လူရွှင်တော် ၃၀ ကျော်စုပေါင်းလုပ်တဲ့ ငလျင် ရံပုံငွေပွဲ

Wednesday, January 16, 2013

ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ 

ရန်ကုန်နှင့် မန္တလေး နိုင်ငံကျော် လူရွှင်တော်များ ပူးပေါင်းကာ ငလျင်ရံပုံငွေပွဲကို ယမန်နေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ ည ၇ နာရီ အချိန်က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝင်း အတွင်းတွင် အငြိမ့်ပဒေသာ 
နှင့် ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။

လူရွှင်တော် အယောက် ၃၀ ကျော်ပါဝင်ပြီး ငလျင်ဒဏ်ခံရသော ပြည်သူများ အတွက် စေတနာရန်ပုံငွေပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

မနက်ပိုင်းတွင်လည်း မန္တလေးမြို့အနှံ့ လှည့်လည်ကာ အလှူငွေများ ကောက်ခံခဲ့သေးသည်။ ရရှိသည့် အလှူငွေများကို သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved