လူကုန်ကူးခံရတဲ့ တောင်ကြီးက အမျိုးသမီး နေရပ်ပြန်ရောက်

Monday, January 21, 2013

~



တရုတ်ပြည်တွင်ရောင်းစားခံရပြီး နှစ်နိုင်ငံ အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် နေရပ်ရင်း ပြန်ရောက်လာသူတဦး ပြီးခဲ့သည့် အင်္ဂါနေ့က တောင်ကြီးမြို့ရှိမိဘအုပ်ထိန်းသူများနှင့် ပြန်လည် ဆုံဆည်းခဲ့သည်။

ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
မန္တလေးမှ မူဆယ်သို့
- လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးသည် အရှေ့ပင်စင်ရပ်မှ ဖြစ်ကြောင်း၊
- မန္တလေးမြို့ ဈေးချိုတွင် အလုပ်လုပ်နေစဉ် မူဆယ်တွင် အလုပ်အကိုင် ကောင်းသည်ဟု  မကြာခဏ ကြားရသဖြင့် ၂၀၁၂ ခုနှစ် မေလတွင် မူဆယ်မြို့သို့ သွားခဲ့ကြောင်း၊
- လားရှိုးတွင် ထမင်းစားနားနေစဉ် ကားမမီသဖြင့် ကျန်ရစ်ခဲ့ကြောင်း၊

ပွဲစားနဲ့တွေ့
- မူဆယ်ကား စီးရန် စုံစမ်းနေစဉ် ပွဲစားအမျိုးသမီးတဦးက မူဆယ်ရှိ စက်ရုံတခုတွင် အလုပ်လုပ်လျှင် စားရိတ်ငြိမ်း ကျပ် ၆ သိန်းခန့် ရမည်ဟု ပြောဆိုသဖြင့် ၎င်းနှင့်အတူ လိုက်သွားခဲ့ကြောင်း၊
- မူဆယ် သို့ ရောက်ရှိပြီး ခိုးပေါက်မှ တဆင့် နယ်စပ်ဖြတ်ပြီး ကြယ်ခေါင်မြို့တွင်းသို့ ၀င်ရောက်ခဲ့ကြောင်း၊
- မူဆယ်ဟု ပြောပြီး တရုတ်ပြည်တွင်းသို့ ရောက်ရှိနေသဖြင့်  ရောင်းစားခံရမည် စိုးရိမ်ကြောင်း ပြောရာ ပွဲစားက ဗမာအချင်းချင်း မရောင်းပါဟု ယုံကြည်အောင် ပြောဆိုပြီး တနေရာသို့ ဖုန်းဆက်ကြောင်း၊
- ခေတ္တမျှ အကြာတွင် တရုတ်မ နှစ်ဦး ကားဖြင့်ရောက်ရှိလာပြီး ခေါ်ဆောင်သွားကြောင်း၊
- ကျန်ဖုန်းမြို့ တည်းခိုခန်းရောက်ရှိစဉ် ပွဲစားအမျိုးသမီးက အိမ်သာ သွားဦးမည် ပြောဆိုပြီး ပျောက်သွားကြောင်း၊

အရောင်းခံရ
- တည်းခိုခန်းတွင် သူ့ကိုယူမည့် ဒေသခံအမျိုးသား ကွဲဟွန်း ဆိုသူ  ရောက်ရှိလာပြီး လုဆဆာမြို့သို့ ခေါ်ဆောင်သွားကြောင်း၊
- (၄) ညအိပ် ၊(၅) ရက်ကြာ ကားရထား စီးရကြောင်း၊ 
- ပြောင်းစိုက်ခင်းတွင် ဆင်းရဲပင်ပန်း ကြီးစွာ အနှိပ်စက်ခံ ပြီး အလုပ် လုပ်ကိုင်ပေးခဲ့ရကြောင်း၊
- တယောက် တမျိုး ခိုင်းပြီး ၀ိုင်းဝန်း နှိပ်စက် တတ်ကြောင်း၊
- အစား အသောက်အဖြစ် ခေါက်ဆွဲ ပြုတ်နှင့် မုန်ညင်းသာ စားသုံးခဲ့ရကြောင်း၊
- မိမိအား ၀ယ်ယူထားသည့် ယောက်ျားဖြစ်သူမှာလည်း လိင်ကိစ္စ အတင်းအဓမ္မ ပြုကျင့် နှိပ်စက်ကြောင်း၊
- လိင်ကိစ္စ လက်မခံလျှင် ခြေသလုံးကို ဓါးနှင့် ထိုးခွဲကြောင်း၊


ရဲစခန်းကို အကူအညီတောင်း
- အိမ်နီးချင်းတို့ သနားပြီးပေးသော ငါးကြော်စားမိသဖြင့် အရိုက်ခံခဲ့ရကြောင်း၊
-  ပြန်ခံပြောလျှင်လည်း အခန်းပိတ်ပြီး ၀ိုင်းရိုက် ကြကြောင်း ၊
- မိမိလွတ်မြောက်မှုအတွက် မိမိယောက်ျား တရုတ်လူမျိုးအား အချိုသတ်ပေါင်းခဲ့ကြောင်း၊
- တနေ့တွင် မုန့်ဝယ်စားမည် ပြောပြီး ထွက်ပြေးကာ ရဲစခန်းသို့ ပြေးဝင်ပြီး အကူညီတောင်းခံခဲ့ကြောင်း၊
- ရဲစခန်းတွင် ၃ ရက် စစ်ဆေးခံပြီးနောက် ရဲတို့က အိမ်လိုက်ပြစေကာ တရုတ်ယောက်ျားကို ဖမ်းဆီးခဲ့ကြောင်း၊

မြန်မာပြည်ပြန်ရောက်ပြီ
- တရုတ်ရဲတို့က ကြယ်ခေါင်မှ တဆင့် မူဆယ်မြို့ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊
- မူဆယ်မှ တဆင့် အမျိုးသမီး ပြုပြင်ထိန်းသိမ်းမှု သင်တန်းကျောင်း၊ ထို့နောက် မန္တလေး  အသက်မွေးမှု သင်တန်းသို့ ရောက်ရှိခဲ့ကြောင်း၊
- ယခု  တောင်ကြီးမြို့ လူမှု ၀န်ထမ်းနှင့် ပြန်လည် နေရာချထား ရေး အဖွဲ့၏ အကူအညီဖြင့် မိဘအုပ်ထိန်းသူထံသို့ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း ပြောကြားသည်။

မိသားစုထံ ပြန်အပ်နှံ
တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့၏ အစည်းဝေးခန်းမ တွင်ကျင်းပခဲ့သော အုပ်ထိန်းသူထံ ပြန်လည် အပ်နှံသည့် အစီအစဉ်ကို ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေ နှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး၊ လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး နှင့် သူ၏  အုပ်ထိန်းသူများ တက်ရောက်ကြသည်။

အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က -  ပြီးခဲ့တာတွေကို မေ့ပျောက်ကာ ဘ၀ကို စိတ်သစ်လူသစ်ဖြင့်  ဖြတ်သန်းသင့်ကြောင်း၊ မိဘထံ ပြန်ရောက်ခြင်းသည် များစွာ ကုသိုလ်ကံကောင်းကြောင်း  ပြောဆိုနှစ်သိမ့်ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး မိသားစုထံသို့ ပြန်လည် အပ်နှံခဲ့သည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

 






















-

3 comments :

  1. sour grain said... :

    Girls at Massage,KTV &CSWs r doing these jobs b/c of poverty.Not for hobby.They should be given licences not to be afraid of POLICE. Or police will squeeze, get free service &send them to jail.How pitiful their lives!Who has responsibility?

  1. Anonymous said... :

    လူကုန်ကူးတဲ့..ပွဲစားမိန်မက..ဘယ်ရောက်သွားပြီလဲ..အဲဒီလူကုန်ကူးပွဲစားတွေကိုအေ၇းယူဖို့...လွှတ်တော်မှာမတင်ပြကြဘူးလား...ဘာမဟုတ်တဲ့...အရူးဒေါက်တာဆိတ်ဖွားကို..အေ၇းယူဖို့..မဲခွဲဆုံးဖြတ်နေကြတယ်။

  1. sourgrain said... :

    The richer the Govt. ,the more girls from Delta will reach KTV,massage&others.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved