~
BIS ကျောင်းကို ဘာကြောင့် ဖွင့်ဖြစ်တာလဲ။
ဖွင့်တာ ၁၂ နှစ် ရှိပြီ။ ပုဂ္ဂလိကကျောင်းတွေ ပေါ်လာတော့ ILBC တို့လို အဆင့်မျိုး English media school တွေ တက်ချင်ကြပေမယ့် အဲဒီလောက် မြင့်တဲ့ ငွေကြေး မတတ်နိုင်ဘူး၊ တလကို ၅ဝ,ဝဝဝ၊ ၇ဝ,ဝဝဝ တတ်နိုင်တဲ့ လူလတ်တန်းစားအတွက် ဒီလို English media school လိုအပ်တယ် ဆိုပြီး မြင်တယ်။ ဒါကြောင့် ဖွင့်ဖြစ်သွားတာပါ။
ဖွင့်စတုန်းက ကျောင်းသူကျောင်းသား အရေအတွက် ဘယ်လောက် ရှိသလဲ။
ကျောင်းသူကျောင်းသား ၁၈၅ ယောက်နဲ့ စတာပါ။ အခု ဆိုရင် ကျောင်းကြီးမှာ ၆ဝဝ နီးပါး ဖြစ်သွားပြီ။ အခု မြင်နေရတာက ကျောင်းခွဲလေးတခု။
ကျောင်းသူကျောင်းသား အများစုက မြန်မာနိုင်ငံသားတွေလား။ နိုင်ငံခြားသားတွေလား။
မြန်မာနိုင်ငံသားတွေပါ။ ရန်ကုန်က များတယ်။ နယ်က ဆိုရင် - ကချင် တို့၊ ချင်းပြည်နယ်တို့ဘက်က မိဘတွေ နိုင်ငံခြားကို ကျမ်းစာနဲ့ ပတ်သက်ပြီး ပညာသွားသင်တယ်၊ သူတို့ရဲ့ ကလေးတွေ ရှိတယ်၊ ခရစ်ယာန်တွေပေါ့။ တနှစ်ကို နှစ်ယောက်သုံးယောက်လောက် ရှိမယ်။
ဒီကျောင်းက ILBC တို့လို နိုင်ငံတကာကျောင်းတွေနဲ့ ဘယ်လို ကွာခြားသလဲ။
ဒီကျောင်းမှာတော့ ကျောင်းလခ နည်းတဲ့အတွက် activity တွေ အများကြီး မလုပ်နိုင်ဘူး။ ပိုက်ဆံတွေ အများကြီးယူတဲ့ ကျောင်းကြီးတွေမှာ လုပ်တဲ့ ရေကူးသင်တန်းတွေ၊ ဂီတသင်တန်းတွေ၊ ကရာတေး၊ ဂျူဒိုသင်တန်းတွေ မလုပ်ပေးနိုင်ဘူး။
ဓာတ်ခွဲခန်းတော့ လုပ်ပေးတယ်။ စာကိုတော့ အကောင်းဆုံးဖြစ်အောင် ဖိဖိစီးစီး သင်ပေးတဲ့အတွက် တချို့ ကလေးတွေ နိုင်ငံခြားကိုသွားတဲ့အခါ ဟိုမှာ placement test ဖြေရင် ဒီမှာ လေးတန်းအောင် ငါးတန်းတက်ရမယ့် ကလေးက ဟိုမှာလည်း လေးတန်းအောင် ငါးတန်းတက်ခွင့်ရတယ်။ ဒါကြောင့် သင်ကြားရေးက အဆင့်မီတယ် (လို့ ပြောနိုင်တယ်)။
ကျောင်းသူကျောင်းသား တယောက်အတွက် တနှစ်စာ ကျောင်းဝင်ကြေးက ဘယ်လောက်လဲ။
မူလတန်း ဆိုရင် တလကို ၅ဝ,ဝဝဝ ယူတယ်။ အလယ်တန်း ဆိုရင် ၇ဝ,ဝဝဝ။ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်းက GCE level ကို သင်ပေးတာ ဆိုတော့ တက္ကသိုလ်က ဆရာ၊ ဆရာမကြီးတွေကို ခေါ်ရတဲ့အတွက် ၁ဝဝ,ဝဝဝ ယူပါတယ်။
ဒီကျောင်းမှာ ဘယ်သင်ရိုးညွှန်းတန်းကို စံထားပြီး သင်သလဲ။
အင်္ဂလိပ်စာကိုတော့ အိန္ဒိယကပြဋ္ဌာန်းချက်ကို ကိုင်တယ်၊ ကျန်တဲ့ဘာသာတွေကတော့ စင်္ကာပူသင်ရိုးကို ကိုင်တယ်။
ဒီကျောင်းက ထွက်သွားတဲ့ ကလေးတွေက ဘယ်လိုကျောင်းမျိုးတွေ တက်ကြသလဲ။
ဘာတွေကို ဆက်တက်ကြသလဲဆို LCCI လိုဟာမျိုး၊ management လို ဟာမျိုး၊ British Council က ကျင်းပပေးနေတဲ့ စာမေးပွဲလိုဟာမျိုး သွားတက်ပြီး ဒီပလိုမာ ယူကြတယ်။
နိုင်ငံခြားကကျောင်းတွေကို သွားတက်ကြတာ ရှိသလား။
နိုင်ငံခြားကျောင်းတွေ သွားတက်နိုင်မယ့် ငွေရေးကြေးရေး၊ အဆက်အသွယ် စသဖြင့် သူတို့မှာ မရှိဘူး။ ဒီကျောင်းမှာ ထားရင် ဘွဲ့မရဘူး၊ အစိုးရကျောင်းမှာ ထားရင် အနည်းဆုံး ဘွဲ့လေးတခုတော့ ရမယ်လို့ မပြောရုံတမယ် သူတို့ကို လမ်းကြောင်း ချပြတာပဲ။ ဒါပေမယ့် သူတို့က အစိုးရကျောင်းကို မထားချင်ဘူး။
ဘာကြောင့် အစိုးရကျောင်းမှာ မထားချင်ကြတာလဲ။
ထင်တာကတော့ - အစိုးရကျောင်းမှာ ငွေကုန်ကျေးကျများတယ် - အလှူငွေထည့်ရတယ်၊ ကျူရှင် ယူရတယ်ပေါ့၊ အစိုးရကျောင်းကိုသွားရင် စာမတတ်ဘူး ဆိုတဲ့ စိတ်ကလည်း တော်တော်များများမှာ ဝင်နေတယ်။ ဘာဖြစ်လို့ အစိုးရကျောင်းမထားချင်သလဲ၊ မိဘက နိုင်ငံခြားမှာ ရှိတာလား၊ ဒီကလေးက နိုင်ငံခြားသွားပြီး ဘွဲ့ယူမှာလားပေါ့။ သူတို့မှာ အဲဒါတွေ မရှိဘူး။ တချို့ ဆိုရင် သားသမီး တယောက်ပဲရှိတယ်၊ မလွှတ်ပါဘူး ကျမတို့ ကလေးတယောက်တည်းကို မလွှတ်နိုင်ဘူးပေါ့။ အစိုးရကျောင်းကို သူတို့ ယုံကြည်မှု နည်းတယ်။
စာသင်ခန်းတွေ၊ ကျောင်းခွဲတွေ ဘယ်လောက် ရှိသလဲ။
ကျောင်းခွဲ ၃ ခု ရှိတယ်။ မဂိုလမ်းမှာ တခု၊ ယောက်လမ်းမှာ တခု၊ ဒီမှာ တခု။ ဟိုဘက်ကျောင်းတွေမှာတော့ စာသင်ခန်းက ၇ ခန်းလောက် ရှိတယ်။ မနက်ဘက်တက်ရတဲ့ကျောင်း၊ မွန်းလွဲပိုင်း တက်ရတဲ့ကျောင်း ခွဲထားတယ်။
ဆရာ၊ ဆရာမရော ဘယ်လောက် ရှိသလဲ။
ဆရာ၊ ဆရာမက ကျောင်းတွေ အကုန်ပေါင်းလိုက်ရင် ၈ဝ ကျော် ရှိမယ်။
မြန်မာပြည်က ပုဂ္ဂလိကကျောင်းတွေရဲ့ အခက်အခဲက ဘာတွေ ဖြစ်မလဲ။
တခြား ပုဂ္ဂလိကကျောင်းတွေလည်း တွေ့ရမှာပါ၊ သင်ရိုးညွှန်းတမ်းက ခိုင်ခိုင်မာမာ မဖြစ်ဘူး၊ ကောင်းနိုးရာရာလုပ်တာတွေ တွေ့ရတယ်။ ကောင်းစေချင်တဲ့ဆန္ဒလည်း ပါတာပေါ့။ ဒီမှာ အရင်ကတော့ အိန္ဒိယသင်ရိုး တောက်လျှောက် သုံးတယ်၊ မိဘတွေကတော့ စင်္ကာပူသင်ရိုးကို အင်မတန် နှစ်သက်တယ်၊ စင်္ကာပူသင်ရိုးကလည်း ကောင်းပါတယ်။
အခက်အခဲကတော့ ဒီကျောင်း လုပ်နေတာ ၁၂ နှစ် ရှိပြီ၊ အစိုးရခွင့်ပြုချက် မရှိလို့ တနှစ်မှ ရင်မအေးရဘူး။ ခွင့်ပြုချက်ကို တင်တယ်၊ ပညာရေးမှူးဆီမှာ။ နှစ်တိုင်းမပျက်မကွက် တင်တယ်။ ဥပဒေဘောင်ထဲမှာ အလုပ်လုပ်ချင်တာလေ။
၁၉၇၄ အခြေခံဥပဒေမှာက အစိုးရကျောင်းကလွဲပြီးတော့ ဖွင့်ခွင့်မရှိဘူး ပြဋ္ဌာန်းထားတော့ ဒီပုဂ္ဂလိကကျောင်းတွေကို ဘယ်ဥပဒေနဲ့ ခွင့်ပြုရမလဲ သူတို့ မသိဘူး။ ကုန်သွယ်ရေးဌာနအောက်ကနေ ကုမ္ပဏီထောင်ပြီး ဖွင့်ခွင့် ပေးမယ် ဆိုတော့ ကုမ္ပဏီထောင်သေးတယ်၊ ကုမ္ပဏီထောင်တဲ့နှစ်မှာပဲ ပညာရေးက ပညာရေးအောက်ကနေပဲ သွားရမယ် ဆိုတော့ တရားဝင်ဖွင့်ထားတဲ့ကျောင်း မဟုတ်သလို ဖြစ်သွားတာပေါ့။ တရားဝင် မဟုတ်တဲ့အတွက် (အစိုးရက) အချိန်မရွေး ပိတ်လိုက်လို့ ရတယ်၊ ပိတ်ပါလို့လည်း ပြောခွင့် ရှိတယ်၊ ဒီမှာလည်း ကလေးတွေကို စာသင်ရတယ်။
နှစ်ခေါက်လောက်တော့ ဆိုးဆိုးဝါးဝါး ကြုံဖူးတယ်၊ ဆိုင်းဘုတ်တွေ ဘာတွေ ဖြုတ်ပေါ့၊ ကိုယ့်ဆရာတွေ ဖွင့်ထားတဲ့ကျောင်းတွေလည်း ရှိတယ်၊ သူတို့လည်း ဆိုင်းဘုတ်ဖြုတ်တဲ့သူကဖြုတ်ပေါ့။ ကျမကတော့ တင်းခံထားတယ်၊ မဖြုတ်ဘဲ နေကြည့်ဦးမယ်ပေါ့လေ၊ နှစ်ရက်လောက်နေတော့ ဆိုင်းဘုတ်တွေ ပြန်တပ်လိုက်ပါလို့ ဆိုတယ်။ အဲဒီတုန်းကတော့ တော်တော် လန့်သွားတာပေါ့၊ နှစ်နဲ့ချီပြီး အဆောက်အအုံတွေ ငှားရ၊ ငွေတွေ မြှုပ်နှံရတာလေ။ ဒီလို အခက်အခဲတွေတော့ ရှိတာပေါ့။
ကျောင်းတွေက လိုင်စင်မရှိတော့ ဘယ်လို ရပ်တည်ကြသလဲ။
ပညာရေးမှူးတွေက ဘာပြောလဲ ဆိုတော့ လိုင်စင်အတွက် လျှောက်လွှာတင်ပြီး ဆက်ဖွင့်ထားပါ တဲ့။ ဒီလိုလုပ်ထားတာ ၁၂ နှစ် ရှိသွားပြီ။
ဒီကျောင်းကထွက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူ ရှိတယ် ဆိုတော့ သူတို့ ဟိုမှာ ဘယ်ဘာသာရပ်တွေ သင်ကြသလဲ။
၃ တန်းအောင် ၄ တန်းပြောင်းသွားတာ၊ ၇ တန်းအောင် ၈ တန်းပြောင်းသွားတာ ရှိတယ်၊ သြစတေးလျ နဲ့ စင်္ကာပူကို သွားကြတာများတယ်။ ကနေဒါလည်း သွားတယ်။ ၁ဝ တန်းအောင်၊ GCE အောင်သွားတဲ့အခါမှာ Engineering တွေ သွားတယ်။ အင်္ဂလန်မှာလည်း ရှိတယ်၊ အမေရိကမှာလည်း တက်နေတယ်။
ပုဂ္ဂလိကကျောင်းတွေနဲ့ အစိုးရကျောင်းတွေ အနာဂတ်မှာ ဘယ်လို ဖြစ်လာနိုင်တယ်လို့ ထင်သလဲ။
အစိုးရကျောင်းတွေ ကျသွားမယ်လို့ မထင်ပါဘူး။ လူဦးရေနဲ့ တွက်ရင် ပုဂ္ဂလိကကျောင်းတွေက ရန်ကုန်မြို့ပေါ်မှာပဲ ခေတ်စားနေတာ၊ နယ်တွေမှာ ပုဂ္ဂလိကကျောင်းက မရှိသလောက်ပဲလေ။ အရမ်း နည်းသေးတယ်။
ပုဂ္ဂလိကကျောင်းတွေနဲ့ မြန်မာပြည်က တက္ကသိုလ်တွေက အချိတ်အဆက် ရှိဖို့ လိုတာပေါ့။ နဂိုကတည်းက GCE အောင်ရင် မြန်မာပြည်က တက္ကသိုလ်တွေ တက်ခွင့် ရှိတယ်၊ မြန်မာစာလည်း GCE မှာ ရှိတယ်၊ one paper ပါတယ်။
GCE အောင်တဲ့ကလေးက ဘယ်သူမှ အစိုးရတက္ကသိုလ် မသွားဘူး။ မသွားချင်လို့ကို ဒီပညာရေးလမ်းကြောင်း တက်တာပေါ့နော်။
အစိုးရသင်ရိုးကို လေ့လာတော့ Science နဲ့ Maths ဆိုရင် မြန်မာနိုင်ငံသင်ရိုး အရမ်းကောင်းတယ်၊ မြန်မာပြည်က ကျောင်းသားတွေ နိုင်ငံခြားသွားရင် Maths ကို သိပ်တော်တာပဲ။ ဒီမှာ ဂဏန်းပေါင်းစက်ကို အားမပြုရတဲ့ကလေးတွေ ဆိုတော့ အတွက်အချက် တော်တယ်၊ သူများကိုတောင် ဆရာလုပ်နိုင်တယ်။ ဒါကြောင့် အစိုးရကျောင်းတွေက ကျ မသွားဘူး။ ပုဂ္ဂလိကကျောင်းတွေလည်း များလာမှာပဲ။ မြန်မာပြည်မှာ ပြဋ္ဌာန်းတဲ့ သင်ရိုးက ကောင်းတယ်၊ ဒါပေမယ့် သင်တဲ့သူက မျိုးဆက်နဲ့ ပြန်တွက်ရင် ၁၉၇၄/၇၅ မှာ ကျောင်းတက်တဲ့ ကလေးက အခု ဆရာဖြစ်ပြီလေ၊ စာတွေကို မြန်မာလိုပဲ သင်ခဲ့ရတယ်၊ မြန်မာလို သင်ခဲ့ရတဲ့ ကလေးက အခု ဆရာပြန်ဖြစ်တယ်၊ အခု သူတို့က အင်္ဂလိပ်လို ပြန်ပို့ချရတဲ့အခါကျတော့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ အခက်အခဲ အများကြီး ဖြစ်တယ်၊ မြန်မာလို သင်ခဲ့ရသူက အင်္ဂလိပ်လို ပြန်ပို့ချရတာ စေးစေးပိုင်ပိုင် မရှိဘူးပေါ့။ မတတ်တဲ့သူက ဆရာပြန်ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ သင်ယူခဲ့တာနဲ့ ပြန်ပို့ချရတဲ့ပုံစံ မတူဘူး ဖြစ်နေတာလေ။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက မူလတန်းသင် ဆရာ/ဆရာမတွေကို ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းမှာ မွမ်းမံသင်တန်း လုပ်တယ်၊ မူလတန်း အင်္ဂလိပ်စာကို သင်ပေးရတဲ့ ဆရာ ဆရာမက အင်္ဂလိပ်စာကို မပိုင်ဘူး၊ မပိုင်တဲ့အတွက် ရဲရဲဝံ့ဝံ့ မသင်နိုင်ဘူး၊ ပိုင်နိုင်အောင်လည်း မွမ်းမံသင်တန်းတွေ မလုပ်ပေးကြဘူး။ ဒါကြောင့် နာရေးကူညီမှုအသင်းမှာ မွမ်းမံသင်တန်း လုပ်ပေးတယ်။ ပို့ချရတဲ့ ဆရာ ဆရာမ အရည်အချင်း မြှင့်တင်ရေးကို အမြဲလုပ်နေရမယ်လို့ မြင်တယ်လေ၊ ဒီကျောင်းမှာလည်း ဒီလိုပဲပေါ့၊ မူလတန်းသင်တဲ့သူက ကလေးစိတ်ပညာကိုတော့ အနည်းဆုံး သိရမယ်။ ဟိုတုန်းက ဘွဲ့ရမှ ဘီအီးဒီ ပညာရေးတက္ကသိုလ် သွားလို့ရတယ်၊
အခု ဆယ်တန်းအောင်ရင် ဘီအီးဒီ သွားလို့ရပြီ ဆိုတော့ ကလေးစိတ်ပညာတို့၊ သင်ကြားနည်းတို့ စတဲ့ သင်ကြားရေးပိုင်းကို ရပြီပေါ့၊ အဲဒီလူတွေက ဆရာဆရာမ ပြန်ဖြစ်ရင် မဆိုးဘူးပေါ့၊ ဒီမှာ ဆရာ ဆရာမလုပ်နေသူတွေ ဘီအီးဒီ တယောက်မှ မပါဘူး။
တတ်နိုင်တဲ့ လူနည်းစုပဲ ပုဂ္ဂလိကကျောင်းတွေ တက်နိုင်တယ် ဆိုတော့ မြန်မာပြည်ရဲ့ အနာဂတ် ပညာရေး အလားအလာက ဘယ်လို ရှိမလဲ။
ပညာခေတ်မို့ ပညာနောက်ကို လိုက်ပေမယ့် ပေးတဲ့လူရှိရမယ်လေ၊ ပေးတဲ့သူက အရည်အချင်း မပြည့်စုံတာ ပြဿနာပေါ့။ ပညာရေးက ကျဆင်းတဲ့ဘက်ကိုပဲ ရောက်သွားတာပေါ့။
နောင် ၁ဝ နှစ်မှာ တိုးတက်စေချင်တယ် ဆိုရင် အခု သင်ကြားနေတဲ့ ဆရာ ဆရာမတွေကို တိုးတက်အောင်မွမ်းမံပေးရမယ်။ သူတို့က အရည်အချင်း ပြည့်ဝရင် ကလေးတွေလည်း အရည်အချင်း ပြည့်ဝမယ်။ စားဝတ်နေရေးက အရမ်း ခက်ခဲတော့ ဆရာဆရာမကလည်း ကျောင်းချိန်ပြီးရင် ကျူရှင်ပေးရပြန်ရော။ ဒီတော့ သူ့ကိုယ်သူ တော်လာအောင် ကိုယ်တိုင်လေ့လာရေး မလုပ်နိုင်ဘူး။ ဒီကျောင်းက ဆရာဆရာမလည်း မလုပ်နိုင်ဘူး။ ဒါကြောင့် သူတို့ကို နွေရာသီမှာ သင်တန်း ပြန်ပေးတယ်။
အစိုးရကျောင်းက ဆရာဆရာမတွေက မွမ်းမံသင်တန်းမှာ ဘာလုပ်လဲ မသိဘူး၊ အင်္ဂလိပ်စာ သင်တယ် ဆိုရင် သူတို့က ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်းပဲ သင်တယ်၊ ဒီထက်ပိုပြီး မပြောဘူး၊ ဝါကျဖွဲ့တာတောင် သူ့ဟာသူ မဖန်တီးနိုင်ဘူး၊ သူဖန်တီးရေးသားလိုက်တာ မှန်သလား မှားသလား မဆုံးဖြတ်တတ်ဘူး၊ ဒါလေးပဲ သင်ပေးတယ်၊ သူကလည်း ဒါလေးပဲတတ်သလို ဖြစ်နေတာပေါ့၊ သူ့ကိုယ်သူလည်း ယုံကြည်ချက် မရှိဘူး။ ဆရာ ဆရာမက ဒီစာ ၅ကြောင်းကိုပဲ သင်ပေးတယ်၊ စာမေးပွဲမှာလည်း ဒီ ၅ကြောင်းကိုပဲ မေးတယ် ဆိုတော့ ကလေးက ဒီ ၅ကြောင်းကိုပဲ တတ်သွားတယ်။ တချို့ ဆရာ ဆရာမတွေကလည်း ကလေးတွေကို ပြောပြချင်ပါတယ်၊ ဒါပေမယ့် သူတို့မှာ စာအုပ် မရှိဘူး၊ ဝယ်လည်း မဝယ်နိုင်ဘူး။
သင်ရိုးညွှန်းတန်းက ကောင်းပြီးသား၊ ပြောင်းစရာ မလိုဘူးလို့ ဆိုလိုတာလား။
မူလတန်း အင်္ဂလိပ်စာ သင်ရိုးညွှန်းတန်းကို ယူကြည့်တော့ တော်တော် ကောင်းပါတယ်၊ သင်ရိုးဆွဲတဲ့သူနဲ့ ကျမတို့နဲ့ အိုင်ဒီယာချင်းမတူတာက ကျမက စာများများဖတ်ရင် စာတတ်တယ်လို့ ယူဆတယ်၊ သူတို့ကတော့ Grammar (သဒ္ဒါ)ကို အားပေးတာပေါ့၊ Grammar က Method ဆိုတော့ Method တတ်ရင် စာတတ်တယ်ပေါ့နော်၊ သူတို့က Reading (အဖတ်) ပိုင်း မှာတော့ အားနည်းတယ်။ လေးတန်းရောက်မှ စာပိုဒ်တိုလေးကို ဖတ်ရတယ်။ ဒီကျောင်းမှာတော့ သူငယ်တန်းကတည်း စာ ၄ ကြောင်းပဲ ဖြစ်ဖြစ် ဖတ်ရတယ်။
Essay ဆိုလည်း Myself ဆိုရင် Myself ပဲ နှစ်တိုင်း သင်တော့ ကလေးက Myself ကနေ မတက်တော့ဘူး။ ဒုတိယတန်းရောက်တော့လည်း Myself, တတိယတန်းရောက်တော့လည်း Myself ဖြစ်နေတယ်။
ဆရာ ဆရာမတွေက သူတို့ဆီမှာ Myself, My Mother, My Father မရှိဘူး၊ သူတို့ကို မွမ်းမံပေးရမယ်။ ဒါဆိုရင် နောင် ၁ဝ နှစ် ဖြစ်လာမယ့် ဆရာ ဆရာမက အရည်အခြင်း ပြည့်မယ်။
အခုဆိုရင် (ရန်ကုန်က) British Council မှာ အင်္ဂလိပ်စာ တိုးတက်အောင် လုပ်ပေးတယ်၊ ဒါလည်း လုပ်နိုင်တဲ့လူတန်းစားက နည်းနည်းလေး၊ ဒီလူတန်းစားကလည်း လုပ်ပြီးရင် တိုင်းပြည်ကနေ ထွက်သွားကြတာ။
အခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
-
ဒေါ်နီလာဘာရာဒွါဂျာ |
မြန်မာပြည်ကမိဘတွေ ပုဂ္ဂလိကကျောင်းကို ရွေးချယ်လာကြတာ ဘာကြောင့်လဲ၊ ဆရာဆရာမတွေကို မွမ်းမံသင်တန်းပေးဖို့ ဘာကြောင့် လိုအပ်သလဲ၊
ဒီအကြောင်းတွေကို ရန်ကုန်မြို့က Bharadwaj International School (BIS) တည်ထောင်သူ ဒေါ်နီလာဘာရာဒွါဂျာက ပြောပြထားပါတယ်။
ဧရာဝတီသတင်းထောက် ဇာနည်မာန်က ရန်ကုန်မြို့ မောင်ခိုင်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိတဲ့ BIS ကျောင်းကို မကြာသေးခင်က သွားရောက် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
BIS ကျောင်းကို ဘာကြောင့် ဖွင့်ဖြစ်တာလဲ။
ဖွင့်တာ ၁၂ နှစ် ရှိပြီ။ ပုဂ္ဂလိကကျောင်းတွေ ပေါ်လာတော့ ILBC တို့လို အဆင့်မျိုး English media school တွေ တက်ချင်ကြပေမယ့် အဲဒီလောက် မြင့်တဲ့ ငွေကြေး မတတ်နိုင်ဘူး၊ တလကို ၅ဝ,ဝဝဝ၊ ၇ဝ,ဝဝဝ တတ်နိုင်တဲ့ လူလတ်တန်းစားအတွက် ဒီလို English media school လိုအပ်တယ် ဆိုပြီး မြင်တယ်။ ဒါကြောင့် ဖွင့်ဖြစ်သွားတာပါ။
ဖွင့်စတုန်းက ကျောင်းသူကျောင်းသား အရေအတွက် ဘယ်လောက် ရှိသလဲ။
ကျောင်းသူကျောင်းသား ၁၈၅ ယောက်နဲ့ စတာပါ။ အခု ဆိုရင် ကျောင်းကြီးမှာ ၆ဝဝ နီးပါး ဖြစ်သွားပြီ။ အခု မြင်နေရတာက ကျောင်းခွဲလေးတခု။
ကျောင်းသူကျောင်းသား အများစုက မြန်မာနိုင်ငံသားတွေလား။ နိုင်ငံခြားသားတွေလား။
မြန်မာနိုင်ငံသားတွေပါ။ ရန်ကုန်က များတယ်။ နယ်က ဆိုရင် - ကချင် တို့၊ ချင်းပြည်နယ်တို့ဘက်က မိဘတွေ နိုင်ငံခြားကို ကျမ်းစာနဲ့ ပတ်သက်ပြီး ပညာသွားသင်တယ်၊ သူတို့ရဲ့ ကလေးတွေ ရှိတယ်၊ ခရစ်ယာန်တွေပေါ့။ တနှစ်ကို နှစ်ယောက်သုံးယောက်လောက် ရှိမယ်။
ဒီကျောင်းမှာတော့ ကျောင်းလခ နည်းတဲ့အတွက် activity တွေ အများကြီး မလုပ်နိုင်ဘူး။ ပိုက်ဆံတွေ အများကြီးယူတဲ့ ကျောင်းကြီးတွေမှာ လုပ်တဲ့ ရေကူးသင်တန်းတွေ၊ ဂီတသင်တန်းတွေ၊ ကရာတေး၊ ဂျူဒိုသင်တန်းတွေ မလုပ်ပေးနိုင်ဘူး။
ဓာတ်ခွဲခန်းတော့ လုပ်ပေးတယ်။ စာကိုတော့ အကောင်းဆုံးဖြစ်အောင် ဖိဖိစီးစီး သင်ပေးတဲ့အတွက် တချို့ ကလေးတွေ နိုင်ငံခြားကိုသွားတဲ့အခါ ဟိုမှာ placement test ဖြေရင် ဒီမှာ လေးတန်းအောင် ငါးတန်းတက်ရမယ့် ကလေးက ဟိုမှာလည်း လေးတန်းအောင် ငါးတန်းတက်ခွင့်ရတယ်။ ဒါကြောင့် သင်ကြားရေးက အဆင့်မီတယ် (လို့ ပြောနိုင်တယ်)။
ကျောင်းသူကျောင်းသား တယောက်အတွက် တနှစ်စာ ကျောင်းဝင်ကြေးက ဘယ်လောက်လဲ။
မူလတန်း ဆိုရင် တလကို ၅ဝ,ဝဝဝ ယူတယ်။ အလယ်တန်း ဆိုရင် ၇ဝ,ဝဝဝ။ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်းက GCE level ကို သင်ပေးတာ ဆိုတော့ တက္ကသိုလ်က ဆရာ၊ ဆရာမကြီးတွေကို ခေါ်ရတဲ့အတွက် ၁ဝဝ,ဝဝဝ ယူပါတယ်။
ဒီကျောင်းမှာ ဘယ်သင်ရိုးညွှန်းတန်းကို စံထားပြီး သင်သလဲ။
အင်္ဂလိပ်စာကိုတော့ အိန္ဒိယကပြဋ္ဌာန်းချက်ကို ကိုင်တယ်၊ ကျန်တဲ့ဘာသာတွေကတော့ စင်္ကာပူသင်ရိုးကို ကိုင်တယ်။
ဒီကျောင်းက ထွက်သွားတဲ့ ကလေးတွေက ဘယ်လိုကျောင်းမျိုးတွေ တက်ကြသလဲ။
ဘာတွေကို ဆက်တက်ကြသလဲဆို LCCI လိုဟာမျိုး၊ management လို ဟာမျိုး၊ British Council က ကျင်းပပေးနေတဲ့ စာမေးပွဲလိုဟာမျိုး သွားတက်ပြီး ဒီပလိုမာ ယူကြတယ်။
နိုင်ငံခြားကကျောင်းတွေကို သွားတက်ကြတာ ရှိသလား။
နိုင်ငံခြားကျောင်းတွေ သွားတက်နိုင်မယ့် ငွေရေးကြေးရေး၊ အဆက်အသွယ် စသဖြင့် သူတို့မှာ မရှိဘူး။ ဒီကျောင်းမှာ ထားရင် ဘွဲ့မရဘူး၊ အစိုးရကျောင်းမှာ ထားရင် အနည်းဆုံး ဘွဲ့လေးတခုတော့ ရမယ်လို့ မပြောရုံတမယ် သူတို့ကို လမ်းကြောင်း ချပြတာပဲ။ ဒါပေမယ့် သူတို့က အစိုးရကျောင်းကို မထားချင်ဘူး။
ဘာကြောင့် အစိုးရကျောင်းမှာ မထားချင်ကြတာလဲ။
ထင်တာကတော့ - အစိုးရကျောင်းမှာ ငွေကုန်ကျေးကျများတယ် - အလှူငွေထည့်ရတယ်၊ ကျူရှင် ယူရတယ်ပေါ့၊ အစိုးရကျောင်းကိုသွားရင် စာမတတ်ဘူး ဆိုတဲ့ စိတ်ကလည်း တော်တော်များများမှာ ဝင်နေတယ်။ ဘာဖြစ်လို့ အစိုးရကျောင်းမထားချင်သလဲ၊ မိဘက နိုင်ငံခြားမှာ ရှိတာလား၊ ဒီကလေးက နိုင်ငံခြားသွားပြီး ဘွဲ့ယူမှာလားပေါ့။ သူတို့မှာ အဲဒါတွေ မရှိဘူး။ တချို့ ဆိုရင် သားသမီး တယောက်ပဲရှိတယ်၊ မလွှတ်ပါဘူး ကျမတို့ ကလေးတယောက်တည်းကို မလွှတ်နိုင်ဘူးပေါ့။ အစိုးရကျောင်းကို သူတို့ ယုံကြည်မှု နည်းတယ်။
စာသင်ခန်းတွေ၊ ကျောင်းခွဲတွေ ဘယ်လောက် ရှိသလဲ။
ကျောင်းခွဲ ၃ ခု ရှိတယ်။ မဂိုလမ်းမှာ တခု၊ ယောက်လမ်းမှာ တခု၊ ဒီမှာ တခု။ ဟိုဘက်ကျောင်းတွေမှာတော့ စာသင်ခန်းက ၇ ခန်းလောက် ရှိတယ်။ မနက်ဘက်တက်ရတဲ့ကျောင်း၊ မွန်းလွဲပိုင်း တက်ရတဲ့ကျောင်း ခွဲထားတယ်။
ဆရာ၊ ဆရာမရော ဘယ်လောက် ရှိသလဲ။
ဆရာ၊ ဆရာမက ကျောင်းတွေ အကုန်ပေါင်းလိုက်ရင် ၈ဝ ကျော် ရှိမယ်။
မြန်မာပြည်က ပုဂ္ဂလိကကျောင်းတွေရဲ့ အခက်အခဲက ဘာတွေ ဖြစ်မလဲ။
တခြား ပုဂ္ဂလိကကျောင်းတွေလည်း တွေ့ရမှာပါ၊ သင်ရိုးညွှန်းတမ်းက ခိုင်ခိုင်မာမာ မဖြစ်ဘူး၊ ကောင်းနိုးရာရာလုပ်တာတွေ တွေ့ရတယ်။ ကောင်းစေချင်တဲ့ဆန္ဒလည်း ပါတာပေါ့။ ဒီမှာ အရင်ကတော့ အိန္ဒိယသင်ရိုး တောက်လျှောက် သုံးတယ်၊ မိဘတွေကတော့ စင်္ကာပူသင်ရိုးကို အင်မတန် နှစ်သက်တယ်၊ စင်္ကာပူသင်ရိုးကလည်း ကောင်းပါတယ်။
အခက်အခဲကတော့ ဒီကျောင်း လုပ်နေတာ ၁၂ နှစ် ရှိပြီ၊ အစိုးရခွင့်ပြုချက် မရှိလို့ တနှစ်မှ ရင်မအေးရဘူး။ ခွင့်ပြုချက်ကို တင်တယ်၊ ပညာရေးမှူးဆီမှာ။ နှစ်တိုင်းမပျက်မကွက် တင်တယ်။ ဥပဒေဘောင်ထဲမှာ အလုပ်လုပ်ချင်တာလေ။
နှစ်ခေါက်လောက်တော့ ဆိုးဆိုးဝါးဝါး ကြုံဖူးတယ်၊ ဆိုင်းဘုတ်တွေ ဘာတွေ ဖြုတ်ပေါ့၊ ကိုယ့်ဆရာတွေ ဖွင့်ထားတဲ့ကျောင်းတွေလည်း ရှိတယ်၊ သူတို့လည်း ဆိုင်းဘုတ်ဖြုတ်တဲ့သူကဖြုတ်ပေါ့။ ကျမကတော့ တင်းခံထားတယ်၊ မဖြုတ်ဘဲ နေကြည့်ဦးမယ်ပေါ့လေ၊ နှစ်ရက်လောက်နေတော့ ဆိုင်းဘုတ်တွေ ပြန်တပ်လိုက်ပါလို့ ဆိုတယ်။ အဲဒီတုန်းကတော့ တော်တော် လန့်သွားတာပေါ့၊ နှစ်နဲ့ချီပြီး အဆောက်အအုံတွေ ငှားရ၊ ငွေတွေ မြှုပ်နှံရတာလေ။ ဒီလို အခက်အခဲတွေတော့ ရှိတာပေါ့။
ကျောင်းတွေက လိုင်စင်မရှိတော့ ဘယ်လို ရပ်တည်ကြသလဲ။
ပညာရေးမှူးတွေက ဘာပြောလဲ ဆိုတော့ လိုင်စင်အတွက် လျှောက်လွှာတင်ပြီး ဆက်ဖွင့်ထားပါ တဲ့။ ဒီလိုလုပ်ထားတာ ၁၂ နှစ် ရှိသွားပြီ။
ဒီကျောင်းကထွက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူ ရှိတယ် ဆိုတော့ သူတို့ ဟိုမှာ ဘယ်ဘာသာရပ်တွေ သင်ကြသလဲ။
၃ တန်းအောင် ၄ တန်းပြောင်းသွားတာ၊ ၇ တန်းအောင် ၈ တန်းပြောင်းသွားတာ ရှိတယ်၊ သြစတေးလျ နဲ့ စင်္ကာပူကို သွားကြတာများတယ်။ ကနေဒါလည်း သွားတယ်။ ၁ဝ တန်းအောင်၊ GCE အောင်သွားတဲ့အခါမှာ Engineering တွေ သွားတယ်။ အင်္ဂလန်မှာလည်း ရှိတယ်၊ အမေရိကမှာလည်း တက်နေတယ်။
ပုဂ္ဂလိကကျောင်းတွေနဲ့ အစိုးရကျောင်းတွေ အနာဂတ်မှာ ဘယ်လို ဖြစ်လာနိုင်တယ်လို့ ထင်သလဲ။
အစိုးရကျောင်းတွေ ကျသွားမယ်လို့ မထင်ပါဘူး။ လူဦးရေနဲ့ တွက်ရင် ပုဂ္ဂလိကကျောင်းတွေက ရန်ကုန်မြို့ပေါ်မှာပဲ ခေတ်စားနေတာ၊ နယ်တွေမှာ ပုဂ္ဂလိကကျောင်းက မရှိသလောက်ပဲလေ။ အရမ်း နည်းသေးတယ်။
ပုဂ္ဂလိကကျောင်းတွေနဲ့ မြန်မာပြည်က တက္ကသိုလ်တွေက အချိတ်အဆက် ရှိဖို့ လိုတာပေါ့။ နဂိုကတည်းက GCE အောင်ရင် မြန်မာပြည်က တက္ကသိုလ်တွေ တက်ခွင့် ရှိတယ်၊ မြန်မာစာလည်း GCE မှာ ရှိတယ်၊ one paper ပါတယ်။
GCE အောင်တဲ့ကလေးက ဘယ်သူမှ အစိုးရတက္ကသိုလ် မသွားဘူး။ မသွားချင်လို့ကို ဒီပညာရေးလမ်းကြောင်း တက်တာပေါ့နော်။
အစိုးရသင်ရိုးကို လေ့လာတော့ Science နဲ့ Maths ဆိုရင် မြန်မာနိုင်ငံသင်ရိုး အရမ်းကောင်းတယ်၊ မြန်မာပြည်က ကျောင်းသားတွေ နိုင်ငံခြားသွားရင် Maths ကို သိပ်တော်တာပဲ။ ဒီမှာ ဂဏန်းပေါင်းစက်ကို အားမပြုရတဲ့ကလေးတွေ ဆိုတော့ အတွက်အချက် တော်တယ်၊ သူများကိုတောင် ဆရာလုပ်နိုင်တယ်။ ဒါကြောင့် အစိုးရကျောင်းတွေက ကျ မသွားဘူး။ ပုဂ္ဂလိကကျောင်းတွေလည်း များလာမှာပဲ။ မြန်မာပြည်မှာ ပြဋ္ဌာန်းတဲ့ သင်ရိုးက ကောင်းတယ်၊ ဒါပေမယ့် သင်တဲ့သူက မျိုးဆက်နဲ့ ပြန်တွက်ရင် ၁၉၇၄/၇၅ မှာ ကျောင်းတက်တဲ့ ကလေးက အခု ဆရာဖြစ်ပြီလေ၊ စာတွေကို မြန်မာလိုပဲ သင်ခဲ့ရတယ်၊ မြန်မာလို သင်ခဲ့ရတဲ့ ကလေးက အခု ဆရာပြန်ဖြစ်တယ်၊ အခု သူတို့က အင်္ဂလိပ်လို ပြန်ပို့ချရတဲ့အခါကျတော့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ အခက်အခဲ အများကြီး ဖြစ်တယ်၊ မြန်မာလို သင်ခဲ့ရသူက အင်္ဂလိပ်လို ပြန်ပို့ချရတာ စေးစေးပိုင်ပိုင် မရှိဘူးပေါ့။ မတတ်တဲ့သူက ဆရာပြန်ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ သင်ယူခဲ့တာနဲ့ ပြန်ပို့ချရတဲ့ပုံစံ မတူဘူး ဖြစ်နေတာလေ။
အခု ဆယ်တန်းအောင်ရင် ဘီအီးဒီ သွားလို့ရပြီ ဆိုတော့ ကလေးစိတ်ပညာတို့၊ သင်ကြားနည်းတို့ စတဲ့ သင်ကြားရေးပိုင်းကို ရပြီပေါ့၊ အဲဒီလူတွေက ဆရာဆရာမ ပြန်ဖြစ်ရင် မဆိုးဘူးပေါ့၊ ဒီမှာ ဆရာ ဆရာမလုပ်နေသူတွေ ဘီအီးဒီ တယောက်မှ မပါဘူး။
တတ်နိုင်တဲ့ လူနည်းစုပဲ ပုဂ္ဂလိကကျောင်းတွေ တက်နိုင်တယ် ဆိုတော့ မြန်မာပြည်ရဲ့ အနာဂတ် ပညာရေး အလားအလာက ဘယ်လို ရှိမလဲ။
ပညာခေတ်မို့ ပညာနောက်ကို လိုက်ပေမယ့် ပေးတဲ့လူရှိရမယ်လေ၊ ပေးတဲ့သူက အရည်အချင်း မပြည့်စုံတာ ပြဿနာပေါ့။ ပညာရေးက ကျဆင်းတဲ့ဘက်ကိုပဲ ရောက်သွားတာပေါ့။
နောင် ၁ဝ နှစ်မှာ တိုးတက်စေချင်တယ် ဆိုရင် အခု သင်ကြားနေတဲ့ ဆရာ ဆရာမတွေကို တိုးတက်အောင်မွမ်းမံပေးရမယ်။ သူတို့က အရည်အချင်း ပြည့်ဝရင် ကလေးတွေလည်း အရည်အချင်း ပြည့်ဝမယ်။ စားဝတ်နေရေးက အရမ်း ခက်ခဲတော့ ဆရာဆရာမကလည်း ကျောင်းချိန်ပြီးရင် ကျူရှင်ပေးရပြန်ရော။ ဒီတော့ သူ့ကိုယ်သူ တော်လာအောင် ကိုယ်တိုင်လေ့လာရေး မလုပ်နိုင်ဘူး။ ဒီကျောင်းက ဆရာဆရာမလည်း မလုပ်နိုင်ဘူး။ ဒါကြောင့် သူတို့ကို နွေရာသီမှာ သင်တန်း ပြန်ပေးတယ်။
အစိုးရကျောင်းက ဆရာဆရာမတွေက မွမ်းမံသင်တန်းမှာ ဘာလုပ်လဲ မသိဘူး၊ အင်္ဂလိပ်စာ သင်တယ် ဆိုရင် သူတို့က ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်းပဲ သင်တယ်၊ ဒီထက်ပိုပြီး မပြောဘူး၊ ဝါကျဖွဲ့တာတောင် သူ့ဟာသူ မဖန်တီးနိုင်ဘူး၊ သူဖန်တီးရေးသားလိုက်တာ မှန်သလား မှားသလား မဆုံးဖြတ်တတ်ဘူး၊ ဒါလေးပဲ သင်ပေးတယ်၊ သူကလည်း ဒါလေးပဲတတ်သလို ဖြစ်နေတာပေါ့၊ သူ့ကိုယ်သူလည်း ယုံကြည်ချက် မရှိဘူး။ ဆရာ ဆရာမက ဒီစာ ၅ကြောင်းကိုပဲ သင်ပေးတယ်၊ စာမေးပွဲမှာလည်း ဒီ ၅ကြောင်းကိုပဲ မေးတယ် ဆိုတော့ ကလေးက ဒီ ၅ကြောင်းကိုပဲ တတ်သွားတယ်။ တချို့ ဆရာ ဆရာမတွေကလည်း ကလေးတွေကို ပြောပြချင်ပါတယ်၊ ဒါပေမယ့် သူတို့မှာ စာအုပ် မရှိဘူး၊ ဝယ်လည်း မဝယ်နိုင်ဘူး။
သင်ရိုးညွှန်းတန်းက ကောင်းပြီးသား၊ ပြောင်းစရာ မလိုဘူးလို့ ဆိုလိုတာလား။
မူလတန်း အင်္ဂလိပ်စာ သင်ရိုးညွှန်းတန်းကို ယူကြည့်တော့ တော်တော် ကောင်းပါတယ်၊ သင်ရိုးဆွဲတဲ့သူနဲ့ ကျမတို့နဲ့ အိုင်ဒီယာချင်းမတူတာက ကျမက စာများများဖတ်ရင် စာတတ်တယ်လို့ ယူဆတယ်၊ သူတို့ကတော့ Grammar (သဒ္ဒါ)ကို အားပေးတာပေါ့၊ Grammar က Method ဆိုတော့ Method တတ်ရင် စာတတ်တယ်ပေါ့နော်၊ သူတို့က Reading (အဖတ်) ပိုင်း မှာတော့ အားနည်းတယ်။ လေးတန်းရောက်မှ စာပိုဒ်တိုလေးကို ဖတ်ရတယ်။ ဒီကျောင်းမှာတော့ သူငယ်တန်းကတည်း စာ ၄ ကြောင်းပဲ ဖြစ်ဖြစ် ဖတ်ရတယ်။
ဆရာ ဆရာမတွေက သူတို့ဆီမှာ Myself, My Mother, My Father မရှိဘူး၊ သူတို့ကို မွမ်းမံပေးရမယ်။ ဒါဆိုရင် နောင် ၁ဝ နှစ် ဖြစ်လာမယ့် ဆရာ ဆရာမက အရည်အခြင်း ပြည့်မယ်။
အခုဆိုရင် (ရန်ကုန်က) British Council မှာ အင်္ဂလိပ်စာ တိုးတက်အောင် လုပ်ပေးတယ်၊ ဒါလည်း လုပ်နိုင်တဲ့လူတန်းစားက နည်းနည်းလေး၊ ဒီလူတန်းစားကလည်း လုပ်ပြီးရင် တိုင်းပြည်ကနေ ထွက်သွားကြတာ။
အခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
-
Educator တယောက်အနေနဲ့ ကျမအမြင်ကို ပြောချင်ပါတယ်။
သူဖြေထားတာတွေက ပွင့်၂လင်း၂တော့ ရှိသလိုပဲ .. ဒါပေမယ့် တချို့နေရာတွေက သူ့အဖြေကို နည်း၂ နားမလည်ဘူး။
တခု နားမလည်တာ အင်္ဂလိပ်စာသင်ရိုးကို ဘာလို့ အိန္ဒိယကို လိုက်ရတာလဲ ... စင်္ကာပူ သင်ရိုးကတောင် ပိုကောင်းဦးမယ်။
နောက်ပီး မြန်မာသင်ရိုးတွေက ခေတ်နဲ့အညီမဖြစ်ဘူး .. တင်ပြပုံက text-based .. ကျောင်းသားကို engage မလုပ်နိုင်ဖူး .. အဲဒီ အဓိက ပြဿနာတွေကို မပြောသွားဖူး။
သင်္ချာကို စိတ်နဲ့ တွက်နိုင်တာ .. calculator မပါဘဲ တွက်နိုင်တာဟာ သင်္ချာ အားကောင်းတာ မဟုတ်ဘူး။ အကျင့်ရသွားတာ .. သင်္ချာကောင်းတာ မကောင်းတာက ဥာဏ်စမ်းဘယ်လောက် ဖြေနိုင်လဲ ဆိုတာနဲ့ နှိုင်းယှဉ်ရမှာပါ။
ဆရာ ဆရာမတွေကို မြှင့်တင်ရေးလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ ပြောသွားတာတော့ ကောင်းပါတယ်။