မနေ့က မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ရန်ကုန်မှာ တွေ့ခဲ့ရပါတယ်။
ထိပ်သီးဆုတွေကို ကင်ညာနိုင်ငံကအပြေးသမားတွေ ရသွားကြကြောင်း ဒီမနက်ထွက်လာတဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
မနေ့က ရန်ကုန်မှာ တွေ့ရတဲ့ အလှမယ် နန်းခင်ဇေယျာ နဲ့ အားကစားချန်ပီယံတဦး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ) |
အင်္ဂလိပ်သတင်းစာ The New Light of Myanmar မှာ ဖော်ပြထားချက်အရ ဒီပွဲကို ပြည်တွင်းက ၀င်ပြိုင်သူက နိုင်ငံတကာထက် နည်းနေကြောင်း တွေ့ရပါတယ်။
ပြည်တွင်း အပြေးသမား - ၅၀၀
နိုင်ငံတကာ အပြေးသမား - ၅၅၀
ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ အခုလို တွေ့ရပါတယ်။
ပါဝင်တဲ့ နိုင်ငံပေါင်း - ၂၀
အားကစားသမား အရေအတွက် - ၁,ဝ၅ဝ
၄၂ ကီလိုတန်း (အမျိုးသား)ကင်ညာနိုင်ငံမှ Markarivkl Gitau - ပထမ
ကင်ညာနိုင်ငံမှ Kariuki - ဒုတိယ
သောင်း အေး - တတိယ
ဝေလွင်ထွန်း - စတုတ္ထ
စိုးလှိုင် - ပဉ္စမ
၄၂ ကီလိုတန်း (အမျိုးသမီး)မြင့်မြင့်အေး - ပထမ
ပပ - ဒုတိယ
နီလာစန်း - တတိယ
သီတာချို - စတုတ္ထ
ယဉ်ယဉ်ထွေး - ပဉ္စမ
၁၀ ကီလိုတန်း (အမျိုးသား)ကင်ညာနိုင်ငံမှ Kiplkorir - ပထမ
သိန်းလှိုင်ဦး - ဒုတိယ
မောင်ကောက် - တတိယ
ပြည်မင်းစိုး - စတုတ္ထ
ရဲဝင်းနိုင် - ပဉ္စမ
၁၀ ကီလိုတန်း (အမျိုးသမီး)ဖြူမိုးသက် - ပထမ
ခင်မာစဲ - ဒုတိယ
စောမာလာနွယ် - တတိယ
ကြည်ပြာ - စတုတ္ထ
နှင်းယုစိုး - ပဉ္စမ
ဆက်စပ် -
Kenyan Tops Field in Burma’s First Intl Marathon
0 comments :
Post a Comment