~
ဒီအကြောင်းအရာများကို ကြယ်ပြာရဲ့ ဘိန်းနံ့ဝေဝေ ကယန်းမြေ ဆိုတဲ့ ဆောင်းပါးမှာ ရေးထားပါတယ်။
ဘိန်းနံ့ဝေဝေ ကယန်းမြေ
burma.irrawaddy.org/archives/29766
-
ဒီဇင်ဘာလ ဘိန်းရာသီ ကုန်ဆုံးခဲ့ပြီမို့ ဘိန်းပန်းပွင့်တွေကို သိပ်မတွေ့ရတော့ပါဘူး။ |
နေရာကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဝန်းကျင် ဖြစ်ပါတယ်။ |
ဘိန်းစိုက်တာကို မကောင်းမှုလို့ မမြင်တော့ဘူးလေ။ မြင်ခဲ့ရင်တောင် ဘိန်းက လွဲရင် တခြား သီးနှံစိုက်ဖို့မှ မအောင်မြင်တဲ့ ဒေသမှာ ဒါတွေ မစိုက်ရင် အကုန်ငတ်သေကုန်မှာ တဲ့၊ ဒေသခံတဦးရဲ့ အပြောပါ။ |
ဘိန်းကို အဆင့်ဆင့် ချက်လုပ်ပြီးတဲ့နောက်မှာ ဒီလို ဘိန်းမည်း ဖြစ်လာပါပြီ။ |
ဘိန်းတွေကြောင့် လူတွေသေကြမယ်ဆိုတာကို သိနေတယ်လေ။ လူတွေကို မသေစေချင်ပေမယ့် ကျနော်တို့ငတ်နေကြတဲ့ အခက်အခဲကို ဘယ်သူကလာပြီး ဖြေရှင်းပေးလို့လဲ တဲ့ - ဘိန်းစိုက်ပျိုးသူ တဦးက ဆိုပါတယ်။ |
အစိုးရဘက်ရော အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကိုပါ ဆက်ကြေးပေးတဲ့အတွက် ဒေသတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှုကို အဆင်ပြေစေပါတယ် လို့ ဆိုသူလည်း ရှိပါတယ်။ |
ဘိန်းစိုက်တိုင်းသာ ဖမ်းကြေး၊ ထောင်ချကြေး ဆိုရင် ဒီဒေသကို တံတိုင်းခတ်လိုက်ရုံသာ။ |
ဘိန်းနံ့ဝေဝေ ကယန်းမြေ
burma.irrawaddy.org/archives/29766
0 comments :
Post a Comment