ကျွတ်တန်းဝင်ချိန်

Monday, January 7, 2013


~

သန်၎ကို ~

ခိုင်တို့ အလုပ်ထဲက အရောင်းမန်နေဂျာဟာ ဖိလစ်ပင်းလူမျိုး စိတ်ကြမ်းလူကြမ်းကြီးရယ်၊ မျက်နှာထားက ဆိုးရတဲ့အထဲ ဆဲကလည်းဆဲတတ်သေးတယ်


မနက်လည်းဆဲ နေ့လည်လည်းဆဲ ညနေလည်းဆဲနဲ့၊ စိတ်ထဲ ဘဝင်မကျတိုင်း “ရှစ်” “ရှစ်” နဲ့ တရှစ်ထဲ ရှစ်နေတော့တာ
( ရှစ် = shit ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မြန်မာလို ဘာသာပြန်ရရင် မစင် ဆိုပါစို့)
ကိုယ့်အထက်အရာရှိဆိုတော့ ပြန်လည်း မဆဲရဲ၊ မဆဲပါနဲ့လို့လည်း ပြန်မပြောရဲနဲ့ ငြိမ်ခံနေရတယ်

အဆဲခံရပါများလာတော့ တစ်ခုခုပြန်ပြီး တုန့်ပြန်ချင်လာတယ်

တနေ့တော့ပေါ့… …
ခိုင် တာဝန်ကျတဲ့ကောင်တာမှာ စာရင်းတွေလုပ်နေတုန်း ကိုယ်တော်ချော ဆိုင်ထဲရောက်လာတယ်
ထုံးစံအတိုင်း တဆိုင်လုံးကို လျှောက်ကြည့်ပြီး ပွစိပွစိပြောလိုက်၊ စိတ်တိုင်းမကျရင် ‘ရှစ်’ လိုက်၊ လုပ်နေတော့တာ…
ကိုယ့်ကောင်တာနား ရောက်လာတော့လည်း အစဉ်အလာမပျက်ဘဲ၊ ပွစိပွစိပြောပြီး ‘ရှစ်’ တော့တာပါပေါ့

“@!#%$^&…shit ရှစ်”

ဒီကလည်း စာရင်းလုပ်နေရင်း သူ့ကို မော့မကြည့်ဘဲ မကြားတကြားနဲ့ မြန်မာလို ပြန်ရွတ်လိုက်တယ်… “ကိုး၊ တစ်ဆယ်”…လို့

သူတစ်ခါ ‘ရှစ်’ တိုင်း၊ ကိုယ်တစ်ခါ ‘ကိုး၊ တစ်ဆယ်” လုပ်နေလိုက်တာ အစပိုင်းတော့ သူ သတိမထားမိသေးဘူး
နောက်တော့မှ နည်းနည်း ရိပ်မိလာတယ်ထင်တယ်၊ မျက်မှောင်ကြီးကုပ်ပြီး လှည့်ကြည့်တယ်
ပြီးတော့ ပြန်ပြီး အစမ်းဆဲကြည့်တယ်…
“ရှစ်”… တဲ့
ကိုယ်ကလည်း မလျော့ပါဘူး… မကြားတကြား ပြန်ရွတ်တယ်…
“ကိုး၊ တစ်ဆယ်”…လို့

“ရှစ်”
“ကိုး၊ တစ်ဆယ်”
“ရှစ်”
“ကိုး၊ တစ်ဆယ်”

“ဝှပ်စ် ဂိုး ဒဇယ်”… တဲ့ လာမေးတယ်
“Nothing”…လို့ မော့မကြည့်ဘဲ ပြန်ဖြေလိုက်တယ်

အဖြေကို သိပ်တော့ ကျေနပ်ပုံမရဘူး၊ ဆက်မမေးတော့ဘဲ ပြန်လှည့်သွားပြီး စစ်စရာရှိတာ ဆက်စစ်နေတယ်။
စိတ်တိုင်းမကျရင် ထုံးစံမပျက် ‘ရှစ်’ တာဘဲ။ ကိုယ်ကလည်း ‘ရှစ်’ သံကြားတိုင်း ‘ဂိုး ဒဇယ်’ ဘဲ၊ အဲလေ ‘ကိုး၊ တစ်ဆယ်’ ပဲ။

ကြာတော့ ကိုယ်တော်ချော မခံစားနိုင်တော့ဘူးထင်တယ်၊ ဘာမှ ဆက်မစစ်တော့ဘဲ ရှုးရှုး ရှုးရှုးနဲ့ ထွက်သွားတယ်…
စိတ်ထဲကတော့ တွေးနေမှာပေါ့… “ဒီဗမာမ ငါ့ကို ဂိုး ဒဇယ် ဂိုး ဒဇယ်နဲ့ ဆဲနေတာ နေမှာ”…လို့

နောက်ရက်တွေကျတော့လည်း ဆိုင်ထဲလှည့်စစ်ရင်း သူ့ဝသီက ဖျောက်မရတော့ ဆဲသေးတယ်။

ခပ်ဝေးဝေးမှာဆိုရင် မျက်လုံးလေးဘဲ လှန်ကြည့်ပေးလိုက်တာနဲ့ ဆရာသမားခမြာ တွန့်ကနဲ ဖြစ်သွားတယ်။

ခပ်နီးနီးမှာဆိုရင်တော့ သူမဆဲမိအောင် သတိထားနေတယ်၊ တခါတလေ ယောင်ပြီး ဆဲမိရင်တောင်မှ ‘ရှစ်’ ဆိုပြီး အသံအပြည့် မထွက်တော့ဘဲ ‘ရှ…’ လောက်နဲ့တင်ရပ်သွားပြီး ကိုယ့်ကို မျက်လုံးကြီးပြူးလို့ စိုးရိမ်တကြီး ကြည့်ရှာတယ်…
ဟွင်း… ဟွင်း… ‘ဂိုး၊ ဒဇယ်’ ကို ဘာမှန်းညာမှန်း မသိဘဲနဲ့ သူတော်တော်လန့်နေပြီ…

အဲဒီနောက်တော့ တဖြည်းဖြည်းနဲ့ သူဆဲသံ ပျောက်သွားတော့တယ်

ဒီဇာတ်လမ်းကို သိနေတဲ့ တခြားကောင်တာက စာရေးမတွေ၊ ဝန်ထမ်းတွေက ဒီလူကြမ်းမန်နေဂျာကို အဆဲပျောက်အောင် ဆုံးမလိုက်တဲ့ ‘ဂိုး၊ ဒဇယ်’ ဆိုတာ ဘာလဲလို့ သိချင်နေကြတယ်။
တဆိုင်လုံးမှာလည်း မြန်မာဆိုလို့ ကိုယ်တစ်ယောက်ထဲ ရှိတာ၊ တခြား အပြင်က မြန်မာတွေ သွားမေးလည်း သူတို့ အသံထွက် ‘ဂိုး၊ ဒဇယ်’ ကို ဘယ်မြန်မာမှ သိမှာ မဟုတ်ဘူး။
ဒီတော့ ကိုယ့်ကိုဘဲ လာမေးတော့တာပေါ့… …
“ဟလို .... ခိုင် ...၊ ယူ့ ဂိုးဒဇယ်က ဘာလဲဟင်”
ကိုယ်ကလည်း အပြောင်းအလဲ မများတတ်ပါဘူး ပြန်ဖြေလိုက်တယ်… …
“Nothing”…လို့
ဟုတ်တယ်လေ၊ အမှန်ပြောလိုက်ရင် ဟို ကိုယ်တော့ချောက ပြန်ဆဲရင် ဆဲနေမှာ… ….
း)
 




















-

4 comments :

  1. Anonymous said... :

    ကောင်းတယ်ဗျို့ အလိုဖြစ်နေရမှာ

  1. thinnu said... :

    မြန်မာတွေရဲ့(အထူးသဖြင့်မိန်းမတွေ) ဖြတ်ထိုးဥာဏ် က အရမ်းကောင်းတယ်နော်...မိုက်တယ်...ကြိုက်သွားပြီ...ရှစ်ထ်..ကိုး..တစ်ဆယ်...ဟားဟားဟား

  1. tharkyii said... :

    တို့အလုပ်ရှင်ကိုလဲ ချွတ်ချိန်တန်ပြီ..ဟိ thanks for ur joke....

  1. ဇင်မာမြင့် said... :

    တကယ့်အဖြစ်အပျက်လားဟင်.....ခိုင့်ရဲ့ ဖြတ်ထိုးဥာဏ်နဲ့ ပြန်လည်ချေပတတ်တာကိုတော့ သဘောကျသွားပြီ။......ရီလဲရီရတယ်။မိုက်တယ် :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved