်တော်ဟာ ပုပ်သိုးခြင်း မရှိတဲ့အပြင် ကျောက်ဖြစ်လာသကဲ့သို့ မာကျောလာခြင်း ရုပ်ပြောင်းလက္ခဏာဖြစ်ပေါ်လာတယ်လို့ ထိတွေ့ခံစားရသူတွေကို ကိုးကားပြီး သတင်းစာ မှာ ဖော်ပြထားပါတယ်။ 

မည်သို့ပင်ဆိုစေ ဓမ္မ၏ စွမ်းပကား ဆန်းကြယ်မှုများသည် လောကတွင် အထင်အရှား ဖြစ်တတ်၊ ရှိတတ် ကြပါတယ်။ 

ဒါကြောင့် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved