ကမ္ဘာ့ဘဏ်ကနေ ငွေထပ်ချေးနိုင်ပြီ

Monday, January 28, 2013

~


မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကမ္ဘာဘဏ်က ကြွေးမြီသစ် အဖြစ် ငွေချေးယူလို့ ရပါပြီ။ အရင် ကတော့ ကမ္ဘာ့ဘဏ် လုပ်ထုံးလုပ်နည်းအရ မြန်မာအနေနဲ့ ကြွေးမြီဟောင်း မဆပ်နိုင်ခဲ့လို့ ကြွေးသစ် ယူလို့ မရဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ခန်သန် ရှန်ကာ  (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အခုတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို မြန်မာက ပေးဖို့ ရှိတဲ့ ကြွေးမြီအဟောင်းဖြစ်တဲ့  ဒေါ်လာ သန်း ၉၀၀ လောက်ကို ဂျပန်နိုင်ငံက ကူညီလိုက်လို့ အခုလို ကြွေးမြီ သစ် ငွေချေး ယူဖို့ လမ်းပွင့်သွားတာပါ။ 

မြန်မာနိုင်ငံဟာ  ပေးဆပ်ဖို့ ရှိတဲ့ အဲဒီ ကြွေးမြီဟောင်း သန်း ၉၀၀ လောက် ကို ဂျပန်နိုင်ငံ ဘဏ်တခုဖြစ်တဲ့ Japan Bank for International Cooperation ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့ကိုက ပေါင်းကူး ကြွေးမြီ အဖြစ် ထောက်ပံ့ကူညီပေးတဲ့အတွက် ကမ္ဘာ့ဘဏ်က ယမန်နေ့က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာကို ကြွေးမြီကင်းရှင်းတဲ့ အစီအစဉ်ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။ 

အခုဆိုရင် ဒေါ်လာ သန်း ၅၀၀ လောက်ကို ချေးယူခွင့် ရမှာပါ။ ဒါဟာကြွေးဟောင်းကို လျှော်ပေးတဲ့ သဘောလည်းဖြစ်ပါတယ်။



ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်နိုင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ကြွေးမြီချေးယူလို့ ရတော့မှာဖြစ်တယ်လို့ The Economic Times သတင်းတပုဒ်က ဆိုပါတယ်။



























-

2 comments :

  1. U Crony(satire) said... :

    Thanks!Our family will be richer &we can invade more fields than before.Even housemaids can buy luxurious car &condos.After that,some few must be spent on the public!ha har ha.......har

  1. Anonymous said... :

    အကျိုးရှိရှိအသုံးပြုဘို့လိုအပ်ပါတယ်။ ချေးငွေမှ
    ကြွေငွေဖြစ်မသွားရအောင်ဂရုပြုပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved