သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူအဖြစ် ဦးရဲထွဋ်အား တာဝန်ပေး

Wednesday, January 9, 2013

ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ် လိုက်ကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူဖြစ်လာတဲ့  ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ်

ဦးရဲထွဋ်ဟာ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်တွင် ပြန်ကြားရေး ညွှန်ကြားရေးမှူး ချုပ် ဖြစ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည် လက်ထက်တွင် ဒု ဝန်ကြီး ဖြစ်လာခဲ့သူပါ။ 

အခုဆိုရင် သမ္မတထံက တရားဝင် အတည်ပြုချက်၊ သတင်းထုတ်ပြန်ချက်တွေကို ဦးရဲထွဋ်ကနေ တဆင့် ပြောကြားတော့မယ်ဆိုတဲ့ သဘောပါ။ အခု ပြန်ကြားရေး ၀န်ကြီးဌာနက ကြေငြာချက်ထဲမှာတော့ ဦးရဲထွဋ်ကို ဆက်သွယ်ရမယ့် တယ်လီဖုန်း၊ အင်တာနက် လိပ်စာတွေ ဖော်ပြမထားပါဘူး။


2 comments :

  1. Anonymous said... :

    မမှန်မကန်(သို့)လိမ်ညာမှူအတိပြီးသောသတင်းများကို
    ဗျောင်လိမ်ဖို့တရားဝင်လူလိမ်တယောက်ကိုခန့်အပ်ပြီး
    မိုးလုံးပြည့်မုသားဝါဒများကိုပီပီပြင်ပြင်တင်ဆက်ပါလိမ့်မယ်

  1. Banya Saw said... :

    The right person for the right position at the right time.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved