စေတနာဝသန်ပွဲမှာ တွေ့ရတဲ့ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်- ၈၈ မျိုးဆက်
ဦးမင်းကိုနိုင်အပါအ၀င် ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော် စတဲ့ ၈၈ မျိုးဆက်
ကျောင်းသားများဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့နဲ့ တခြား မြို့တချို့ကို သွားဖို့ ရှိပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာ အတွေ့အကြုံတွေ ရရှိရေးအတွက်ဖြစ်တယ်လို့ သိရ ပါတယ်။
ယခု ခရီးစဉ်ကို Center for Peace and Conflict Study အဖွဲ့အစည်းက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း
ယခုအခါ ဗီဇာရရှိရေးနှင့် ခရီးစဉ် အသေးစိပ်များကို စီစဉ်နေကြောင်း၊ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်
ကျောင်းသား စုစုပေါင်း ၁၆ ဦးပါဝင်မည်ဖြစ်ကြောင်း ဦးပြုံးချိုက ဧရာဝတီကို ပြောပါ တယ်။
"ကျနော်တို့ အစီအစဉ် အသေးစိပ်ညှိနှိုင်းနေတာ အဆင်ပြေမယ်ဆိုရင်တော့ ဇန်န၀ါရီ လ ၁၄ ရက်နေ့ ဒီကထွက်ပြီး ၁၈ ရက်နေ့ ပြန်လာမှာပါ" လို့ ဦးပြုံးချိုက ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနဲ့အတူ ဒီမိုကရေစီ ဆုကို ရရှိခဲ့လို့ အမေရိကန် ခရီးစဉ် သွားဖို့ ရှိခဲ့ပေမယ့် နိုင်ငံကူး လက်မှတ်ဟာ သွားခါနီး နာရီပိုင်း အလိုမှသာ ရရှိခဲ့တာရယ် ပါ့စ်ပို့ ထုတ်ပေးတာမှာ ခွဲခြားမှုတွေ ရှိတာတွေကြောင့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့တာပါ။
၅ ရက်တာ ဖိလစ်ပိုင် နိုင်ငံခရီးစဉ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ
မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်
0 comments :
Post a Comment