ကဗျာဆရာ မောင်ရန်ပိုင် ကွယ်လွန်

Tuesday, January 15, 2013



ကဗျာဆရာ မောင်ရန်ပိုင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇန်န၀ါရီ ၁၀ ရက်နေ့)
နံနက် ၅ နာရီက ရန်ကုန် မြို့၊ မြောက်ဥက္ကလာပ ဆေးရုံတွင် ကွယ်လွန်သွားပါတယ်။
 

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိပါပြီ။ မနက်ဖြန်မှာ သူ့အတွက် ရက်လည်အစီအစဉ် ပြုလုပ်မယ်လို့ သိရပါတယ်။

ကဗျာဆရာ မောင်ရန်ပိုင်ဟာ ခိုကိုးရာမဲ့ အနုပညာရှင်တွေအတွက် “မေတ္တာ တရားအိမ် ဖောင်ဒေးရှင်း” ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ 


ပုသိမ်မြို့ အဖ ဦးအောင်မြင့်၊ အမိ ဒေါ်ခင်ဖုန်းမြင့် တို့၏ သား ဖြစ်သူ စာရေးဆရာ၊ကဗျာဆရာ မောင်ရန်ပိုင် ဟာ တချိန်က နာမည်ကြီးဇာတ်သဘင် တခုဖြစ်တဲ့ “မန္တလေးသိန်းဇော်” ဇာတ်မှာ ဇာတ်ညွန်းရေး၊ ကဗျာရေး စပ်ခဲ့သူဖြစ်ပြီး “ဇာတ်မင်းသားလေး သိန်းဇော်..သိန်းဇော် တိုင်းပြည်ကမျှော်” ဆို တဲ့ သီချင်းနဲ့ နာမည် ရလာခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

မသေဆုံးမီ အချိန်ထိ ကဗျာတွေ စာတွေရေးပြီး ဘ၀ကို ဆင်းရဲ ပင်းပန်းစွာဖြင့် ဖြတ်သန်း သွားခဲ့ရသူဖြစ်ပါ တယ်။ 


ကဗျာဆရာ မောင်ရန်ပိုင် နောက်ဆုံး ရေးခဲ့တဲ့ ကဗျာစာစုလေးများကိုလည်း ပြန်လည် မျှဝေ ပေးလိုက်ပါ တယ်။  
























-

1 comments :

  1.ဲငြိမ်းချမ်းရေးကို ချစ်တဲ့ မောင်ရန်ပိုင်
    သေနတ်ပြောင်းမှာ ပန်းတွေပန်ပေးမယ့် မောင်ရန်ပိုင်
    ဂျိးဌက်အလား ငြိမ်းချမ်းရေးကို သီကျူးတဲ့ မောင်ရန်ပိုင်
    လေထန်ကုန်းက မောင်ရန်ပိုင်

    အခုတော့ ငြိမ်းချမ်းသွားပြီပေါ့ မောင်ရန်ပိုင်

    ကိုတက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved