ရေနွေးကြမ်းအိုးနဲ့ ဘွားဘွား

Friday, January 25, 2013

~


ဟာသ


(photo: Si Thu)
ကိုကျားကြီးတယောက် ဘီယာဆိုင်တခုရဲ့အပြင်ဘက်ကခုံမှာ ဘီယာသောက်ရင်း အနားယူနေတယ်။
အဲဒီလို ဆက်ရက်မင်း (ဇရက်မင်း) စည်းစိမ် ယစ်နေတုံးမှာဘဲ ယောဂီဝတ်နဲ့ အဘွားအိုတဦး သူ့အနီးကို ရောက်လာပါတယ်၊
အဲဒီအဘွားက...
"သားရယ်...အရက်သေစာ ဆိုတာ မကောင်းဆိုးဝါးရဲ့သွေးတွေပါ၊ မသောက်ပါနဲ့ကွယ်၊ ပညာရှိတွေလည်း မနှစ်သက်၊ လူကိုလည်း အကျိုးမရှိနဲ့"

ကိုကျားကြီး အာရုံ နည်းနည်းနောက်သွားတယ်၊ စိတ်အခံက ခပ်ရွတ်ရွတ် ဆိုတော့ အဘွားကြီးကို ပြန်ပြီး ပညာပေးအုံးမှလို့ စဉ်စားမိလိုက်တယ်၊
ဒါနဲ့...
"အရက်သောက်တာ မကောင်းဘူးလို့ အဘွား ဘယ်လိုလုပ်သိလဲ"
"ဒီလိုဘဲ ရှေ့ကလူကြီး သူမတွေ၊ ပညာရှိတွေ ပြောတာပေါ့ကွဲ့"

"အဘွားကိုယ်တိုင် မသောက်ဘူးဘဲနဲ့ ကောင်းမှန်း မကောင်းမှန်း ဘယ်လိုလုပ်ပြောနိုင်မလဲ"
"ကိုယ်တိုင်သောက်စရာ လိုလို့လား၊ ဒီလိုပဲ လူတိုင်းသိနေတာကြီးကို"

"မဟုတ်ဘူးအဘွား၊ အဘွားကိုယ်တိုင်သောက်ကြည့်လိုက်၊ မကောင်းဘူးဆိုရင် ဒီနေ့ကစပြီး ကျနော်လည်း ဆက်မသောက်တော့ဘူး၊ ဟုတ်ပြီလား၊ လာ..လာ ဒီမှာ လာထိုင်သောက်လှည့်၊ ကျနော် မှာလိုက်မယ်"
"အဘွားက ဘယ်သောက်လို့ဖြစ်မလဲ၊ ယောဂီဝတ်စုံကြီးနဲ့ဟာကို..."

"ရတယ်...အရက်ကို ရေနွေးကြမ်းအိုးထဲ ထည့်ခိုင်းလိုက်မယ်၊ ဒါဆိုရင် အရက်သောက်နေမှန်း လူတွေ မသိနိုင်တော့ဘူး"
"အေးလေ ဒီလိုဆိုလည်း စမ်းကြည့်တာပေါ့"
ဆိုတော့...ကျားကြီးလည်း ဆိုင်ထဲပြန်ဝင်လာပြီး အရက်ကောင်တာက  ကောင်လေးကို တိုးတိုးလေး ကပ်ပြောလိုက်တယ်...

"ညီလေးရေ့....အကို့ အတွက် ဘီယာတခွက်ထပ်ပေး၊ ပြီးတော့ ဝီစကီ တလုံးပါပေး...အဲ  ဝီစကီကို ရေနွေးကြမ်းအိုးနဲ့ ထည့်ပေးနော်..."....လို့လဲ ပြောလိုက်ရော... …
အရက်ချိန်တဲ့ ကောင်လေး ပြောလိုက်တာက ...
"ဘာ....ဒီ အဘွားကြီး လာပြန်ပြီလား....".....တဲ့။

သန်၎ကို ~
(နိုင်ငံခြားဟာသတခုကို မြန်မာမှုပြုထားတာပါ) 























-

1 comments :

  1. Anonymous said... :

    မောင်ကျန်တစ်တို့ ဖြစ်သွားတာကိုး...ဟီးဟီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved