လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ကို ပိတ်လိုက်ပြီ

Thursday, January 10, 2013

~



မကြာသေးခင်ကမှ ထုတ်ဝေလာတဲ့ လိင်ပညာပေး မဂ္ဂဇင်း (သို့မဟုတ်)  "ညှို့မဂ္ဂဇင်း" ဟာ အခုတော့ ပိတ်ပင်ခြင်း ခံလိုက်ရပါပြီ။ 



အရှေ့တောင် အာရှ နိုင်ငံများမှာပင်လျှင် ပထမဆုံးထွက်ရှိလာတဲ့ လိင် ပညာပေး မဂ္ဂဇင်းရယ်လို့ အာရှ မီဒီယာတွေကတောင် ဖော်ပြခဲ့ပါတယ်။ 

ထုတ်ဝေခွင့် လျှောက်ထားစဉ်က ဖက်ရှင် အသားပေး မဂ္ဂဇင်း အဖြစ် လျှောက်ထားခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ကြီးကြပ်မှု ဗဟို အဖွဲ့က ဆိုထားပါတယ်။ 


လျှောက်ထားစဉ်က ဖက်ရှင်အသားပေး လျှောက်ထားခဲ့ပေမယ့် တကယ် ထွက်ရှိလာတဲ့အခါ လိင်ပညာ 
ပေး မဂ္ဂဇင်းလို့ သုံးနှုန်း ထုတ်ဝေလာတာ၊ တချို့ ဓာတ်ပုံနဲ့ စာသားတွေဟာ လိင်စိတ် ကို နှိုှးဆွပေးတာဖြစ် ပြီး လူအများက မနှစ်သက်ကြောင်း တုံ့ပြန်မှုတွေ သိရတယ်လို့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင် နဲ့ ဖြန့်ချီရေးလုပ်ငန်း ကြီးကြပ်မှု ဗဟို အဖွဲ့ အစည်းအဝေး အမှတ် ၁/၂၀၁၃ က ဆိုထားပါတယ်။ 



ဒါကြောင့် ညှို့မဂ္ဂဇင်းကို တည်ဆဲ ဥပဒေ ပုဒ်မ ( ၁၀) အရ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ လက်မှတ်ကို ရုပ်သိမ်းမယ်၊  မူလ လျှောက်ထားစဉ်က ထက် ၄၀ ရာခိုင်နှုန်းအောက် ကွဲလွဲဖော်ပြနေတဲ့ အခြား ဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူ သတိပေးမယ် လို့ အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ 

အဆိုပါ အစည်းအဝေးမှာ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်ကလည်း မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ 

သတင်းအပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာမှာလည်း ဖော်ပြထားပြီး ဤနေရာမှ တဆင့် သွားရောက် ဖတ်ရှုနိုင်ပါတယ်။  



ဆက်စပ် သတင်းများ 

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ငြိနေပြီတဲ့ 

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ထွက်ပြီ 

လိင်ပညာပေး မဂ္ဂဇင်း ထွက်လာတော့မယ် တဲ့

ညှို့မဂ္ဂဇင်းဖြန့်သူတဦးနဲ့ အင်တာဗျူး

 

 

 



2 comments :

  1. Anonymous said... :

    မီဒီယာလွတ်လပ်ခွင့်ရတော့ အဆင့်အတန်းတွေဖော်ပြတာပေါ့နော့

  1.ုkk said... :

    အပိတ်ခံရတာနဲတောင်နဲသေးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved