၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ တောင်ကြီးမြို့မှာ ကျင်းပ

Saturday, January 5, 2013

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~ 

၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအား တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ( ၂၂ )ရပ်ကွက်လုံးတွင် တပျော်တပါး ဆင်နွဲကြသည်ကို တွေ့မြင်ရသည်။ 

 ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း( တောင်ကြီး) /ဧရာဝတီ

နံနက်ခင်းပိုင်းတွင် ကျောင်းကြီးစုရပ်၊ အနောက်မြို့ပတ်လမ်းရှိ ၊အဝေရာ မီးပုံပျံကွင်းတွင် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို လွတ်လပ်ရေး ရရှိခဲ့သည့် နာရီ၊ မိနစ် ၊ စက္ကန့်အတိအကျ အချိန်တွင် ကျင်းပ သည်။ 



ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် အတူ နယ်စပ်ရေးရာဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး တို့ တက်ရောက်သည်။ 

နံနက်ပိုင်း ၈းဝ နာရီခန့်တွင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးတွင် တာတိုအပြေးပြိုင်ပွဲ၊ မုန့် စားပြိုင်ပွဲ၊ မျက်စိမိတ် သံပုန်းခေါက်ပြိုင်ပွဲ ၊လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ ထုတ်စီးထိုးပြိုင်ပွဲ၊ ခေါင်းအုံး ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂိုးကျဉ်းဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ စစ်တုရင်ထိုးပြိုင်ပွဲတို့ကို ကျင်းပခဲ့သည်ကိုတွေ့မြင်ရသည်။ 

ယင်းလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများအား ကလေး ၊လူကြီး ၊မိန်းမ ၊အသက်အရွယ်မရွေး တပျော်တပါး ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ 



နေအိမ်အသီးသီးတွင်လည်း နိုင်ငံတော် အလံများ လွင့်တင်ထားသည်ကိုတွေ့မြင်ရပြီး ငွေကြေး ထက်ပျော် ရွှင်မှုများ ရရှိစေလိုသဖြင့် ချောတိုင်တက်ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒေသခံချောတိုင် တက်အဖွဲ့ တစ်ဖွဲ့ကပြောသည်။ 
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved