ပြည်ထောင်စု ၀န်ကြီး၂ ဦး နုတ်ထွက်သွားပြီ

Thursday, January 17, 2013


နိုင်ငံတော် သမ္မတရဲ့ အမိန့်ကြေငြာချက် တခုကို ယမန်နေ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ည ၈ နာရီ သတင်း  
ကြေငြာ သွားရာမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က  ပြည်ထောင်စု ၀န်ကြီး ၂ ဦးကို ရာထူးက နုတ် ထွက်ခွင့် ပြုလိုက်ပါတယ်။ 

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ မြင့်မောင်နဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်းတို့ကို သူတို့ ဆန္ဒအလျှောက် နုတ်ထွက်ခွင့် လျှောက်ထားမှုကို သမ္မတ က လက်ခံပြီး အခုလိုနုတ်ထွက်ခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်လည် အစားထိုးခန့်အပ်တဲ့ အမိန့်တော့ ထွက်ပေါ်မလာသေးပါဘူး။ 

အခုလို ပြည်ထောင်စု အဆင့် ၀န်ကြီး ၂ ဦး နုတ်ထွက်ခွင့်တင်ခဲ့တာဟာ ဘယ်လို အကြောင်းလည်း မသိရ 
ပေမယ့်  ယခုနှစ်ဆန်းမှာ အစိုးရ ၀န်ကြီးအဆင့် ပထမဆုံး နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။ 

 

3 comments :

  1. SAI SAI said... :

    ဦးသိန်းထွန်းကထွက်သင့်တာကြာပါပြီဗျာ၊နောက်တောင် ကျနေပါတယ်၊ပြည်သူ့အသံကိုနားမထောင်ဘဲ၊ကိုယ့်အိတ် ထဲဘဲကိုထည့်ချင်တဲ့ဝန်ကြီး၊သူ့ကြောင့်နိုင်ငံကိုတခြားနိုင်ငံ တွေလိုဖွံဖြိုးတိုးတက်စေချင်တဲ့သမ္မတကြီးရဲ့အစိုးရအဖွဲ့ကို သိက္ခာကျစေပါတယ်၊ပြည်သူလူထုတရပ်လုံး တောင်သိတဲ့ နိုင်ငံတကာ SIM ဈေးနှုန်းကို ဒီဝန်ကြီးကမသိသလိုလုပ် နေတာကတော့ လက်မခံချင်စရာပါဘဲ။SEA GAME က. လည်းတနေ့တခြားနီးလာပါပြီ၊အရည်အချင်းရှိပြီး တိုင်း ပြည်ကိုတကယ်ချစ်တဲ့၊တကယ်အလုပ်လုပ်ပေးမဲ့ပြည်ထောင်စုဝန်ကြီးကိုဘဲ နေရာပေးစေချင်ပါတယ်၊ဦးသိန်းထွန်းလိုလူမျိုးကိုတော့ အ လိုမရှိပါဘူး။

  1. Anonymous said... :

    ဂွင်မရှိတဲ့ဝန်ကြီးဌာနတွေပါ.......ဘတ်ဂျက်တွေလျှော့လိုက်တော့....ဂွင်ပျောက်ကုန်တော့....ထွက်ကြတာမဆန်းပါဘူး

  1. Danabala said... :

    I have no doubt that the Minister for Telecommunications illegally earned a few millions of US dollars from selling the GSM & CDMA SIM cards during his capacity as Minister for nearly two years since end of March 2011.
    Having said that the new Minister for Telecommunications could try to distribute the mobile phones SIM cards for only 5,000 Kyats or even free of charge for the sake of the people of Myanmar to communicate cheaply.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved