ကချင် စစ်ပွဲတွေ အေးချမ်းဖို့ အဝေးရောက် တိုင်းရင်းသားတွေ ဆုတောင်းပွဲပြုလုပ်မည်

Tuesday, January 22, 2013

  ကျော်ခ~
  
 မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေက အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပါတယ်၊ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့ အစိုးရတပ်ကို အမိန့်ပေးထားပေမယ့်  
နောက်နေ့ မနက်မှာပဲ ကချင် ပြောက်ကျားတပ် တွေကို အစိုးရတပ်တွေက အမြှောက်တပ်တွေ၊  ခြေလျင် တပ်တွေနဲ့ အင်အားသုံးပြီး ဆက်လက်တိုက်ခိုက်နေဆဲပါ။ 

 ဒီအခြေအနေမှာ တိုက်ပွဲတွေ ဖြစ်ပွားရာ နေရာတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ကချင်တိုင်းရင်းသား  
တွေမှာ ဘေးလွတ်ရာတွေကို ထွက်ပြေးခိုလှုံနေရပြီး အများစုဟာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ အခုအခါမှာ စစ်ဘေးဒုက္ခသည်တွေဟာ တရုတ်-မြန်မာ နယ်စပ်တလျောက် မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှာခိုလှုံနေကြရပြီး စုစုပေါင်း ၁ သိန်းကျော်ရှိသွားပြီဖြစ်ပါတယ်။ 

သူတို့ဟာ စစ်ဘေးတိမ်းရှောင်ရင်း စားဝတ်၊ နေရေးနဲ့ ချမ်းအေးလှတဲ့ ဆောင်းဒဏ်ကို ခံနေရပါတယ်။ ဒီစစ်ပွဲတွေ ငြိမ်းအေးသွားစေဖို့နဲ့ အစိုးရထိုးစစ်ကြောင့် စစ်ဘေးသင့် ကချင်လူထုနှင့် စစ်ဘေးဒုက္ခသည် အကြပ်အတည်း အမြန်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး သြစတြေးလျ ရောက် ကချင်လူမျိုးများ အပါအဝင် အခြား တိုင်းရင်းသား ပေါင်းစုံက ဒီကနေ့ ညနေပိုင်းမှာ Sydney မြို့ရဲ့ Hyde Park မှာ ဆုတောင်းပွဲ တစ်ခု 
ပြုလုပ်ကြမှာဖြစ်ပါတယ်။ 

 အောက်ပါ ဓါတ်ပုံတွေကတော့ ဆုတောင်းပွဲမှာ ကိုင်ဆောင်မယ့် ဆိုင်းဘုတ်တွေဖြစ်ပါတယ်။



2 comments :

  1. Anonymous said... :

    ဆုတောင်းပွဲမဟုတ်ဘဲ ဆဲဆိုပွဲကြီး ဖြစ်နေပါလား။ ဆိုင်းဘုတ်တွေ ကြည့်ပြောတာပါ။

  1. sour grain said... :

    The only thing they can do is saying their prayers!Thanks!Live without worry.Then rest in peace!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved