ရွှေတွံတေး ဆရာတော်ရဲ့ ပညာဒါန

Thursday, January 31, 2013


 ဧရာဝတီတိုင်း ပုသိမ် ချောင်းသာကမ်းခြေအနီး အခြေခံပညာမူလတန်းလွန်ကျေင်းသို့ ဇန်န၀ါရီလ၂၈ရက်  
နေ့ က ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့ပါတယ်။

 ကျေင်းသူကျောင်းသား ၅၀၀ ကျော်ရှိပြီး ၆ တန်းအထိ ပညာသင်ကြားသော်လည်း ဆရာမလုံလောက်ခြင်း
ကျောင်းဆောင်မလုံလောက်ခြင်း ပြင်ပမှလစာဖြင့်ခန့်ထားသော ဆရာမများကိုလည်း လစာပုံမှန် မပေးနိုင် 
ခြင်းစသည့်အခက်အခဲ များရှိနေကြောင်းသိရ သဖြင့် အရေးပေါ်လိုအပ်ချက် ကိုမေးမြန်းပြီးရွှေတွံတေး ဆရာတော်က ကျောင်းဆောင်ငယ် ၁ခု မတည်လှူဒါန်းခဲ့ပါတယ်။

 ထူးချွန်ကျောင်းသား ၂၇ ဦးကို အမှတ်တရ တီရှပ်နှင့်ဆုငွေချီးမြှင့်ပြီး လျှပ်တပြတ်မေးခွန်း များ ဖြေကြား 
နိုင်သူ တိုကိုလည်း ရွှေတွံတေးဆရာတော်က ဆုချီးမြှင့်ခဲ့သပါတယ်။

ရွှေတွံတေးဆရာတော်က သြ၀ါဒပေးရာ တွင် “ နိုင်ငံတော်သစ် ပြောင်းလဲတည်ဆောက်ရာမှာ အဓိက ပညာရေးကို   ဇောင်းပေးဆောင်ရွက်စေ ချင်တယ်၊ နိုင်ငံတော်က လုပ်ရင်အများကြီးလုပ်နိုင်တာပေါ့ ဘုန်းကြီးကတော့ ခပ်ပါးပါးပဲပံ့ပိုးနိုင်တယ်။ 

ဆရာမတွေလည်း နိုင်ငံတကာမှာလိုပဲ ကလေးတွေကို မရိုက်ပဲနဲ့ နားလည်အောင်ဆုံးမပြုပြင်တဲ့နည်းကို သုံးစေချင် တယ် ဆရာမတွေက နာ၃နာနဲ့ လစာနည်းနည်းမလုံမလောက်နဲ့  ဆောင်ရွက်ပေးနေ တာကို လည်းကျေးဇူးတင်ပါတယ် နိုင်ငံမှာအလဟသ၁ သုံးဖြုံးနိုင်နေတဲ့သူတွေကိုလည်း စာနာစိတ် ထားစေချင် တယ် ပရဟိတ ၀ိုင်းကူစေချင်တာပါပဲ’’ ......စသဖြင့် မိန့် ကြားခဲ့ပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved