အမျိုးသမီးများအရေး စာရေး ဆရာမ ၂ ဦး တောင်ကြီးမှာ ဆွေးနွေး

Friday, December 14, 2012


~ ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

အမျိုးသမီး စာရေးဆရာမ ၂ ဦး တောင်ကြီးမြို့သို့ ရောက်လာပြီး အမျိုးသမီးရေးရာများကို ဆွေးနွေးခဲ့ကြ သည်။ 

ဒီဇင်ဘာ ၆ရက်နေ့က ဒေသခံအမျိုးသမီးများနှင့် တောင်ကြီးမြို့ ၊ ရှမ်းစာပေယဉ်ကျေးမှု အသင်း ခန်းမ တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 



စာရေးဆရာမ မသီတာက ကမ္ဘာပေါ်တွင် အမျိုးသမီးများ နှင့် ပတ်သတ်ပြီး အကာအကွယ်ပေးပုံ၊ ဥပဒေ အတိုင်းအတာများ ထားရှိထားပုံ၊ လိင်ကျွန်ပြုခံရဖို့ အမျိုးသမီးများ ရောင်းစားခံနေရပုံ ၊အမျိုးသားနှင့် အမျိုး သမီးများ ခွဲခြားဆက်ဆံခြင်းခံရမှု ၊ အကြမ်းဖက်ခံရမှု ၊ ကမ္ဘာ့ အမျိုးသမီး အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ ဖဲကြိုးဖြူနေ့ ပေါ်ပေါက်လာပုံတို့ကို ဆွေးနွေးပြီး စိတ်ဝင်စားစွာတက်ရောက်လာသည့် အမျိုးသမီးများ ၊အမျိုးသားများ မေးမြန်းမှုကို ဆွေးနွေးသည်။ 





စာရေးဆရာမ မခင်သန္တာ က အမျိုးသမီးခွဲခြားဆက်ဆံခံရမှုနှင့် ယင်း၏လူနေမှုဘ၀ အခြေအနေတို့ ကို ဒေသခံများအား ပြောဆိုဆွေးနွေးခဲ့သည်။ 



ဒီဇင်ဘာလ  ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖဲကြိုးဖြူနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်၏ ပထမဦးဆုံး သမ္မတကြီး စ၀်ရွှေသိုက်၏ သမီး ဒေါ်ဟေမာသိုက်၊ ဗဟုဖွံ့ဖြိုးရေး အဖွဲ့မှ ကိုအောင်သူငြိမ်း၊ ရှမ်းပြည် မျိုးဆက်အင်အားစုအဖွဲ့မှ မသန္တာ တို့က အမျိုးသမီး အခန်းကဏ္ဍ၊ ဖဲကြိုးဖြူုနေ့ ဖြစ်ပေါ်လာပုံ သမိုင်း၊ တို့ကို ပြောဆိုဆွေးနွေးခဲ့ကြောင်း ပွဲစီစဉ်သူ ရှမ်းပြည် မျိုးဆက်အင်အားစုမှ မသန္တာ က ပြော သည်။  










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved