၄၈ နာရီအတွင်း စုံစမ်းရေး ကော်မရှင်က ကြားဖြတ် အစီရင်ခံစာတင်မယ်

Sunday, January 20, 2013

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားတဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်က ယမန်နေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အခု သတင်းထုတ်ပြန်မှုဟာ ဒုတိယ အကြိမ် သတင်းထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။ 

 လက်ပံတောင်း သပိတ်စခန်း ဖြိုးခွင်းခံရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ကို ၄၈ နာရီအတွင်း တင်ပြသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ 

လက်ပံတောင်းတောင်၊ စပယ်တောင်၊ ကြေးစင်တောင်တို့မှာ  ကြေးနီစီမိံကိန်းနဲ့ပတ်သက်တဲ့ သတ္တုတွင်း ၀န်ကြီးဌာန အပါအ၀င် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူမှု စီးပွားရေးဘ၀တွေနဲ့ပတ်သက်တဲ့ 
တွေ့ရှိချက်တွေ၊ သာသနိက အဆောက်အအုံနဲ့ပတ်သက်လို့ ဆရာတော်သံဃာတော်များထံ လျှောက်ထား  ချက်များနှင့် သြ၀ါဒတွေ၊ ဦးပိုင်၊ ၀မ်ပေါင်ကုမ္ပဏီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကိစ္စတွေ၊ ထိခိုက်ဒဏ်ရာရ သံဃာတော်တွေကို ဆးကုသမှု အခြေအနေ ၊ သပိတ်စခန်းကို ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ ထွေ/အုပ် စတဲ့ အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို ကြားဖြတ် အစီအရင်ခံစာအဖြစ် ၄၈ နာရီအတွင်း သမ္မတဆီကို တင်ပြသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

 ကြေးမုံ သတင်းစာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved