ရန်ကုန်က ဘန်ကောက်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာလား

Wednesday, January 16, 2013

~ 




သန်းထိုက်ဦး ~

ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာတဲ့  မြန်မာနိုင်ငံဟာ လာမယ့် ၅ နှစ်နဲ့ ၁၀ နှစ် အတောအတွင်း ထိုင်းနိုင်ငံရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာနိုင်မလား။

ထိုင်းခရီးသွားအေဂျင်စီများအဖွဲ့ (Association of Thai Travel Agents - ATTA) ရဲ့ ဥက္ကဋ္ဌကတော့ ဖြစ်လာနိုင်တယ်လို့ ယူဆနေပါတယ်။

တောင်ပြုန်းပွဲ မြင်ကွင်းတခု။ ဧည့်သည်တချို့က ဒီလိုမျိုး ပွဲတွေကို စိတ်ဝင်စားကြပါတယ်။
လတ်တလောမှာတော့ မြန်မာပြည်မှာ ဖြည့်ဆည်းရမယ့် လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ တဲ့။

“မြန်မာနိုင်ငံမှာ ခရီးသည်တွေ အတွက် ဟိုတယ်တွေ တည်ဆောက်ဖို့ အနည်းဆုံး ၁၀ နှစ်လောက် လိုပါသေးတယ်၊ အဲဒီ နောက်ပိုင်းမှာ ဆိုရင်တော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားပြီး ထိုင်းက ပြိုင်ဘက် ဖြစ်လာမယ်” လို့ ဥက္ကဋ္ဌ Mr. Sisdivachr က ပြောဆိုကြောင်း ထိုင်းဘာသာနဲ့ ရေးထားတဲ့ MOCT ၀က်ဆိုက်မှာ ဒီနေ့ ဖော်ပြထားပါတယ်။

ထိုင်းတွေလည်း မြန်မာပြည်သွားတာ ပိုများလာတယ်၊ တောင်ကိုးရီးယားကိုသွားတဲ့ ကုန်ကျစရိတ်နဲ့ သိပ်မကွာဘူး လို့ သူက ဆိုပါတယ်။

ဈေးနှုန်းလည်း သက်သာတယ်၊ မြန်မာခရီးစဉ်ကို လမ်းကြောင်းဆွဲပေးတဲ့ ထိုင်းအေးဂျင့်တွေလည်း ပိုများလာတယ်၊  ပြီးတော့ ထိုင်းတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ် ဆိုတော့ အသွားအလာ များနေကြတာလို့ သိရပါတယ်။

မြန်မာပြည်မှာ အဲဒီလို ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာတဲ့အတွက် ထိုင်းမှာလည်း ဆွဲဆောင်မှုရှိအောင် ကြိုးစားမှဖြစ်မယ်လို့ ဥက္ကဋ္ဌက ဆိုပါတယ်။

ခုချိန်ထိတော့ ထိုင်းကို လာနေကျ  တရုတ်၊ ဂျပန်၊ ရှရှားတွေ ဆက်ပြီး လာရောက်နေဆဲပါ။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံရောက်ခဲ့တဲ့  နိုင်ငံခြားသား ခရီးသွား တသန်းကျော်ရှိတယ်၊ ၄ သိန်းကျော်က နယ်စပ်က ၀င်ရောက်သူတွေ ဖြစ်ပြီး  ကျန်သူများကတော့ လေကြောင်းနဲ့ ၀င်ရောက်တယ်လို့ သိရပါတယ်။


 


























--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved