မြ၀တီ ကုန်သွ​ယ်ရေးဇုံတိုး​တက်ဖို့ လမ်းကောင်း​ဖို့လို (ရုပ်သံ)

Tuesday, January 1, 2013

 ကားလမ်းအခက်အခဲတွေနဲ့ မြ၀တီ လမ်းတနေရာ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ အဓိက အရေးပါတဲ့ မြ၀တီကုန်သွယ်ရေးဇုံမှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေရှိလာပေမယ့် လမ်းတွေမကောင်းတာကြောင့် ကုန်စည်စီးဆင်းမှုမှာ အခက်အခဲတွေရှိနေသေးကြောင်း ဒေသခံတွေက ပြောဆိုနေကြတာကို ဧရာဝတီက ရုပ်သံ ရိုက်ကူးတင်ဆက်ထားပါတယ်။

 

1 comments :

  1. လမ်းကောင်းဖို့မလိုဘူးငွေကောက်ဖို့ပဲလိုတယ်ဆိုတဲ့ဆောင်ပုဒ်
    ပြောင်းထားတာနှစ်ပေါင်းမနဲတော့ဘူး။လမ်းမပြင်ခိုင်းပါနဲ့
    ဖြစ်သလိုလမ်းအပြင်ပြပြီးကားတွေကြောင့်လမ်းပျက်တယ်ဆိုပြီး
    ပိုက်ဆံပိုကောက်တဲနည်းလမ်းတွေထပ်သုံလိမ့်မယ်။လမ်းခင်း
    တာကိုစစ်ဆေးတဲ့ဆရာတွေကိုကျောက်ပွနဲ့ကျောက်အကျစ်နဲ့ခွဲ
    ခြားတဲ့သင်တန်းအရင်ပေးရအုံးမှာမြေပျော့နေရင်ဖောင်ဒေးရှင်း
    ကျောက်ကြီး၂ပေ၁ပေ၊၂ပေ၆လက္မ၊၆လက္မ၉လက္မသုံးတာတွေ
    သင်တန်းပြန်ပေးရလိမ်မယ်။စစ်ဆေးတဲ့သေူတွေက၂လက္မ၄လက္မ
    ကျောက်ပုံမြင်ရင်ကိုကျောက်ကျစ်ကျစ်ပွပွခေါင်းတညိတ်ညိတ်
    နဲ့ပုဂ္ဂလိကကုမ္ပဏီတွေအလုပ်လုပ်တယ်ထင်ပြီးဆင်ဆွဲပြီးပြန်ကြ
    တယ်။မြေကြီးပေါ်ကျောက်တွေဖြစ်သလိုဖြန့်စီထားပြီးဖြစ်သလိုခင်း
    ထားတဲ့လမ်းလဲဆရာကြီးတွေကလက်ခံတယ်။လမ်းဟောင်းပေါ်
    နှမ်းဖြူးသလိုဖြူးထားလဲဆရာကြီးတွေကအတည်ပြုပေးတယ်။
    အဲဒီလိုမျိုးအပေးအယူလုပ်လို့ရတော့ကုမ္ပဏီတွေကလဲကျောက်
    ပုံလေးတွေပြလမ်းဘေးလိုင်းတေတွတူးပြထားပြီးရုပ်ပြလေးနဲ့
    ငွေကိုသာအမိအရကောက်ကြပါသည်။အင်္ဂလိပ်ခေတ်ဂျပန်ခေတ်
    ကခင်းခဲ့တဲ့စစ်ပြေးလမ်းလီဒိုလမ်း၊လဝါလမ်းကြီးတွေမှာကျောက်
    ကြီးများသာထောင်စီထားသောလမ်းကြီးများဖြစ်ပါသည်။၎င်းလမ်း
    ပေါ်တွင်တရုတ်ပြည်သို့ပိုသောသစ်လုံးတင်ထွေလာကြီးများဖြတ်
    သန်းနေသည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီးယနေ့အချိန်ထိထောင်စီ
    ထားသောကျောက်ကြီးများလဲ၍လမ်းပျက်သွားသည်မရှိခဲပါ။
    ယနေ့ပြုပြင်ပြောင်းလဲရေးအချိန်အခါမှာပြည်သူလူထုအပေါ်
    လက်တလုံးလုပ်စားနေကြသောငွေကောက်ခံနေမှု့များဖယ်ရှား
    နိုင်ရေးအတွက်လွှတ်တော်တွင်ကော်မတီများဖွဲ့စည်းကာ
    ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်မှဝန်ထုတ်ဝန်ပိုးလျော့ကျ
    နိုင်မည်ဖြစ်ပါသည်။အမြန်ဆုံးစီစစ်ဆောင်ရွက်သင့်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved