ကချင်ဒေသမှာ စစ်ပြေးဒုက္ခသည် တသိန်းကျော်ပြီ

Friday, January 25, 2013

~






စစ်မြေပြင်ကချင်ဒေသမှာ  ဒုက္ခသည် တသိန်းကျော်ရှိလာတဲ့အထိ အခြေအနေ ဆိုးရွားနေပြီလို့ ဒီကနေ့  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် ကချင်တိုင်းရင်းသားတွေက ပြောလိုက်ပါတယ်။

ချင်းမိုင်မှာ ရှိကြတဲ့ တရုတ်၊ အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့ ဆန္ဒပြစဉ်မှာ ဖြန့်ဝေတဲ့ ကြေညာချက်မှာ အဲဒီလို ရေးထားတာပါ။

ဒုက္ခသည်တွေကို အကူအညီပေးဖို့၊ ကချင်ဒေသအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွေးနွေးကြဖို့ အမေရိကန်အစိုးရကိုတိုက်တွန်းကြောင်း ကြေညာချက်က ဆိုပါတယ်။
"မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ပေးခြင်းကို ပြန်လည် သုံးသပ်၍ အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရန်"လည်း အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံရောက် ဒုက္ခသည်များအတွက် UNHCR ရုံးဖွင့်ပြီး အကူအညီပေးခွင့်ရဖို့ တရုတ်အစိုးရကို တိုက်တွန်းပါလို့လည်း တောင်းဆိုထားပါတယ်။

အခု မြင်ရတဲ့ ပုံတွေကတော့ 
တရုတ် ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒဖော်ထုတ်နေပုံ နဲ့ ဖြန့်ဝေတဲ့ သဘောထားထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဆက်စပ် ~
နန်းဆိုင်နွမ် - တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့
သစ္စာနီ - အနာဂတ် နိုင်ငံတော်ကို ကယ်တင်ပါ




































-

2 comments :

  1. Crony hater said... :

    This is the proof of govt.'s attitude.Nobel prize!Bullet in stead of peace?Where the punishment among Crony invading so many fields such as Shwe Nanthar?Corruption!rapes!inhumanity!cronism!Punish the person who said Kachin should get bullet but no golden hand!Take action to him at once.

  1. Ko Toe Gyi said... :

    Bullet giving Hla Sway must be punished.He has no sympathy.Never think of others.He must take responsibility.Arrest him at once & send to never-ending hell.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved