စစ်ကိုင်းတိုင်း အစိုးရ ၀န်ကြီး အပြောင်းအလဲ

Tuesday, January 1, 2013


စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီးဌာန ၀န်ကြီး ဦးစိန်ဝင်းကို သူ့ရဲ့ ကျန်းမာရေး အကြောင်းပြချက်နဲ့ ရာထူးက နုတ်ထွက်ခွင့် တောင်းဆိုလာတာကို သမ္မတ ဦးသိန်းစိန်က လက်ခံပြီး နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ 

အဆိုပါ နုတ်ထွက်ခွင့် ပြုလိုက်တဲ့ ၀န်ကြီးနေရာမှာ ဦးစောမြင့်ဦးဆိုသူကို အစားထိုးခန့်အပ်လိုက်ပြီး စစ်ကိုင်းတိုင်း၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးကိုလည်း ဦးတင်ဝင်းကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။ 

သမ္မတရုံးက ထုတ်ပြန်ထားတဲ့ အမိန့်စာ အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
 နိုင်ငံတော်သမ္မတရုံး 
(အမိန့် အမှတ်၊ ၄၁/ ၂ဝ၁၂) 
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက် 
 (၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်) 
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးအစိုးရ အဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိန်ဝင်းသည် ကျန်းမာရေး အားနည်းမှုကြောင့် ရာထူးမှနုတ်ထွက်ခွင့်ပြုပါရန် တင်ပြ လာသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များအရ မိမိ၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ 


 (ပုံ) သိန်းစိန် 

နိုင်ငံတော်သမ္မတ 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၂ / ၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ  ၂၆၂၊ ပုဒ်မခွဲ (စ) နှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)တို့ပါ ပြဋ္ဌာန်းချက်များ အရ အောက်ဖော် ပြပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများအား ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ပြောင်းလဲ  တာဝန်ပေးအပ် လိုက်သည်-


(၁)
ဦးစောမြင့်ဦး
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန
(၂)
ဦးတင်ဝင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန


(ပုံ) သိန်းစိန်                 
နိုင်ငံတော်သမ္မတ             
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved