စစ်ပွဲများ ငြိမ်းချမ်းစေဖို့ AB (မြောက်ပိုင်း) က သံဃာများအား လျှောက်ထား

Monday, January 7, 2013

သံဃာတော် အရှင်သူမြတ်များကို မြောက်ပိုင်း ABSDF လို့ ခေါ်တဲ့ ကျောင်းသား တပ်မတော် မြောက်ပိုင်း က လျှောက်ထား ပန်ကြားချက်တစောင်ကို ယနေ့ ထုတ်ပြန်ထားပါတယ်။  

 ကျောင်းသားတပ်မတော်မှ ရဲဘော်အောင်ထွန်းလင်း ၄.၁.၁၃ နေ့က ကျဆုံး၊ ဓာတ်ပုံ- မင်းဌေး


သံဃာတော်အရှင်သူမြတ်များအား လျှောက်ထားပန်ကြားခြင်း 



မြန်မာနိုင်ငံအတွင်း နေထိုင်သီတင်းသုံးကုန်ကြသော သံဃာတော် အရှင် သူမြတ်များဘုရား... 

တပည့်တော်တို့ ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မှစစ်မက်ဖြစ်ပွားရာ ဒေသအတွင်း ရှိ ပြည်သူလူထုကိုယ်စား လေးစားစွာ ပန်ကြားလျှောက်ထားအပ်ပါသည် ဘုရား... 

တပည့်တော်တို့၏ တိုင်းပြည်သည် ဘာသာတရားများ ဖူးပွင့်စုံစွာ တည်ရှိလှပနေသည့် တိုင်းပြည်ဖြစ်ပါ သည် ဘုရား ။ 

သာယာအေးချမ်းသောတိုင်းပြည်ကို စစ်အာဏာရှင် အစိုးရက စစ်ပွဲများ ဖန်တီး၍ ဖျက်စီးနေပါသည် ဘုရား အတုမရှိ မြတ်စွာဘုရားရှင်သည် လူသားတို့အား သွန်သင်ဆုံးမ ဟောကြားတော်မူခဲ့သော ဓမ္မနှင့် အဓမ္မ တရားများကို တပည့်တော် တို့ နာယူ၊ခံယူခဲ့ပြီးဖြစ်ပါသည်ဘုရား ...

ယခုအခါတွင် ကချင်ပြည်နယ်အတွင်း အဓမ္မတရားများပြည့်နှက်ပြန့်နှံ့နေသည်ကို အရှင်ဘုရားများလည်း သိရှိပြီးဖြစ်ပါမည်ဘုရား... 

ထိုအဓမ္မတရားများကြောင့် ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားရာဒေသအတွင်းရှိ ပြည်သူလူထုများ ဒုက္ခပင်လယ် ဝေလျှက် အကူညီမဲ့ဖြစ်နေပါသည်ဘုရား ...

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများသည်လည်း အေးခဲလှတဲ့ဆောင်းရာ သီကြားမှာ စားဝတ်နေရေး ခက်ခဲလှသည့်အပြင် လက်နက်ကြီးများ၊ စစ်တိုက်လေယာဉ်တွေပေါ်ကနေ ရော့ကက် ဒုံးများ၊ ဗုံးကြီးများ၊ စက်သေနတ်များနဲ့ နေ့ရောညပါ ပစ်ခတ်ခံနေရသဖြင့် သတ္တ၀ါများ သေကြေပျက်စီး ဆုံးရှုံးနေရ သ လို၊ ပြည်သူ အများ စိုးရိမ်ပူပန်ထိတ်လန့်ပြီး နေထိုင်နေရပါသည် ဘုရား.... 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာဆွေးနွေးရန်နှင့် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲ၍ စစ်ပြေငြိမ်းရန် အထူးလိုအပ်နေပါသဖြင့် ဆရာတော် အရှင်သူမြတ်များ အနေဖြင့် သတ္တ၀ါတို့၏ ဘေးဥပါတ်အန္တရာယ် ကျရောက်နေမှုအား ကြင်နာသနား ဂရုဏာထား၍ ကချင်ပြည်နယ် အတွင်း မတရားဆင်နွှဲနေသော အဓမ္မ စစ်ပွဲကို တခဲနက် ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ပေးကြပါရန် တပည့်တော်တို့ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) မှ ရိုသေလေးမြတ်စွာ လျှောက်ထား ပန်ကြားအပ်ပါသည် အရှင်သူမြတ်များဘုရား.... 



ရက်စွဲ။ ၇ .၁ . ၂၀၁၃ ခုနှစ်
ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) 


4 comments :

  1. Anonymous said... :

    ဆွေးနွေးမယ်ဆိုတော့ မလာဘူး။ပြီးတော့ တပ်ကိုသွားမလုပ်ပဲနဲ့ ငါတို့ကို လာလုပ်တယ်။ တပ်ထဲက ဟာတွေပဲ မိုင်းသွားခွဲပါ။ တပ်ရော KIAေ၇ာ ABSDF ရော မကောင်းတာ တူတူပဲ။ နေရာတစ်ကာ သံဃာတွေကို ဆွဲထည့်တာလည်း မုန်းတယ်။ နှစ်ပြားတစ်ပဲ(တကယ်နည်းနည်းလေးပါ)ပဲ လှုနိုင်တဲ့ အပြင်လည်း ဘာမှလုပ်မပေးနိုင်တဲ့ ငါလည်း အလကားကောင်ပါပဲ။

  1. ရဟန်းရှင်လူအားလုံးမှာမွေးရာပါတာဝန်ပါ။
    စစ်ပွဲကိုဘာရည်ရွယ်ချက်နဲ့တိုက်ရတယ်ဆိုတာပြည်သူကို
    ပွင့်ပွင့်လင်းလင်းချပြပါ။
    တိုင်းရင်းသားနယ်မြေတွေမှာဘာကြောင့်စစ်တပ်တွေတိုးချဲ
    တည်ဆောက်နေတာလဲဆိုတာပြည်သူကိုချပြပါ။
    စစ်ကြောင်းတွေအထပ်ထပ်တိုးတိုးချနေခြင်း၏ရည်ရွယ်ချက်
    ကိုပြည်သူကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြပါ။
    စစ်ပွဲကုန်ကျစရိတ်ကိုပြည်သူ့ဘဏ္ဌာငွေမှသုံးယူမှု့အပေါ်
    ပြည်သူလူထုကိုချပြပေးပါရန်။
    စီးပွားရေးဦးပိုင်၊တရုတ်ကုမ္ပဏီ၊ပုဂ္ဂလိကကုမ္ပဏီများတွင်လုံခြုံ
    ရေးယူပေးရသောတပ်မတော်သားမြန်မာနိုင်ငံရဲတပ်ဖွဲများ၏
    ခံစားခွင့်လစာများပြည်သူ့ဘဏ္ဌာမှပေးဆောင်နေမှု့အပေါ်ချပြ
    ရန်တို့ပါတောင်းဆိုသင့်ပါသည်။

  1. Anonymous said... :

    အစက ဘာလို့တောခိုသေးလဲ အခုသေမှ ကြောက်ရမှန်းသိပလား

  1. Anonymous said... :

    What a pitty ? Cry like a kid

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved