~
ထိုင်းနိုင်ငံ ရနောင်း ခရိုင်အတွင်းရှိ များစွာသော ကုန်ထုတ်လုပ်ငန်းများသည် မြန်မာနိုင်ငံဘက် သို့ ပြောင်းရွှေ့လုပ်ကိုင် ရန် စီစဉ်နေကြကြောင်း သိရပါတယ်။
ထိုင်းအစိုးရက တနေ့ အလုပ်သမား လုပ်အားခအား အမြင့်ဆုံး ဘတ်ငွေ ၃၀၀ အဖြစ် ဇန်န၀ါရီလ ၁ ရက်
နေ့ က တရားဝင် သတ်မှတ် ကြေငြာလိုက်သည့် အတွက် အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အား မြန်မာနိုင်ငံဘက်ခြမ်းတွင် လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ (TNA) သတင်းတပုဒ်က ဆိုပါတယ်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရနောင်စက်မှုဇုံမှ ယမန်နေ့က ကြေငြာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့ပါ တယ်။ လက်ရှိ လုပ်အားခ ဈေးနှုန်းမြင့်မားမှုနဲ့ ထိုင်းနိုင်ငံတွင်း ကုန်ကြမ်း လျော့ကျမှုများကြောင့် ထိုင်း စီးပွားရေး လုပ်ငန်း တခုလုံးအနေဖြင့် ပြိုင်ဆိုင်မှုတွင် အဓိက ကျကြောင်းလည်း အဆိုပါကြေငြာချက်က ဆိုပါတယ်။
ရနောင်း ကုန်သည်ကြီး အသင်းကလည်း ယခုအခါ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး အ တွက် နှစ်စဉ် ဘတ်ငွေ ၁၅ သန်းထိ ရရှိနေ သော ထိုင်းနိုင်ငံ ရနောင်းနဲ့ မြန်မာနိုင်ငံ ကောသောင်းမြို့တို့ အကြား နယ်စပ်တလျှောက် လွတ်လပ်သည့် ဈေးကွက် ဇုံတခု အတွက် မြေနေရာရှာဖွေမှုတွေလည်း လုပ်ဆောင်နေသည်ဟု ဆိုပါတယ်။
--
ထိုင်းနိုင်ငံ ရနောင်း ခရိုင်အတွင်းရှိ များစွာသော ကုန်ထုတ်လုပ်ငန်းများသည် မြန်မာနိုင်ငံဘက် သို့ ပြောင်းရွှေ့လုပ်ကိုင် ရန် စီစဉ်နေကြကြောင်း သိရပါတယ်။
နေ့ က တရားဝင် သတ်မှတ် ကြေငြာလိုက်သည့် အတွက် အဆိုပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အား မြန်မာနိုင်ငံဘက်ခြမ်းတွင် လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ (TNA) သတင်းတပုဒ်က ဆိုပါတယ်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရနောင်စက်မှုဇုံမှ ယမန်နေ့က ကြေငြာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့ပါ တယ်။ လက်ရှိ လုပ်အားခ ဈေးနှုန်းမြင့်မားမှုနဲ့ ထိုင်းနိုင်ငံတွင်း ကုန်ကြမ်း လျော့ကျမှုများကြောင့် ထိုင်း စီးပွားရေး လုပ်ငန်း တခုလုံးအနေဖြင့် ပြိုင်ဆိုင်မှုတွင် အဓိက ကျကြောင်းလည်း အဆိုပါကြေငြာချက်က ဆိုပါတယ်။
--
0 comments :
Post a Comment