လက်သံပြောင်တဲ့ မန္တလေးကျောင်းအုပ်

Thursday, May 17, 2012 2 comments


~


မန်းသားလေး



photo by Justice Assessor

မန္တလေးပညာရေးကောလိပ် ဒုတိယကျောင်းအုပ်က နေ့စောင့်လုံခြုံရေးဝန်ထမ်း ကိုမြင့်လွင် ဆိုသူကို ကုလားထိုင်နဲ့ သုံးချက်ရိုက်လိုက်ပါတယ်။

လုံခြုံရေးဝန်ထမ်း လက်တဘက် ကျိုးသွားပြီး မျက်ခုံး ငါးချက်ချုပ်ရတဲ့အထိ ဒဏ်ရာ ရသွားပါတယ်။

ကျောင်းအုပ်က ဘာကြောင့် ဒီလိုရိုက်ရတာလဲ။

တာဝန်ထမ်းဆောင်ချိန်မှာ ကွမ်းယာဝယ်ဖို့ အပြင် ခဏထွက်သွားတာကို သည်းမခံနိုင်ဘဲ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ကိုမြင့်လွင်က ပြောပါတယ်။

ဒီကိစ္စကို မကျေနပ်တဲ့ လုံခြုံရေးဝန်ထမ်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ် တဲ့။

ဒုတိယကျောင်းအုပ်ကြီး ဘယ်လို အရေးယူခံရသလဲ မသိပါဘူး၊ လုံခြုံရေးဝန်ထမ်းကတော့ မြစ်ကြီးနားကို ပြောင်းရွှေ့ တာဝန်ပေးခံလိုက်ရပြီလို့ သိရပါတယ်။

~

မိန်းကလေး အစစ်လေလား

0 comments


တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။

ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။

ဟောင်ကောင်မှာ ကျင်းပတဲ့ Hong Kong's "Robots in Motion 2012" Expo မှာ ပြသမိတ်ဆက်ထား တာလည်း ဖြစ်ပါတယ်။ ဂျပန်သီချင်းလည်း သူက ဆိုပြပြီး ပရိတ်သတ်ကိုလည်း ပြုံးရွှင်ဖော်ရွေစွာနဲ့ နှုတ်ဆက်ပါ တယ်တဲ့။

သူ့အသားအရေကတော့ အလွန်နူးညံ့တဲ့ ရော်ဘာနဲ့ လုပ်ထားတာဖြစ်ပြီး စက်ယန္တရားနဲ့ သူ့ကို တီထွင်ခံထားရပေ မယ့် သူ့ ရည်မှန်းချက်ကို သူက ပြောတာကတော့ သိပ်ထူးဆန်းပါတယ်။




သူဟာ တကယ့် လူအစစ်တွေလို့ ထင်အောင် အထိ စက်ရုပ်တွေကို ဖန်တီးဖို့ ရည်မှန်းထားပါတယ်တဲ့။

သူ့ကို Osaka University ဆိုတဲ့ တက္ကသိုလ်ကြီးက စက်ရုပ် ဖန်တီးသူ Hiroshi Ishiguro ထုပ်လုပ်ခဲ့တာပါ။သူ့ရဲ့ တန်ဘိုးကတော့ အမေရိကန် ဒေါ်လာ ၁ သိန်း ၁ သောင်း ပဲ ရှိတာကြောင့်
ဈေးလည်း ချိုပါတယ်တဲ့။

သူ့ကို ဖန်တီးခဲ့တဲ့ ပရော်ဖက်ဆာ Prof Ishiguro ကတော့ တနေ့နေ့ တချိန်ချိန်မှာ လူတွေက စက်ရုပ်တွေကို တကယ့် လူအစစ်တွေလို့ ယုံကြည်လာစေရမယ်လို့ ဆိုထားပါတယ်။

သူကတော့ စက်ရုပ်ကို လူအဖြစ် ထင်မှတ်မှားလာအောင် ဖန်တီးတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူစင်စစ်တွေ ကို စက်ရုပ်တွေအဖြစ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောတဲ့ စက်ရုပ်တွေ မြန်မာ့ လူ့ အဖွဲ့အစည်းထဲက အစိုးရ ၀န်ထမ်းတွေထဲမှာ တွေ့နိုင်ပါတယ်။












ရေခဲစိမ်ကျား ဘန်ကောက်မှာ ဖမ်းမိ

4 comments

~


Photo: The Nation - www.nationmultimedia.com

မနေ့က ဘန်ကောက်မြို့ဆင်ခြေဖုံးကအိမ်တလုံးကို ၀င်စီးရာမှာ ရေခဲစိမ်ထားတဲ့ ကျား ၃ ကောင်၊ သစ်နက် ၁ ကောင်၊ တောကြောင် ၁ ကောင် တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့တယ်လို့ အာဏာပိုင်များက ပြောဆိုကြောင်း အခုလေးတင် တက်လာတဲ့ The Nation အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းတယောက် ဗီယက်နမ်တယောက်ကို ထိန်းသိမ်းလိုက်တယ် လို့ ရဲအဖွဲ့က ဆိုပါတယ်။

"ကနဦး စစ်ကြောချက်တွေအရ ဒီတိရစ္ဆာန်တွေကို လာအိုမှာ ရှိတဲ့ ဗီယက်နမ်တယောက်ဆီကို ပို့ဖို့ စီစဉ်ထားတယ်၊ ဒါတွေ နောက်ဆုံး ရောက်မယ့် နေရာကတော့ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတို့ပဲ ဖြစ်တယ် ဆိုတာ သိရပါတယ်" လို့ ရဲအရာရှိတဦးက ရှင်းပါတယ်။

ထိန်းသိမ်းခံထားရသူ ၂ ဦးဟာ တောရိုင်းတိရစ္ဆာန် တရားမ၀င် ပိုင်ဆိုင်မှုနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ တောရိုင်းတိရစ္ဆာန် ကုန်ကူးသူတဦးဆီကနေ ခြင်္သေ့၊ ကျား အပါအ၀င် တိရစ္ဆာန် အရှင် ကောင်ရေ ၂၀၀ ထက်မနည်း ဖမ်းမိခဲ့တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။

သက်ရှိများ နဲ့ သဘာဝ ပတ်ဝန်းကျင် အပြန် အလှန် ဆက်စပ်၊ အကျိုးပြုနေတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးသွားရင် သဘာ၀၀န်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် နိုင်ငံတကာ အစိုးရတွေက တောရိုင်းတိရစ္ဆာန်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်ထား၊ တရားမ၀င် လက်ဝယ်ထားရှိ/အရောင်းအ၀ယ်ပြုလုပ် တာတွေကို အရေးနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း
မြန်မာ့ကျား ထိန်းသိမ်းရေး အိန္ဒိယ ကူညီမည်

~

အဆိုတော် ဒေါ်မာမာအေး ပြည်တော်ပြန်နိုင်တော့မယ်

3 comments



အမေရိကန် ပြည်တောင်စုမှာ နေထိုင်နေတဲ့အနုပညာရှင် ဒေါ်မာမာအေးကိုသမ္မတရုံးက
ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားနိုင် ကြောင်း အကြောင်းပြန်ကြားစာကို ရတယ်လို့ သိရပါတယ်။

ဒေါ်မာမာအေးကလည်း မြန်မာပြည်ကို ခေတ္တ အလည်ပြန်ချင် တဲ့ အကြောင်း၊ ပြီးတော့ သူရဲ့ အနုပညာနဲ့ ပြည်သူတွေကိုလဲ ပြန်လည် ဖျော်ဖြေပေးချင်ခြင်းကြောင်း၊ အနုပညာ အသိုင်း အ၀ိုင်း ကိုလဲ ကူညီလုပ်ကိုင်ပေးခြင်တဲ့ ဆန္ဒရှိကြောင်း စတာတွေကို BBC ကိုပြောပြသွားပါတယ်။

အခုချိန်မှာတော့ ဗီဇာဘယ်နှစ်ရက် ရမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းနဲ
ဒေါ်မာမာအေးက နှလုံးခွဲစိတ် ထားတာကြောင့် ဆရာဝန်နဲ့ သုံးလ တစ်ကြိမ် ပြသနေရကြောင်းဆရာဝန်ရဲ့
ညွန်ကြားချက်ကိုလဲ ရယူမယ်ဖြစ်ကြောင်း ၊ ဒီကိစ္စကလည်း အနုပညာရှင်တယောက်ကြ
ကားဝင်ဆောင်ရွက်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ ဒေါ်မာမာအေးဟာ မြန်မာပြည်ကို ပြန်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါတဲ။

ဒေါ်မာမာအေးရဲ့ ပြောပြစရာတွေ တစ်ပုံကြီး ရှိသေးတယ်ဆိုတဲ့ အစီအစဉ်ကိုလဲ ပြည်တွင်းရောက်နေတဲ့ အချိန်မှာ ပို့နိုင် မပို့နိုင်ဆိုတာတွေကိုလဲ သေချာ မသိရသေးလို့ ဒီကိစ္စကိုလည်း စီစဉ်ရမှာ ရှိသေးကြောင်းပြောပြသွားခဲ့ပါတယ်။


ဘုရားသုံးဆူမှာ KNU ရုံးထိုင်

1 comments

ဧပြီ ၁၁ ရက်နေ့က ထိုင်းမြန်မာနယ်စပ်မှာ တွေ့ရတဲ့ KNU ဗိုလ်ချုပ် စောမူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)

KIA ဘက်မှာ တဒုန်းဒုန်း ချနေကြပေမယ့် KNU ဘက်မှာတော့ တရုံးပြီး တရုံး ဖွင့်နေပါတယ်။

KNU ရဲ့ တတိယမြောက် ဆက်ဆံရေးရုံး ဖွင့်ပြီ လို့ ဒီကနေ့ သတင်းစာမှာ ရေးသားထားပါတယ်။ ဒီရုံးကို ဘုရားသုံးဆူမှာ ဖွင့်တာပါ တဲ့။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjzeRpfocM3SK2taqsEwUwr_jxQ_Qtan-bKHNdzqw9KeE304VMJLTCgcovcX2D4H2XP8oVB0MI6x5ouseLSjl2RvolxjfRNLWjQ77IxDZg9M6qba_gXBOhJ8sp6xJtt9qdSTgjaVuByo/s1600/DSC_0075.JPG မှာ ဖတ်နိုင်ပါပြီ။

ပထမရုံး - ဧပြီ ၉ - ပဲခူးတိုင်း ကျောက်ကြီးမြို့
ဒုတိယရုံး - ဧပြီ ၁၀၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့
တတိယရုံး - မေ ၁၅၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့

ထိုင်းသတင်းလောကမှာ ကျော်ကြားနေဆဲ ဗိုလ်နှုတ်ခမ်းမွေး

2 comments


အခုတလော ထိုင်းသတင်းလောကမှာ အထင်ရှားဆုံး News Maker ကတော့ မြန်မာနိုင်ငံက ဗိုလ်နှုတ်ခမ်းမွေးပါ။

မနေ့ည ကလည်း Thai PBS ရုပ်သံမှာ မြန်မာ့အရေးကျွမ်းကျင်သူ သမာဆပ် တက္ကသိုလ်က ပညာရှင် ၂ ယောက်နဲ့ သတင်းထောက် က ဗိုလ်နှုတ်ခမ်းမွေးအကြောင်းနဲ့ မြန်မာဘက်ခြမ်းက လက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးကိစ္စတွေအကြောင်း ဆွေးနွေးပြော ဆိုသွားပါတယ်။

သူတို့ဆွေးနွေးချက်တွေက ထိုင်းနိုင်ငံ ပရိတ်သတ်တွေအကြား စိတ်ဝင်စားမှု အများကြီးရှိတယ်လို့ သိရပါတယ်။ သူတို့က DKBA ဆိုတာ နယ်စပ်မှာ ရှိတဲ့ KNU ထဲကနေ ဗုဒ္ဓဘာသာဝင်များ ခွဲထွက်လာတဲ့အကြောင်း ၊ ဒီကတဆင့် ကလို့ထူးဘော အဖွဲ့ဆိုတာ ထပ်ပြီး ကွဲထွက်လာတဲ့ အကြောင်းတွေလည်း ဆွေးနွေးပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ ဗိုလ်နှုတ်ခမ်းမွေးက အဓိက ဇာတ်ဆောင်နေရာမှာ ဖြစ်နေတာပါပဲ။

အထူးသဖြင့်ဆွေးနွေးချက်တွေထဲမှာ မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တိုင်း လိုလိုဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ တိုက်ရိုက် မလုပ်တာတောင်မှ ဂိတ်တွေကို ဖြတ်သန်းသွားတဲ့ အတွက် ဖြတ်သန်းခွန်ခ ယူပြီး ပတ်သက် နေတာတွေလည်း သူတို့က ထောက်ပြဆွေးနွေးထားတာပါ။

သူတို့က ဒု ၀န်ကြီးချုပ် ချလိန်ကို အပြစ်တင်တဲ့လေသံတွေနဲ့ ဆွေးနွေးသွားတာလည်း ဖြစ်ပါတယ်။ ဒီလို မြန်မာဘက်က လက်နက်ကို်င် အဖွဲ့တွေ အများကြီးရှိတဲ့ အထဲက အားလုံးနီးပါးက တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဖြစ်ဖြစ် မူးယစ်ဆေးလုပ်ငန်းနဲ့ ပတ်သက်တာကို သိသိကြီးနဲ့ ဗိုလ်နှုတ်ခမ်းမွေး တယောက်ထဲကို ဆွဲထုတ်ပြီး ဖမ်းဝရမ်းတွေ ထုတ်တာ မှားယွင်းတဲ့ ဗျူဟာ ဆိုပြီး ထောက်ပြဆွေးနွေးသွားပါတယ်။

ဝ တို့လို၊ ကိုးကန့်တို့လို မူးယစ်ဆေးကို ကိုယ်တိုင်ထုတ်နေတဲ့ မြန်မာဘက်က လက်နက်ကိုင် အုပ်စုတွေ အများကြီး ရှိနေတာကို ထိုင်းဘက်က သတိရှိတယ်ဆိုတာလည်း ပြောဆိုဆွေးနွေးသွားပါတယ်။

ဒီလို မူးယစ်တရားခံ တယောက်အနေနဲ့ ဖမ်းဝရမ်းတွေထုတ်၊ ဆုကြေးငွေတွေနဲ့ အလိုရှိသူတဦးအဖြစ် ကြေညာချက်တွေ ထုတ်၊ မြန်မာအစိုးရဆီကို တရားခံ လွှဲပေးဖို့ တောင်းနဲ့ ဒုဝန်ကြီးချုပ် ချလန်ရဲ့ မှားယွင်းမှုတွေကို ဆွေးနွေးပြပါတယ်။

ထိုင်းစစ်တပ်၊ ရဲတွေနဲ့ အင်အားသုံးပြီး ဗိုလ်နှုတ်ခမ်းမွေးကို မြန်မာပြည်ထဲအထိ ၀င်ဖမ်းလိုက်ရင်လည်း အိမ်နီးချင်း နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးရာ ရောက်တာကြောင့် ထိုင်း-မြန်မာဆက်ဆံရေး ပေါက်ကွဲသွားနိုင်တာကိုလည်း ထည့်ပြောပါသေးတယ်။

နယ်စပ် ကုန်သွယ်ရေးကိုလည်း ပိုပြီးထိခိုက်လာရင် မြန်မာ နဲ့ စီးပွားရေးလုပ်နေကြတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေက ဖိအားတွေ ပေးလာမှာလည်းဖြစ်သလို ထိုင်း-မြန်မာစီးပွားရေး လမ်းကြောင်းတွေ ကောင်းဖို့ လုပ်နေတဲ့ အစီအစဉ်တွေလည်း ထိခိုက် ပျက်စီးသွားနိုင်တာတွေလည်း ထောက်ပြဆွေးနွေး ကြပါတယ်။

နောက်ဆုံး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား နောက်ဆက်တွဲ ဆိုးကျိုးတွေထိ ဖြစ်လာနိုင်တာတွေကို ထောက် ပြဆွေးနွေး သွားကြပါသေးတယ်။




နယူးယောက်က မြန်မာဝတ်စုံ ဖက်ရှင်

6 comments



ဓာတ်ပုံ-Htet T San ၊ ဒီဇိုင်နာ-သဇင်ခင်

မြန်မာ အ၀တ်စားလေးတွေ နဲ့လှပနေတဲ့ အနောက်တိုင်သူလေးတွေဘဲ ဖြစ်ပါတယ်။ ဒီဇိုင်နာ သဇင်ခင်ရဲ့ လက်ရာဖက်ရှင် ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာတော့ မြန်မာ မိန်းကလေးတော်တော်များကတော့ မြန်မာ ၀တ်စုံရဲ့ လှပတင့်တယ်ကျက်သရေ ရှိတာကို တန်ဖိုး မထားတတ်တာတွေနဲ့ပတ်သက်လို့ သာဓကတခုကတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တွေ့နိုင်ပါတယ်။

ခေတ် လူငယ်တွေအနေနဲ့ ခေတ်နဲ့ အညီတော့ ၀တ်စားဆင်ယဉ်နိုင်ပါတယ်။ ဒါပေမယ့် ခေတ်ကို ကျော်လွှားတဲ့ ၀တ်စားမှု တွေကိုတော့ ရှောင်းရှားသင့်ပါတယ်။ မြန်မာတို့ရဲ့ ရိုးရာဝတ်စုံဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်မှုရှိတဲ့ ၀တ်စုံ တစ်မျိုး ဆို တာကတော့ သက်သေပြနေတာပါဘဲ။












အမှိုက်ပုံကြီးဖြစ်နေသော ရန်ကုန်

8 comments

ဘာရာဒွါဂျာ (မြန်မာပြည်)


(photo - www.magickriver.org)

"---အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့---"

ရန်ကုန်မြို့ကြီးဟာ လူနေအိမ်ခြေများစွာနဲ့ တည်ထားတဲ့မြို့ ဖြစ်တဲ့အပြင် နိုင်ငံတကာလေဆိပ်၊ ဆိပ်ကမ်းတွေ ရှိတဲ့ အတွက် အစိုးရရုံးများ အခြေစိုက်ရာ မြို့တစ်မြို့ မဟုတ်ငြားလည်း စည်ကားကြီးကျယ်သော မြို့ကြီးပါ။ လေယာဉ်လမ်းကြောင်းက ၀င်ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေ၊ သံတမန်တွေ၊ စီးပွားးရေး လုပ်ငန်းရှင်တွေ၊ အမိမြေနဲ့ ဝေးကွာနေတဲ့ အိမ်သူအိမ်သားတွေ ပြန်လာကြတဲ့ မြန်မာပြည်ရဲ့ အဓိက အချက်အချာကျတဲ့ မြို့ကြီး ဆိုတာ မငြင်းနိုင်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက် ရန်ကုန်မြို့ကြီးဟာ ဒီဗွီဘီ ရုပ်သံက နေဇော်နိုင် ပြောသလို တကယ့်ကို ဂိုဒေါင်ပျက်ကြီး တစ်လုံးလိုပါပဲ။ နှမြောစရာပေါ့။

စည်းမဲ့ကမ်းမဲ့ ပိုပိုဖြစ်လာတဲ့ တိုင်းသူပြည်သားတွေနဲ့ဆိုတော့ ပျက်စီးနေတဲ့ ဂိုဒေါင်ပျက်ကြီးဟာ သပ်သပ်ယပ်ယပ်လေးများဖြစ်လိုက်ရင် သန့်သန့် ရှင်းရှင်းလေးများဖြစ်လိုက်ရင် ထွက်ပြေးစရာမြေမရှိတဲ့ အတူတူ နေသာထိုင်သာလေးတော့ ရှိဦးမှာပါ။

ခုတော့ ပတ်ဝန်းကျင်ဟာ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ့်အိမ်ရှေ့နဲ့ကိုယ့်အိမ်နောက်ဖေးဟာ ကိုယ်နဲ့မဆိုင်သလို နေနေကြတာဟာ အံ့မခန်းပါပဲ။ နံနက်အိမ်ရှေ့ထွက်တော့ အမှိုက်ပုံ၊ ညနေ အိမ်နောက်ဖေးဘက် လှည့်တော့လည်း တစ်ထပ်တိုက်လောက် မြင့်နေတဲ့ အမှိုက်ပုံ။ ဘယ်လိုများ ဖြေရှင်းရမှာပါလိမ့်။

လူတွေကတော့ စည်ပင်သာယာက အမှိုက်ခွန် မှန်မှန် ကောက်ပြီးတော့ အမှိုက် မသိမ်းဘူးပေါ့၊ ကျွန်မတို့ ရပ်ကွက်မှာတော့ ကျွန်မအိမ်မှာ ရှိတဲ့ရက်များမှာ အမှိုက်ကားက မှန်မှန်လာပါတယ်။ အထပ်မြင့်မှာနေတဲ့လူတွေရယ်၊ အမှိုက် ဆင်းပစ်ရမှာကို ရှက်ကြောက် ပျင်းရိနေတဲ့လူတွေရယ်က ည ည ဆိုရင် အမှိုက် ထုပ်တွေကို အိမ်ပေါ်ကနေ နောက်ဖေးလမ်းကြားထဲကို အဆင်အခြင်မရှိ ပစ်ပစ်ချတာများ အလန့်တကြားရှိလှပါတယ်။

တစ်ခါတစ်ရံများ သူတို့ ပစ်ချလိုက်တဲ့ အမှိုက်ထုပ်က အရှိန်နဲ့ကို ကျွန်မတို့ မီးဖိုချောင်ထဲကို ၀င်လာတတ်သလို၊ ကျွန်မ အိပ်ခန်းထဲကိုလည်း အမှိုက်ထုပ်က ပွင့်ပြီး စားကြွင်းစားကျန်တွေရော အခြားအမှိုက်တွေရော ရွံရှာစဖွယ်ကို ၀င်လာပါတယ်။ မြေညီထပ်မှာနေတဲ့ လူတွေခမျာ ဒီလောက်ပူအိုက်လှတဲ့ ရာသီမှာ နောက်ဖေးပြူတင်း တံခါးလေးကို ဖွင့်ပြီး အိပ်ခွင့် မရပါဘူ။ ခြင်၊ ယင်တွေ တလောင်းလောင်းနဲ့၊ ည ည ဆို ပူလွန်းလို့ ခြင်ထောင်ထဲ မ၀င်နိုင်တော့ ခြင်ဒဏ်ကို ခံလိုက်ရတာ မနေ့ညအထိပါပဲ။ ဒီညလည်း ထိုနည်းလည်းကောင်းပါပဲပေါ့၊ အိမ်နောက်ဖေးက လူတစ်ရပ်မက မြင့်နေတဲ့ အမှိုက်ပုံကြီးက ရှိ ရှိနေသေးရဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းက ဆရာမများပြောတဲ့စကားလေးကို မှတ်မိသေးပါတယ်၊ မျက်နှာမှာတော့ သနပ်ခါးနဲ့ ပေါင်မှာကတော့ သေးစီးကြောင်းနဲ့ တဲ့။ ခုတော့ ကိုယ့်အိမ်နဲ့ ကိုယ့်ဝန်းကျင်က သေးစီးကြောင်းက ချောင်းဖြစ်နေလုပါပြီ။ အိမ်မှာရှိတဲ့ အလုပ် လုပ်နိုင်တဲ့ လူတွေအားလုံး အလုပ်လုပ်မှ စားဝတ်နေရေး ပြေလည်တဲ့ခေတ် ဆိုတော့လည်း လူတွေက ပင်ပန်းကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုင်းသူပြည်သားတွေပဲ ရုန်းကန်နေရတာ မဟုတ်ပါဘူး။

နိုင်ငံတကာမှာ လူတွေဟာ ကျွန်မတို့တွေထက်ကို စက်ရုပ်တွေလိုပဲ အလုပ်လုပ်ကြတာမှ လင်နဲ့မယား၊ မိဘနဲ့ သားသမီး၊ မောင်နဲ့ နှမ တစ်ပါတ်လုံးနေမှ ညနေခင်းလေး တစ်ခင်းလောက် တွေ့ကြ ဆုံကြအောင် ဖန်တီးချိန်းချက်ယူရတာ အမှန်ပါပဲ။ ဒီလောက် အလုပ်တွေ လုပ်နေတဲ့ သူတို့တွေရဲ့ အိမ်ရှေ့မှာ အမှိုက်ထုပ်တွေ ဖြစ်မနေသလို၊ အိမ်နောက်ဖေးကလည်း အမှိုက်ပုံကြီး ဖြစ်မနေတာ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။

ခုနေတော့ အိမ်ပြန်လာတဲ့ အိမ်ရှင်မကလည်း ကိုရီးယားဇာတ်လမ်းတွဲမှာ နစ်မျော၊ အိမ်ပြန်လာတဲ့ အိမ်ရှင်ထီးကလည်း ဘောလုံးပွဲကိုစောင့်ရင်း ဂျာနယ်တစ်စောင်နဲ့ အချိန်ကုန်လိုက်တာမှ ကိုယ့် အိမ်ရှေ့က လမ်းကလေး ချိုင့်တွေကနေ ကျင်းကြီးဖြစ်နေတာတောင် မသိလိုက်တာမှ အမှိုက်ထုပ်ဆို ဝေလာဝေးသေးရဲ့။

အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့။

နွမ်းပါးတဲ့လူကလည်း ပန်ကာလေးတ၀ီဝီနဲ့ ဘောလုံးစာစောင်လေး ဖတ်သူက ဖတ်၊ ကိုရီးယားဇာတ်လမ်းတွဲလေးကြည့်သူက ကြည့်နဲ့ ဆိုတော့ အမှိုက်ထုပ်လေးတွေ အိမ်ဘေးပုံပုံလာတာ မသိလိုက်ဘူး ထင်ပါရဲ့။

တိုင်းပြည်သစ်ကို ထူထောင်ချင်လိုက်တာ အသေအလဲ။
ဖတ်လိုက်ရတဲ့ ဂျာနယ်တွေ၊
ပြောလိုက်ရတဲ့ နိုင်ငံရေးစကားတွေ၊
ကိုယ်လိုလားတဲ့ လမ်းစဉ်တစ်ခုအတွက် ၀င်လိုက်ရတဲ့ တိုက်ပွဲတွေ၊
ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊
အကျဉ်းထောင်ထဲမှာ ကုန်ဆုံးသွားတဲ့ ဆင်းရဲခြင်း အတိပြီးတဲ့ အချိန်တွေ၊
လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊
လူထုတွေ အဆင်ပြေဖို့အရေး ထောက်ကူပေးကြတဲ့ အသင်းအဖွဲ့အစည်းတွေ ....... များစွာသော ကြိုးပမ်းမှုတွေဟာ အမှိုက်ပုံကြီးထဲကိုများ နစ်မြုပ်သွားမယ် ဆိုရင် သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေဟာ ဘယ်သူတွေများ ဖြစ်လာမှာပါလိမ့်။



အပြည့်သိပါသည်

0 comments

ဆူးလေ နဲ့ မြေနီကုန်းမှာ ရုံးဖွင့်ထားတဲ့ ရန်ကုန်က အလုပ်ရှာဖွေရေး အေဂျင်စီတခုရဲ့ ကြော်ငြာ ဖြစ်ပါတယ်။

ကြော်ငြာထဲမှာ အပြည့်သိပါသည် ဆိုတဲ့ ဝေါဟာရကို တွေ့ရပါလိမ့်မယ်။

ဘယ်ဒေသမှာသုံးတဲ့စကားလည်း မသိပါ။

လုံးဝ သိပါတယ်၊ သိနေတယ်လေ လို့ ဆိုလိုဟန် တူပါတယ်။


ဘက်လိုက်မှုရှိတဲ့ "အင်း" လေလံ

0 comments

~


အင်းလုပ်ငန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ဥပဒေအတိုင်းဆောင်ရွက်မှုမရှိဘဲ ရင်းနှီးရာ အခွင့်အရေးပေး လုပ်ဆောင်မှုတွေ ရှိနေပါတယ်။



၂၂နှစ်ကြာ လုပ်ကိုင်လာခဲ့တဲ့ ဦးဘောဂရဲ့ အင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး တိုင်းငါးလုပ်ငန်း ဦးစီးဌာနက ဦးဘောဂရဲ့ မိသားစုဝင်တွေကို လုပ်ကိုင်ခွင့် မပေးတော့ဘဲ လေလံပစ်ပြီး ညီဖြစ်သူ ဦးရဲဒင် လက်ထဲ ရောင်းချပေး လိုက်တာကြောင့် ဦးဘောဂရဲ့ မိသားစုတွေဘက်က နစ်နာ ဆုံးရှုံးမှု တွေရှိနေကြောင်း သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ ပန်းဆွဲလမ်း ဘုရားကြီးရပ်ကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဦးဘောဂ ဦးစီး လုပ်ကိုင်နေတဲ့ ကြုံအိမ်ဘဲဘုအင်းကို တိုင်း ငါးလုပ်ငန်းဦးစီးဌာနက ဆက်လက် လုပ်ကိုင်ခွင့် မပေးတော့ဘဲ မေလ ၁၀ ရက်နေ့က လေလံပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကြီးအောင် ( ဦးဘောဂ၏ သား- အင်းလုပ်ငန်း လုပ်ကိုင်နေသူ )
"ဦးရဲဒင် လုပ်စားနေတဲ့ ပတ်တော်အင်း တအင်း ရှိတယ်။ ကျနော်တို့ လုပ်စားနေတဲ့ ကြုံအိမ်ဘဲဘုအင်း တအင်း ရှိတယ်။ သူတို့အင်းလဲ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားပြီ ကျနော်တို့ကလဲ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားပြီ နိုင်ငံတော်ရဲ့ ဥပဒေ ထုတ်ထားတာမှာ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားတဲ့ အင်းတွေမှန်သမျှ လေလံပစ်ရမယ်။ သူ့နံမည်နဲ့ ပတ်တော်အင်းကို တိုက်ရိုက် ချပေးလိုက်တယ်။ အခု ၂၀၁၂ ခုနှစ် လာမယ့်မိုးကို လုပ်စားပိုင်ခွင့်ပေါ့ ၊ ကျနော်တို့ အင်းကိုကျတော့ လေလံထဲကို ထည့်လိုက်တယ်။ အမှန်မှာဆို တန်းတူအခွင့်အရေး ကိုပေးရမယ်။ ဒီဦးရဲဒင် ဆိုတဲ့လူက တိုင်းဒေသကြီးအစိုးရ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန က သူတို့အချင်းချင်း အပေးအယူ ဆက်စပ်ရှိတယ် ဆိုတာ ပေါ်လွင်တာပေါ့။ သူက အဲလို အဆက်အစပ်ရှိတယ် ဆိုတာကလဲ ကြံ့ခိုင်ရေး အောင်နိုင်ရေး စည်းရုံးရေးမှူးပေါ့"

အင်းလုပ်ငန်းရှင် ဦးဘောဂဟာ သာယာဝတီမြို့နယ်မှာတော့ နာမည်ကြီး အင်းလုပ်ငန်းရှင် တဦးပါ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ၂၂ အကြာ အင်း ၇ အင်းကို ဦးစီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအင်း ၇ အင်းထဲက ကြုံအိမ်ဘဲဘုအင်းကို ဦးဘောဂ အမည်ပေါက်နဲ့ လုပ်ကိုင်ခဲ့ပြီး ကျန်တဲ့ ၆အင်းတွေကိုတော့ အမည်ခံတွေနဲ့ လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။ ဦးဘောဂ ကွယ်လွန်ပြီးနောက်ပိုင်း ဇနီးဖြစ်သူ ဒေါ်အေးစန်းနဲ့ သားရန်ကြီးအောင်တို့က အင်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ကြပါတယ်။

ဦးဘောဂ ကွယ်လွန်ပြီး ၂ နှစ်အကြာမှာတော့ အမည်ခံ ထည့်ထားတဲ့ လူတွေဆီက အင်း ၆ အင်းကို ဦးရဲဒင်က မတရား စည်းရုံး သိမ်းယူခဲ့ပြီး အဓိက အင်းကြီး ဖြစ်တဲ့ ဦးဘောဂရဲ့ ကြုံအိမ်ဘဲဘုအင်းကိုလဲ ဆက်လက် သိမ်းယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ကြုံအိမ်ဘဲဘုအင်းဟာ အင်း ၇ အင်းထဲမှာ အကြီးဆုံး အင်းဖြစ်ပြီး ကျန်တဲ့အင်း ၆ အင်းကို မှီခို အားထား နေရတဲ့ အင်းလဲ ဖြစ်ပါတယ်။ ကြုံအိမ်ဘဲဘုအင်းထဲကို ငါးတွေမ၀င်နိုင်အောင် ဦးရဲဒင်က ဆည်တိုင်တွေနဲ့ ဖြတ်ပိတ်ထားကြောင်း သိရပါတယ်။

မေသင်္ကြန်ဦး
"ဒီလိုဖြတ်ပိတ်လိုက်တာပေါ့။ ဒီဘက်ကို မဆင်းအောင်လို့ ရေကျသွားတဲ့အခါ ငါးမဆင်းအောင် ဖြတ်ပိတ်တဲ့ သဘောပေါ့။ ရေ နည်းနည်း များများ တော်သလင်း ၊ သီတင်းကျွတ်လဆန်း ဆိုရင် ဖြတ်ပိတ်လိုက်တာပဲ"

ဦးဘောဂဟာ အင်း ၇ အင်းအတွက် နှစ်စဉ် အခွန်အဖြစ် အင်းတအင်းကို သိန်း ၂၀ ကျော်ပေးရတဲ့ အပြင် အခြား ပေးဆောင်ခဲ့ရတာတွေလည်း ရှိပါတယ်လို့ မမေသင်္ကြန်ဦးက ရှင်းပြပါတယ်။

မေသင်္ကြန်ဦး
"အရင်းအနှီးက တစ်နှစ်ထဲနဲ့မကျေဘူး။ သူတို့ဆီက သုံးနှစ်ဝယ်ပြီးတော့ လုပ်ရတယ်။ ညီမတို့က တစ်နှစ်ကို ဒီအင်းကို ဝယ်မယ်ဆိုရင် နိုင်ငံတော်ငွေ မပါ တစ်နှစ်ကို ၄၅ သိန်းပေးရပါတယ်။ အဲ့ ၄၅သိန်းက နားလည်မှု ကြေးပေါ့နော်.။ တရားမဝင်ပေးရပါတယ်။ သူတို့ နာမည်ပေါက်ပေါနော့်။ ဗိုလ်ကြီးလှထွန်းရဲ့မိန်မ ဒေါ်ခင်နွဲ့နွဲ့ ကိုပေးရတယ်။ အဲ့ အင်းတွေက ဗိုလ်မှုးရဲ့ မိန်းမပိုင်ပေါ့နော်.။ နိုင်ငံတော်ပိုင် ဆိုပေမယ့် နိုင်ငံတော်က ချပြီးပေး ထားတာကိုး ။ ဗိုလ်ကြီးလှထွန်းရဲ့ မိန်မ ဒေါ်ခင်နွဲ့နွဲ့ကို တစ်နှစ်ကို ၄၅ သိန်းပေးပြီးတော့မှ နိုင်ငံတော်အခွန်ကို ထက်ပြီး သွင်းရတယ်။ နိုင်ငံတော် အခွန်က သိန်း၂၀ကျော် ။ ဒုတိယကြေးတိုင်က ကိုယ့်ကိုပဲ ရောင်းရမှာပေါ့ နော် နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ဟာက လက်ရှိ လုပ်ကိုင်စားနေတဲ့လူတွေပဲ အင်း လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ မူကိုချထားတဲ့ ကိုယ့်က အဲ့ဒီမူကိုပဲ လက်ကိုင်ထားပြီးတော့ ကိုယ့်ရဲ့နာမည်ပေါက်နဲ့ ပြန်ချပေးဖို့ပါ"

ဦးဘောဂရဲ့ ညီဖြစ်သူ ဦးရဲဒင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးမှူး တဦးလည်း ဖြစ်တာကြောင့် အရှိန်အ၀ါကို အသုံးပြုပြီး အကိုဖြစ်သူ ဦးဘောဂရဲ့ အင်းတွေကို တဆင့်ပြီးတဆင့် သိမ်းယူဖို့ ကြိုးစား ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ မြို့နယ် ငါးလုပ်ငန်းဦးစီဌာန ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန နဲ့ တိုင်း ငါးလုပ်ငန်း ဦးစီးဌာန တို့နဲ့ ရင်းနှီးနေသူဖြစ်ကြောင်း သိရပါတယ်။

ဦးဘောဂရဲ့ မိသားစုဝင်တွေက မတရား သိမ်းပိုက်ခံထားရတဲ့ အင်းလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး တရားမျှတမှု ရှိဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးတွေကို လေလံ မပစ်ခင်တည်းက စာပို့တိုင်ကြားခဲ့ပေမယ့် ကူညီဖြေရှင်း ပေးခဲ့ခြင်း မရှိတာကြောင့် အမှန်တကယ် အင်းလုပ်ငန်း လုပ်သူတွေဘက်က နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်ခင်ဗျာ။



~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved