ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီယားကို ရောက်ပြီ

Monday, January 28, 2013


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ  တောင်ကိုရီးယား နိုင်ငံသို့ ယနေ့ ဇန်န၀ါရီ လ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၁ မိနစ်က ချောမောစွာ ရောက်ရှိကြောင်း သတင်း ရရှိ ပါတယ်။ 


လေဆိပ်နှင့် တည်းခိုမည့် ဟိုတယ်ရှေ့တို့တွင်လည်း တောင်ကိုရီယားရောက် မြန်မာနိုင်ငံသားများက လာရောက်ကြိုဆိုကြပြီး သတင်းဌာန များစွာတို့မှ သတင်းသမားများလည်း စုဝေး ရောက်ရှိလာကြကာ တိုက်ရိုက် ရုပ်/သံ လွှင့်ထုတ်မှုများကို လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  
 ဂျိုဆောန်ဟိုတယ်သို့ ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား  သောင်းသောင်းဖျဖျ ကြိုဆိုနေစဉ်


ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့်ဟိုတယ်

၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် အပါအ၀င် မကြာသေးခင် က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတဆလာင်း Park Geun-hye နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ထိပ်သီး စည်းဝေးပွဲ၌ မိန့်ခွန်း 
ပြောကြား ရန်ရှိကြောင်း တောင်ကိုရီယားအခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ က ဆိုထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသည့် မြင်ကွင်းများ


ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၂၄ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ကျွန်း ဟိုနိုလူလူတွင် ကျင်းပသည့် Rotary Global Peace Forum သို့ တက်ရောက်ခဲ့ပြီး နောက် တောင်ကိုရီးယားသို့ ရောက်ရှိ လာခြင်း ဖြစ်ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကိုရီယားခရီးစဉ်အတွင်း အစီအစဉ်များကို ဤနေရာမှ တဆင့် သွားရောက် ကြည့်ရှု့နိုင်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved