၂၀၀၈ ခုနှစ် နာဂစ် ဒဏ်ခံရသော ဘိုကလေးမြို့ နယ်ကဒုံကနိတွင် နာဂစ်အလွန် ကျန်ရစ်ခဲ့သော ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုဘိုးဘွားများအတွက် “နာဂစ်ဆည်းဆာ ” ဘိုးဘွားရိပ်သာ တခုကိုတည်ထောင်ရန် ဇန်န၀ါရီလ ၂၀ ရက်နေ့က ကဒုံကနိသို့  ရွှေတွံတေးဆရာတော် သွားရောက် မတည်လှူဒါန်းခဲ့ပါတယ်။
ကဒုံကနိသား ဦးအောင်မြင့်က မြေကွက် ၅ ဧကကို ရေစက်ချလှူဒါန်းပြီး (ပြည်သူ့ ဂုဏ်ရည်) ဒေါ်ရူက လည်း စုပေါင်းအလှူငွေများပေးအပ်ခဲ့ပါတယ်။ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရိ သီရိဒုံကလည်း ကဒုံကနိတွင်ကျပ်ငွေ သိန်းပေါင်း ၄ ထောင်ခန့် ကုန်ကျခံပြီး သဘာဝဘေးဒဏ် ကာကွယ်ရန် အဆောက် အဦးကြီး ၁ ခုကို ဆောက်လုပ်လှူဒါန်းထားပါတယ်။
ရွှေတွံတေးဆရာတော်ကလည်း နာဂစ်ဒဏ်သင့်ခဲ့တဲ့ ပြည်သူများအတွက် ဘတ်ငွေ ၁၀သန်းကျော်ဖိုးနှင့် ကျပ်ငွေသိန်း ပေါင်းတသောင်းတထောင်ဖိုး လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ဆန်အလှူ၊ ဆေးအလှူ၊ စက်အလှူ ကျွဲအလှူ နှင့် အထွေထွေအလှူများ လှူဒါန်းခဲ့ဘူးပါတယ်။
ရွှေတွံတေးဆရာတော်က......... “နာဂစ်ဆည်းဆာ” “ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအတွက် ညီညီညွတ် ညွတ်စုပေါင်းပါဝင်ကြပါ တချို ဘိုးဘွားရိပ်သာက နောက်ခံကောင်းတဲ့ ဘိုးဘွားတွေကိုပဲလက်ခံတာရှိတယ် ခိုကိုးရာမဲ့ဆိုလက်မခံကြဘူး အဲဒါမျိုမဖြစ်စေချင်ဘူး…ဘိုးဘွားတွေကို တနေရာတည်းမှာ စုပြီး
စောင့်ရှောက် ပေးကြမှာဆိုတော့ပိုကောင်းပါတယ်။
နောက်ပိုင်းအဆင်ပြေရင်လည်း နာဂစ်ဒဏ်သင့် ဧရာဝတီ တတိုင်းလုံး အတွက်ဆောင်ရွက်ကြတာပေါ့ သီရိဒုံ လှူထားတဲ့ အဆောက်အဦးကိုလည်း သဘာဝ ဘေး ဒဏ်ကျ ရောက်တဲ့အခါ အရေးပေါ် သုံးကြ တာပေါ့အခုလည်းအလဟသ မထားဘဲ အကျိုးရှိရာတခုခု စီစဉ်ပြီးသုံးနေကြရင် ပိုကောင်းတာပေါ့ နယ်ခံတွေနဲ့ အာဏာပိုင်တွေညှိပြီး အကျိုးရှိအောင်လုပ်ကြစေ ချင်တယ်’’....စ သဖြင့်သြ၀ါဒပေး ခဲ့ ပါတယ်။
0 comments :
Post a Comment