ABSDF ကိုယ်စားလှယ်ရဲ့ တောင်ကြီးမြို့ခရီး

Wednesday, January 2, 2013

ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း(ဧရာဝတီ) ~


 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~ 

အစိုးရ၏ ကမ်းလမ်းချက်အရ မြန်မာပြည်တွင်းသို့ ခေတ္တရောက်ရှိနေသော ABSDF ( မကဒတ)   
ကျောင်းသား တပ်မတော် အထွေထွေ အတွင်းရေးမှုး ရဲဘော် ဆန်နီသည် တနင်္လာနေ့က တောင်ကြီး  
ဒေသခံ နိုင်ငံရေးသမားတို့နှင့် တွေ့ဆုံခဲ့သည်။ 

ကိုဆန်နီက သူ၏ ဇာတိ လွိုင်ကော်မြို့သို့ လာရောက်စဉ် တောင်ကြီူးဒေသရှိ မိမိနှင့် ဘ၀တူ ဖြတ်သန်း ခဲ့ကြသော ABSDF ရဲဘော်ဟောင်းများ ၊ ငယ်သူငယ်ချင်းများအား တွေ့ဆုံရန် ရောက်လာခြင်း ဖြစ်ကြောင်း ကိုဆန်နီက ပြောသည်။ စိန်ပန်းရပ်၊ လောကမာန်အောင်ကျောင်းတိုက်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် NLD ပါတီဝင်များ ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရှမ်းပြည် မျိုးဆက်အင်အားစု အဖွဲ့ ၊ ၈၈ မျိုးဆက်  
ကျောင်းသားများ( ရှမ်းပြည်) ၊ ရှမ်းပြည်ရှိ ABSDF ရဲဘော်ဟောင်းများ၊ ရလလဖ အဖွဲ့အစရှိသည်တို့ ပါဝင်ကြသည်။


  တွေ့ဆုံပွဲတွင် ဆွေးနွေးစဉ် ABSDF အဖွဲ့၏ ရပ်တည်ချက်သဘောထားများ ၊ မြန်မာနိုင်ငံတွင်း လာရောက်သည့် ရည်ရွယ်ချက်၊ စစ်မှန်သော ဖက်ဒရယ်ပ်ြညထောင်စု အရေး၊ တိုင်းရင်းသား အရေး ၊ ပြည်တွင်း ငြိမ်း ချမ်းရေး ၊ တရားမျှတသည့် ဖွဲ့စည်းပုံဖြစ်ပေါ်လာရေး အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။ 



 ၂၄ နှစ်တာ ကာလ အတွင်း ကွဲကွာ ခဲ့ရသည့် ABSDF ရဲဘော်ဟောင်းများ နှင့် ပြန်လည်တွေ့ဆုံ ခွင့်ရ သဖြင့် ကျေးဇူးတင် ၀မ်းမြောက်ကြောင်း၊ မိမိဘာတွေလုပ်ခဲ့သည် ၊လုပ်နေသည်ကို ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက် များအား လာရောက်တွေ့ဆုံ တင်ပြပေးခြင်းဖြစ်ကြောင်း ရဲဘော် ဆန်နီက ပြောသည်။ 

ထို့နောက် ကိုဆန်နီက ဆရာတော် ဦးခေမာနန္ဒအား ဂါရ၀ါပြုကန်တော့ပြီး တက်ရောက်လာသည့် ABSDF ရဲဘော်ဟောင်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊ နိုင်ငံရေးတက်ကြွ စိတ်ဝင်စားသူများအား ABSDF တံဆိပ် ရင်ထိုးများ လိုက်လံတပ်ဆင်ပေးပြီး အမှတ်တရ ဓာတ်ပုံတွဲရိုက်ခဲ့ကာ နေပြည်တော်သို့ ခရီးဆက်သွား ခဲ့သည်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved