အောင်သပြေ တိုးဂိတ်အရေး ဘာတွေ ဆွေးနွေး

Sunday, January 6, 2013

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

အော်သပြေတိုးဂိတ်၊ ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)

တောင်ကြီးမြို့နယ်၊ အောင်သပြေတိုးဂိတ် ရွှေ့ပြောင်းရေးအတွက် ဒေသခံတို့က   တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီထိ တိုင်ကြား ကန့်ကွက်အပြီးတွင် နေပြည်တော်မှ အရာရှိကြီးများက၎င်း တို့နှင့် လာရောက် တွေ့ဆုံ ညှိနှိုင်းကြသည်။




နေပြည်တော်မှ ခွန်ထိန်း/ အထွေထွေ မန်နေဂျာ ဦးစောအောင်၊ ဦးဇော်မြင့်ဦး နေပြည်တော် ဆောက် လုပ်ရေး ၀န်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှုး ဦးဇော်မြင့်ဦး၊ အင်ဂျင်နီယာမှုးကြီး ဦးတိုးခိုင်၊ ခရိုင် အုပ်ချုပ်ရေးမှုး  ဦးကောင်းစံဦး၊ အောင်သပြေဒေသခံများ၊ ရွှေညောင်ဒေသခံများ၊ တိုးဂိတ် တည်ဆောက်
နေသည့် တောင်ပေါ်ဒေသလမ်းဖောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ အရပ်ဘက် လူ့အဖွဲ့အစည်း များ၊ မီဒီယာ သမားများ  ကြာသပတေးနေ့ က တောင်ကြီးမြို့ ပြည်သူ့ ဆောက်လုပ်ရေးရုံး စုစည်း ခန်းမ တွင် တွေ့ဆုံကြသည်။

           ယင်းတို့တွေ့ဆုံရာတွင် တောင်ပေါ်ဒေသလမ်းဖောက်လုပ်ရေး ကုမ္ပဏီဘက်မှ ဒါရိုက်တာ ဦးသက်ဦးက
- မိမိတို့သည် ဒေသခံပြည်သူများနှင့် ပြဿနာ မဖြစ်စေလိုကြောင်း၊
- ဒေသခံများ ရင်ဆိုင်နေရသည့် အခက်အခဲများကို စာနာ နားလည်သဘောပေါက်ကြောင်း
- မိမိတို့ဘက်ကလည်း အတတ်နိုင်ဆုံးဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း၊
- ရွှေညောင်၊ တောင်နီ၊ အောင်သပြေ၊ ကျောက်နီ၊ တောင်လေးလုံးဒေသရှိ ယာဉ်များအား သက်ဆိုင်ရာအကူညီဖြင့် စာရင်းပြုစုပြီး ထော်လဂျီ၊ သာရေးနာရေး ယာဉ်များသာမက ကုန်တင်ယာဉ်များပါ FREE WAY သတ်မှတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ဒေသခံများဖြစ်သည့် ကိုမေဘရန်၊ ကိုအောင်ကျော်သူတို့ က...
- နိုင်ငံသားတိုင်းသည် အခွန်ပေးဆောင်ရမည့် တာဝန်ရှိကြောင်း၊
- မိမိတို့တောင်းဆိုနေခြင်းသည် FREE WAY မဟုတ်ကြောင်း၊
- တိုးဂိတ်အား အခြား သင့်တော်ရာနေရာသို့ ရွေ့ပြောင်းပေးရန် တောင်းဆိုနေခြင်းသာဖြစ်ကြောင်း၊
- လူနေရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဌာနဆိုင်ရာတွေအနီး မှာတည်ရှိနေခြင်းကြောင့် ပြောင်းရွှေ့စေလိုခြင်းဖြစ်ကြောင်း   ပြောသည်။

         နေပြည်တော် အရာရှိများရှေ့တွင် ရွှေညောင်ဒေသခံများနှင့် တိုးဂိတ်ကုမ္ပဏီတို့ အချက် ( ၉ ) ချက် သဘောတူညီမှု ရရှိခဲ့သည်။

သို့သော်လည်း အောင်သပြေဒေသခံများနှင့်မူ သဘောတူညီမှု တစုံတရာ မရရှိခဲ့ကြောင်း တွေ့မြင်ရသည်။













1 comments :

  1. စစ်တပ်အသွင်ပြောင်းတွေကြီးစိုးထားတဲ့ဆောက်လုပ်ရေး
    ဝန်ကြီးဌာနကိုလွှတ်တော်ကိုယ်စားလှယ်များကော်မတီဖွဲစည်း
    ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနကလုငန်းချပေးထားသောလမ်း
    တံတားလုပ်ငန်းအဆင့်မှီမမှီလမ်းတကယ်လုပ်မလုပ်လမ်းများ
    ချပေးတဲ့အတွက်ဝင်ငွေများကိုစစ်ဆေးသင့်ပါသည်။
    လမ်တွေပေါ်မှာငွေကောက်နေခြင်းများရပ်တန့်ပေးပါ။
    လမ်များပေါ်မှာငွေကောက်ခြင်းများရပ်တန်ပေးဖို့ပြည်သူလူထု
    တရပ်လုံးဆန္ဒထုတ်ဖော်ကြ ဆန္ဒထုတ်ဖော်ကြ ဆန္ဒထုတ်ဖော်ကြ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved