သော့

Wednesday, December 26, 2012



  ရွက်စိမ်း~

သော့ပျက်ပြီ၊ သော့ပျောက်ပြီ ဆိုရင် တစ်ခုပဲလုပ်စရာရှိပါတယ်။ သော့ပြင် ဆရာကို ရှာရတာပါ။ အိမ် သော့၊ ကားသော့၊ ရုံးသော့၊ ဘီရိုသော့တွေလား…အားလုံးကို ဖွင့်ပေးနိုင်တဲ့ သော့ ဆရာတွေပါပဲ။ 

ရန်ကုန်မြို့တိုက် ခန်းတွေမှာနေပြီဆိုရင် ကိုယ့်အိမ်သားတွေနဲ့ အတူသုံးလို့ရမဲ့သော့ကို ဒီဆရာတွေဆီမှာပဲ ပွားရပါတယ်။ ရန် ကုန်တိုက်ခန်းတစ်ချို့ကို သူငယ်ချင်းတွေစုပြီးဌားနေကြတယ်ဆိုရင်လည်း ဒီအတိုင်းပဲ 
သော့ ဆရာတွေ ဆီမှာ သော့အပိုကို ပွားရတာပေါ့။ 

အထပ်မြင့်တိုက်ခန်းတွေမှာနေကြသူတွေအကုန်လုံးအတွက်မြေညီထပ်က ၀င်ပေါက်တံခါး အတွက်သော့ ကိုလည်း ဒီသော့ဆရာတွေဆီမှာ ပွားယူကြရတာပါ။ 

အသက် ၁၂ နှစ်အရွယ်ကတည်းက သော့ပြင်တဲ့အလုပ်ကိုလုပ်ခဲ့တဲ့သော့ဆရာလေး အလီက သူ့ လုပ်ငန်း အတွေ့အကြုံကိုအခုလို ပြောပါတယ်။ “ကျွန်တော် ၁၆ နှစ်လောက်က Custom ရုံးက၀န်ထမ်း တစ်ဦး က လာခေါ်လို့သော့တစ်ခုလိုက်ဖျက်ပေးဖူးတယ်၊ တစ်လလောက်နေတော့အမှုဖြစ်တယ်။ 

သူကသူ့ ဆရာ ရဲ့သေတ္တာကိုခိုးဖွင့်တာကိုး၊ သော့ကိုလည်းပုံတူပွားထားပြီးတော့ လိုတဲ့အချိန်မှာဖွင့်နေတာ အဲဒါ လူကြီးက သိပြီးရဲလက်အပ်လိုက်တော့ ထောင်(၃)နှစ်ကျသွားတယ်။ကံကောင်းတယ် လူကြီးက သဘော ကောင်းတော့ အမှုထဲကျွန်တော်ပါမသွားခဲ့ဘူး။ 

ဒီအလုပ်ကိုလုပ်လာတာကြာပြီးဆိုတော့ အခုတော့ အကြံအဖန် လား ဘာလား ကြည့်တာ နဲ့သိနေပါပြီ။” ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှာနေထိုင်ပြီး ပန်းဆိုးတန်း စာပေဗိမာန် စာအုပ်ဆိုင် အနီးက လမ်းဘေး ပလက်ဖောင်းပေါ်မှာ သော့ပြင်တဲ့အလုပ်နဲ့  အသက်မွေးနေခဲ့တဲ့အလီဟာ အခု တော့ အသက်က (၃၆)နှစ် ရှိပါပြီ။

 ရုံးကလူကြီးက သော့ဘယ်နားထားမိမှန်းမသိဘူး လာပါဦးသော့ဆရာ။အိမ်ကသော့ လမ်းမှာကျ ပျောက် သွား ရင်လည်း လာပါဦးသော့ဆရာ။ ကားသော့ပျက်ပြီ ပျောက်ပြီ ဆိုလည်းလာ ပါဦးသော့ ဆရာ။ ဒီလို သော့နဲ့ပတ်သက်လို့ အရေးပေါ်လာပြီးဆိုတိုင်း သော့ဆရာတွေဆီပြေးနေရလို့ သော့ဆရာတွေ အားလုံး ၀င်ငွေ ကောင်းနေပြီလို့တော့မထင်လိုက်နဲ့။ သော့တစ်ချောင်း အတုလုပ်မယ် ၊သော့ ပုံတူပွားမယ် ဆို တစ်ချောင်း ၅၀၀ ကျပ်၊ ကားသော့ ၁၅၀၀ကျပ်၊ သော့ပျက်လို့ အိမ်တိုင်းရာရောက်လိုက်ဖွင့်ပေးရရင် ၅၀၀၀၊ ၁၀၀၀၀ကျပ် ဈေးနူန်း ရှိပါတယ်။ 

ဒါပေမယ့် အခုနောက်ပိုင်း ကားသော့တွေကို ပွားဖို့ ၊ဆင်ဆာခလုပ်နဲ့ဖွင့်ရတဲ့ကားသော့တွေကို သော့ ဆရာတိုင်း ပြုပြင်ဖို့မလုပ်နိုင်ပါဘူး။ အခု နောက်ပိုင်းမော်ဒယ်မြင့် ၀င်လာတဲ့ကားတွေ ကိုဖွင့်ဖို့အတွက်   
သော့ ပုံ တူပွား စက်က ၁၂၀၀၀၀ လောက်ရှိနေ တော့ လမ်းဘေးသော့ပြင် ဆရာတစ်ချို့ အလုပ်လုပ် ဖို့အခက်တွေ့ပါတယ်။ 

အဲဒီ အထဲမှာသော့ဆရာအလီလည်းပါပါတယ်။ “ကျွန်တော် တို့မလုပ်နိုင်တဲ့သော့အမျိုးအစားတွေကို လုပ်နိုင်တဲ့ ဆိုင်ကြီးတွေကိုလွှတ်လိုက်ရတာပေါ့။ နောက်ကိုယ့်ဆီလာတဲ့ ဂတက် က မလာတော့ဘူး၊ ဆိုင်ကြီးတွေဆီမှာပဲလုပ်ကြတော့တယ်။

 သော့ပြင်တဲ့ အလုပ်ကိုလုပ်ပြီးကြီးပွားသွားတဲ့ဆိုင်တွေရှိတယ်။ ၃၇ လမ်းထိပ်က သော့ကမ္ဘာ ကတော့ နာမည်ကြီးပဲ။ သူတို့ ကလုပ်လာတာ လည်းကြာပြီလေ။ တစ်နေ့တစ်နေ့ဝင်ငွေက သိန်းနဲ့ချီပြီရှိတာ”လို့  အလီကပြောပါတယ်။ 

အလီတို့လို လမ်းဘေးသော့ဆရာလေးတွေရဲ့ဝင်ငွေကတော့ပုံမှန်ရယ်လို့မရှိပါဘူး၊တစ်နေ့ တစ်သာင်း  
နှစ်သောင်းရတဲ့ နေ့တွေရှိသလို၎၊ ၅ထောင်နဲ့ ကျေနပ်ရတဲ့ နေ့တွေလည်းရှိပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် လူတွေက သော့တွေနဲ့အလုပ်လုပ်နေရသမျှတော့ သော့ဆရာတွေကလည်းရှိနေဦးမှာတော့သေချာပါတယ်”လို့  အလီ ကပြောပါတယ်။




1 comments :

  1. dadaoo said... :

    ကျွန်တော့ဆရာ ဆြာပျိုက သော့ခဏခဏပျောက်တဲ့ ကျွန်တော်တို့အဘိုးကြီးတသိုက်ကို ( သော့ပျောက်တဲ့ သောက်ပျော့ တွေ) တဲ့ဗျာ ။ ဟုတ်ပဗျာ ။အသက်ကြီးတော့ သတိမေ့ တာတင် ဘယ်ကတော့မလဲ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved