ဟိန္ဒားသတ္တုတွင်းမြင်ကွင်းနဲ့ ထားဝယ်သားတို့ရဲ့ အသံ

Thursday, January 17, 2013

~





အဲမလီ ~

 ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ငန်းဧရိယာ
ထိုင်းကုမ္ပဏီတခုဖြစ်တဲ့ မြန်မာပွန်ပီပက် (MPC) သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မြောင်းပြိုကျေးရွာလေးဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ပျက်စီးသွားခဲ့ပြီလို့ ဒေသခံတွေက ၀မ်းနည်းစွာ ပြောဆိုပါတယ်။

ဟိန္ဒားခဲမဖြူသတ္တုတူးဖော်ရေးလုပ်ငန်းကို မြန်မာပွန်ပီပက် (MPC)က ၁၉၉၈ ၀န်းကျင်မှာ စတင် လုပ်ကိုင်လာပြီး စွန့်ပစ်မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်မှု၊ ရေလှောင်ကန်တွေကိုဖောက်ချမှုတွေကြောင့် ရေကြီးရေလျှံတဲ့ ဘေးဒဏ်ကို နှစ်စဉ်ကြုံနေရပြီး နုန်းမြေဖုံးလွှမ်းမှုကြောင့် စိုက်ခင်းတွေရော အိမ်တွေပါ ပျက်စီးခဲ့ကြောင်း သိရပါတယ်။


ပိုဆိုးသွားစေတာက ကျေးရွာဒေသခံတွေ အားကိုး အားထားပြုနေရတဲ့ မြောင်းပြိုချောင်း (ဘ၀ပင်ချောင်း)ကို ကန့်လန့်ဖြတ် ပိတ်လိုက်ပြီး သတ္တုတူးဖော်ရေးအတွက် ရေလှောင်ကန်အဖြစ် အသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီရေလှောင်ကန်ကို မိုးတွင်းရောက်တိုင်း ဖောက်ချလို့ ရေကြီးရေလျှံတဲ့ ဘေးကိုလည်းကြုံရ၊ ရေနဲ့အတူပါလာတဲ့ နုန်း၊ သဲကျောက်တွေက စိုက်ခင်းနဲ့ အိမ်တွေကို တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး၂၀၀၆ခုနှစ်နောက်ပိုင်းမှာ အခြေအနေ ပိုဆိုးလာတယ် လို့ ဒေသခံတွေက ပြောပြပါတယ်။


ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ငန်းကို ယခင် အစိုးရသတ္တုတွင်း ၀န်ကြီးဌာနနဲ့ ဂျာမဏီ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေက အဆင့်ဆင့် လုပ်ဆောင်ခဲ့ ပေမယ့် သတ္တုတူးဖော်ရေး လုပ်ငန်း အနီးအနားမှာ ရှိတဲ့ ကျေးရွာတွေကို  ထိခိုက်မှု မရှိခဲ့ပေမယ့် ထိုင်းကုမ္ပဏီ လုပ်ခွင့် ရလာပြီးနောက်မှာ မြောင်းပြိုချောင်းလည်း တိမ်ကောခဲ့ရသလို စွန့်ပစ်မြေစာတွေရဲ့ ၀ါးမြိုမှုကြောင့် မြေထု အရင်းအမြစ်တွေ ဆုံးရှုံးခဲ့ရတယ်လို့  ပြောပြပါတယ်။
  စွန့်ပစ်မြေများဖုံးလွှမ်းသွားသောမြောင်းပြိုကျေးရွာမှ အိမ်တလုံး မြင်ကွင်း

ကုမ္ပဏီကြီးတခုအနေနဲ့ အခုလို ပရမ်းပတာ  ဆောင်ရွက်နေတဲ့အပေါ် ဘယ်သူမှလည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။


အင်အားနည်းပါးသူ တောသူတောင်းသားတွေ အတွက်တော့ အခုလို ကုမ္ပဏီ လုပ်ငန်းရှင်ကြီးတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခံနေရတဲ့အချိန် သမ္မတကြီး မိန့်ဆိုခဲ့တဲ့ စကားတွေကို ရွာကျောင်းထိပ်မှာ ထင်ထင်ရှာရှား ဆိုင်းပုဒ်ထောင်ထားပါတယ်။

အဲဒါကတော့
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချမှတ်ထားတဲ့ မူဝါဒ (၄)ချက်..
- နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်၊
- နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ၊
- နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်
- သဘာဝ ပတ်ဝန်ကျင်းကို မထိခိုက်သော ရင်းနှီးမြုပ်နှံမှုကိုသာ ခွင့်ပြုရန်
တို့ ဖြစ်ပါတယ်။

 မြောင်းပြိုချောင်းကို ကန့်လန့်ဖြတ် ပိတ်ပြီး ရေလှောင်ကန်အဖြစ် အသုံးပြုပုံ

 


























--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved