NLD ပါတီက သတင်းစာ ထုတ်တော့မယ်

Monday, December 31, 2012

 ဓာတ်ပုံ- ဧရာဝတီ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် လာမည့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင် ပြောင်းလဲ ထုတ်ဝေသွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောဆိုလိုက်ပါတယ်။ 

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့က တာမွေမြို့နယ်တွင် ကျင်းပ တဲ့ ဒီလှိုင်းဂျာနယ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေ မယ် လို့ ပြောဆိုလိုက်ပြီး ယင်းညွှန်ကြားချက်အတိုင်း သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေရန် ယနေ့ လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

“ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပဲ သတင်းစာအဖြစ် အသွင်ပြောင်းဖို့ပြောတယ်။ ကျနော်တို့ ဒီကနေ့ သတင်းစာပြောင်းထုတ်ဖို့စလုပ်နေပါပြီ။ အစိုးရ ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီလမှာ ကျနော်တို့ သတင်းစာထုတ်ဝေခွင့် လျှောက်လွှာတင်မယ်။ ဧပြီလမှာ စပြီးထုတ်နိုင်အောင်လုပ်နေပြီ” ဟု ဦးအုန်းကြိုင်က ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ သာလွန်ဇောင်းထက် ရေးသား တင်ပြထားတဲ့ NLD သတင်းစာ ထုတ်မည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ 

1 comments :

  1. mg said... :

    ဘဘဦးဝင်းတင် နောက် ၅ နှစ်လောက် အသက်ရှည်စေချင်သေးတယ်။ဘဘတတ်ထားတဲ့သတင်းစာ ပညာတွေကို နောင်လာနောက်သားတွေအတွက် အမွေပေးထားနိုင် အောင်လို့ပါ။ အခုအချိန်မှာ ဆရာကြီးလူထု ဦးစိန်ဝင်းတို့၊ ဆရာကြီး ဦးတင်မိုးတို့ ရှိနေစေချင်လိုက်တာ။ ထို့အတူပဲ အန်တီဒေါ်မာမာအေးတို့၊ ဆရာကြီးမောင်စွမ်းရည်တို့ကိုလည်း ပြည်တွင်းမှာပဲ ရှိနေစေချင်တယ်။ တိုင်းပြည်ပြန်လည်ထူထောင်နေတဲ့ အခုလိုအချိန်အခါ မှာ အနီးကပ်ပါဝင်ကူညီစေချင်ပါတယ်။ ဆရာကြီး ဒါရိုက်တာ ဦးဝင်းဖေ ပြည်တွင်းပြန်လာလို့ အရမ်းအားရှိပါတယ်။ ကျေးဇူးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved