အမေရိကား က မြန်မာအင်ဂျင်နီယာတွေအတွက် အလုပ်ခေါ်

Saturday, December 1, 2012




မေစစ်ပိုင် ~ 

အမေရိကနိုင်ငံမှာ ရှိတဲ့ Society of North America Employment မှ မြန်မာနိုင်ငံ အပါအဝင် အရှေ့ 
တောင်အာရှနဲ့ အနောက်ဥရောပနိုင်ငံတွေက လုပ်သက် ၅ နှစ်အထက်ရှိတဲ့ အင်ဂျင်နီယာတွေကို ယခု အပတ်အတွင်းမှာ အလုပ် ခေါ်ယူထားပါတယ်။ 

သူတို့ရဲ့ ဝက်ဆိုက်မှာတော့ အလုပ်လျှောက်ထားမယ့် အင်ဂျင်နီယာတွေက ဘွဲ့ရ၊ လုပ်သက် ၃ နှစ်မှ ၅ နှစ် အထက်ရှိရမယ်လို့ သိရပါတယ်။ 

ခေါ်ယူမယ့် အရေအတွက်ကတော့ ဦးရေ ၁ သောင်းဖြစ်ပြီး လစာ သတ်မှတ်ချက်ကတော့ အမေရိကန် ဒေါ် လာ ၅၀၀၀ မှ ၉၀၀၀ ဖြစ်ပြီး အချိန်ပိုကြေးနဲ့ နေထိုင် စားသောက်မှု အတွက်လည်း စီစဉ်ပေးမယ်လို့ဆိုထား ပါတယ်။ 

အဆိုပါ အလုပ်ခေါ်ယူမှုမှာ အဓိက ခေါ်ယူတဲ့ ကုမ္ပဏီကတော့ SONAWEVAS ဖြစ်ပြီး  အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကိုလံဘတ်လမ်းမှာတည်ရှိပြီး အဆောက် အအုံတည်ဆောက်ရေးလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကို အဓိက လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

 အလုပ်လျှောက်ထားချင်သူတွေကတော့ admin@sonawevas.org ကိုဆက်သွယ်ရမှာပါ။

12 comments :

  1. Unknown said... :

    အခုလို အမေရိက ကအလုပ်ခေါ်ဆိုတာ သိရလို့ကျေးဇူးအထူးတင်ပါတယ်။

  1. Unknown said... :

    အထူးကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့ နီးစပ်ရာတွေကိုလည်းပြောပြထားပါတယ်။အသက်ကန့် သန့် ချက်အသေးစိတ်သိလိုကြပါတယ်။

  1. Anonymous said... :

    admin@sonawevas.org not correct!!

    Please give correct address.

  1. Thant Sin said... :

    အဲဒီ company ကတကယ်အစစ်ဟုတ်မဟုတ်သိချင်ပါသည်။ လျှောက်ကြည့်တာ ခန့်ပြီး immigration lawyer တစ်ယောက်နဲ့ဆက်သွယ်ခိုင်းသဖြင့် ဆက်သွယ်လိုက်ရာမှ ပိုက်ဆံတောင်းနေသောကြောင့်ဖြစ်ပါသည်။ သိတဲ့သူများ share ပေးကြပါခင်ဗျာ။

  1. Anonymous said... :

    company အမှန်ဟုတ်မဟုတ်သိလိုပါသည်။

  1. Anonymous said... :

    ဟုတ်တယ်။ အလုပ်ခန့်စာတောင် ပို့ပေးပြီ ရှေ့နေတစ်ယောက်နဲ့ ချိတ်ခိုင်းပြီး ငွေ တောင်းနေတယ်။ သိရင်ပြောပေးကြပါအုံး။
    mr.revenge11@gmail.com ကို သိရင် မေးလ်ပို့ပြီပြောပေးကြပါအုံး။
    ကျေးဇူးအထူးတင် ပါတယ်။

  1. Anonymous said... :

    ကျွန်တော့ကိုလည်းအလုပ်ခန့်စာပို့ပေးပြီးတော့ ရှေ့နေနဲ့ချွိတ်ခိုင်းပြီးတော့ငွေတောင်းနေတယ်။သိရင် star.alinyoung@gmail.com ကိုမေးပို့ပြီးကူညီကြပါဦးဗျာ။

  1. hein said... :

    Scam လို့ထင်ပါတယ် ကျနော်လဲ အလုပ်ခန့်စာ ရပါတယ် လစာကအများကြီး Googling လုပ်ကြည့်တော့ scam ဟု သတ်မှတ်ထားသော ဖိုရမ် နှစ်ခုတွေ့ပါသည်

  1. hein said... :

    http://www.nairaland.com/1124843/beware-sonawevas-recruitmentits-scam

  1. Anonymous said... :

    sonawevas.org ကိုဝင်ကြည့်ပြီးပါပြီ။ လိမ်ထား
    တာဖြစ်ဖို့များပါတယ်။ Internet မှာ ဒါမျိုးလိမ်စားတာ အများကြီးပါ။ ယုံကြည်ဖို့ အတော်ခက်ပါတယ်။

  1. Anonymous said... :

    သိပ်မကြာလှတဲ. လအနည်းငယ်လောက်အတွင်းက facebook စာမျက်နှာထက်မှာ အမေ့ရိကားက ကုမ္ပဏီတစ်ခုက မြန်မာနဲ. အရှေ.အာရှမှာရှိတဲ. လုပ်သက် ၅ှနှစ်နဲ.အထက်ရှိတဲ. အင်ဂျင်နီယာတွေကို အလုပ်ခေါ်တယ်ဆိုတဲ. ပိုစ်လေးတစ်ခုကို ဖတ်လိုက်ရတော. စိတ်ထဲတော်တော်ပျော်သွားတယ်။ နောက်တော. သေချာဖတ်ကြည်.တော. ဖြစ်နိင်ပါ.မလား ဇဝေဇဝါဖြစ်သွားတယ်။ သူက တစ်လကို ဒေါ်လာ (5000-9000)ထိပေးမယ် နေဖို.စားဖို.စီစဉ်ပေးမယ်ဆိုတော. ဟုတ်ရဲ.လားဆိုပြီးဖြစ်သွားတယ်။ မေ.မေ. ပျောက်ပျောက်ပါဘဲ ဖြစ်နေချိန်မှာ အသိသူငယ်ချင်းတစ်ချို.ကမေးတော. အဲဒါလျှောက်ချင်ပါတယ် အကူညီတောင်းတော. ကျွှန်မလည်း အွန်လိုင်းကနေ ရှာတော. အဲဒီကုမ္ပဏီက SCAMဖြစ်နေတယ်။ တစ်ချို. Website တွေရဲ. Comment တွေကို လိုက်ဖက်ကြည်.တော. သူတို.တွေကို အလုပ်ခန်.စာတွေပို.ပြီး ရှေ.နေတွေနဲ. ဆက်သွယ်ခိုင်းတယ်တဲ.။ ကျွှန်မကိုယ်တိုင်က ဒီကို ကျောင်းvisa နဲ.လာတာမဟုတ်သလို. အလုပ်visaနဲ.လာတာမဟုတ်တော. သေချာမသိပေမယ်. ဒီကသဘောတရားက အလုပ်တစ်ခုလုပ်ဖို. ခေါ်သည်ဖြစ်စေ ကျောင်းလာတက်သည်ဖြစ်စေ သူတို. က F1ဗီဇာကိုလျှောက်ပေးပြီး ဘယ်ကရှေ.နေနဲ.မှ ညှီနိုင်းစရာမလိုဘူးလို.ထင်ပါတယ်။ ဗီဇာမဝင်ခင်ချိန်ထိလည်း ဘာပိုက်ဆံမှမပေးစရာမလိုဘူးလေ။ပြီးတော.ပြန်စဉ်းစားကြည်.တော. တစ်လကို ပေးတဲ.လစာက ဒီက သူပေးတဲ.လစာက ဒီက chief engineer တစ်ယောက်ရတဲ.လစာထက်တောင် များနေသေးတယ်။ ဖြစ်နိုင်ပါ.မလားနော်။ chief engineer တစ်ယောက်ဖြစ်ဖို.အတွက် လိုအပ်ချက်တွေက အနဲဆုံး လုပ်သက် ၉နှစ် ပြီးတော. Masterဘွဲ.တစ်ခုရထားရမှာဖြစ်သလို Professional Engineer, Professional Surveyor , Profession Structural လိုင်စင်တစ်ခုကို အနည်းဆုံးရထားရမှာဖြစ်ပါတယ်။ အဲဒီလိုင်စင်ရဖို.အတွက် ပထမအဆင်.အနေနဲ. fundenmental စာမေးပွဲကို ဖြေပြီး အောင်မှသာ engineer in training (EIT)နဲ. ကိုယ်နဲ.ပတ်သက်တဲ.လုပ်ငန်းခွင်မှာ professionally ငါးနှစ်လုပ်ပြီးမှသာ Professional examကို ထပ်ဖြေပြီး လိုင်စင်ယူရမှာဖြစ်ပါတယ်။ ဒါတောင်မှ ရတဲ. လစာက သူတို.ပေးတဲ. လစာထက် နည်းပါသေးတယ်။ ပြီးတော.နေစရိတ် စားစရိတ်လည်းမရပါဘူး။ဒါက ကျွှန်မ ကျင်လည်နေတဲ. ပတ်ဝန်းကျင်မှာကြုံတွေ.နေရတဲ. အတွေ.ကြုံနဲ.ယှဉ်ပြီးရေးတာပါနော်။ အပြင်အလုပ်တွေကို ကြည်.တော.လည်း အနည်းဆုံးတော. သူတို.က (EIT) လက်မှတ်တောင်းကြပါတယ်။ ကျွှန်မဒီကိုရောက်ကတည်းက အခုလက်ရှိလုပ်နေတဲ. အစိုးရ အလုပ်ရယ် အခုလုပ်နေတဲ. အလုပ်နေနဲ.ဆက်ပြီးနွယ်နေတဲ. Federal Government agencyနဲ.ကလွဲလို. Private Industrial မှာမလုပ်ဘူးတော. သိပ်မသိပါဘူး။ အမှားပါကောင်းပါလိမ်.မယ်နော်။ ဒါပေမယ်. သတိထားဖို.တော.ပြောချင်တယ်။ အမေရိကားကိုလာပြီး အလုပ်လုပ်ဖို.ဆိုတာက အဲလောက်မှ မလွယ်တာနော်။ ဘာဘဲဖြစ်ဖြစ် ရှေ.ဆက်မလုပ်ခင်မှာ google ကနေ review တွေ ကွန်မန်.တွေဖက်ပြီး တော. မှ သာ ရှေဆက်လုပ်ဖို.စဉ်းစားစေချင်ပါတ.ယ်။ဘာဖြစ်လို.လဲဆိုတော. လွန်ခဲ.သော နှစ်အနည်းငယ်လောက်တုန်းက ကျွှန်မတို.ဆီကို အီးမေးလ်တွေလာဖူးတယ်။ သင်အမေရိကန်မှာအခြေချနေထိုင်ခွင်.ဗီဇာရတယ် (Green card)၇တယ်ဆိုပြီးတော.လေ။ ကျွှန်မလည်း ၇ဘူးပါတယ်။ ကိုယ်တိုင်ဒီကို Green card lottery (DV)ပေါက်ပြီးရောက်ခဲ.တဲ. လူမဟုတ်ရင်ယုံမိမှာဘဲ။ သူကလည်း ထင်ယောင်ထင်မှားလေးလုပ်ထားတယ်။ webpage ကစလို.ပေါ.။ သေချာ ပြန်စဉ်းစားကြည်.ရင် အဓီပ္ပါယ်မရှိတာတွေ.ရပါလိမ်.မယ်။ ဘာဖြစ်လို.လဲဆိုတော. လာရမယ်.နိုင်ငံက United State ပိုက်ဆံလွဲပေးရမယ်.နိုင်ငံက United Kingdom ဘာဆိုဘာမှမဆိုင်တဲ.နိုင်ငံနှစ်ခု။နိုင်ငံတော်တော်များများက Government agency တွေရဲ. Web address တွေက( .gov,or .gov.us)တို.နဲ.သာဆုံးပြီး (.com, .org,.net)တို.နဲ.ဆုံးတာရှားပါတယ်။ ကျွှန်မကိုယ်တိုင်လည်း ဒီကိုရောက်ပြီး (green card )ရပြီးသည်.တိုင် အဲဒီမေးလ်တွေရတုန်းပါဘဲ။အခုတော. အဲဒီမေးတွေမတွေ.ရပြန်တော.ဘူး။ အဲဒီတော.လေ ဘာဘဲဖြစ်ဖြစ်သတိထားပြီးတော.မှ လုပ်ကြပါလို.ဘဲပြောချင်ပါတယ်နော်။

  1. Anonymous said... :


    It is hard to create ten thousand engineer jobs in USA at this moment. It is not a joke to create ten thousand jobs.
    As all know about the USA economic hardships and creation of jobes are one of the measure of growth but I doubt about this advertisement.

    USA is a country with many laws and immigration law requirement may not recommand to issue work visa.

    There may be jobless engineers in USA and not need to recruit from overseas. It may be against the law to appoint such engineers from overseas.
    May be the agency is making money out of processing fees and other so called expenses.

    Be cafreful that there are many cheating cases in Burma and cheated by international rings including Burmans.

    Just ask the advertiser about the work visa and the total cost of processing fees.

    Just donate your money to monks or poor children instead of applying job with greed. Beware that greedy people are attracted by too good beneifts.

    Job Watcher

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved