လိုင်ဇာလူနေရပ်ကွက်တွင်း လက်နက်ကြီးကျည်ကျ၊ ၃ ဦးသေ

Monday, January 14, 2013

 ဓာတ်ပုံများ- ဧရာဝတီ 
အစိုးရစစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့တွင်း ခကျန် ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 


ပထမအကြိမ် ပစ်ခတ်မှုတွင် မီးလှုံနေသည့် မိသားစုအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ပွဲချင်း ပြီး သေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း၊ ဒုတိယ အကြိမ် ပစ်ခတ်မှုတွင် နေအိမ်ပေါ် တိုက်ရိုက်ကျခဲ့ပြီး အိမ်ထဲမှ ကလေးတဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံး ရရှိသည့် သတင်းများအရ ဒဏ်ရာ ရသူများကို ဆေးရုံပို့ရာ ၂ ဦး ထပ်မံသေဆုံးပြီး ကလေး၁ ဦး၊ လူကြီး ၁ ဦးဖြစ်ကြောင်း သိရသည်။ 

ထိခိုက် သေကြေသူများနှင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများကိုလည်း ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက် ပါတယ်။ 








2 comments :

  1. Unknown said... :

    အမြန်ဆုံးငြိမ်းချမ်းပါစေ။အားလုံးဟာတစ်မြေထဲနေတစ်ရေထဲသောက်ကြတဲ့သွေးချင်းညီအစ်ကိုတွေပါ။ငြိနှိုင်းမှုတွေအမြန်ဆုံးအေင်မြင်ပါစေ

  1. Anonymous said... :

    LONG LIVE KIA,BLESS YOU.WE PRAY FOR ALL OF KACHIN PEOPLE AND KIA.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved