သင်္ဘောသား ကိုလူချော

Thursday, January 24, 2013

~

 


ဟာသ



စိတ်ဓါတ်ကျဆင်းပြီး ကူကယ်ရာမဲ့နေတဲ့ အမျိုးသမီးငယ်တယောက်ဟာ ရေထဲခုန်ချပြီး သူ့ ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဆိပ်ခံဘော့တံတားပေါ်ကနေ ခုန်ချမလို့လုပ်နေတုံးမှာ လူတယောက်က သူ့လက်ကို ဖမ်းဆွဲထားတယ်။
သူလှည့်ကြည့်လိုက်တော့ ရုပ်ရည်ပြေပြစ် တင့်တယ်တဲ့ လူငယ်တယောက်ဖြစ်နေတယ်။

အဲဒီလူငယ်က သူ့ကိုယ်သူ မိတ်ဆက်ရင်း မိန်းကလေးကို ဖျောင်းဖျနေတယ်...
"ကိုယ်က သင်္ဘောသား တယောက်ပါ၊ မင်းလို ငယ်ငယ်ရွယ်ရွယ်၊ ချောချောလှလှနဲ့ လူ့ဘဝမှာနေဖို့ အချိန်တွေ အများကြီးကျန်သေးတဲ့ မိန်းကလေးတယောက်က
ဘာဖြစ်လို့ သေကြောင်းကြံစီရတာလည်းကွယ်၊
ကဲ.. စိတ်ညစ်မနေနဲ့တော့၊ ကိုယ် ကူညီမယ်နော်၊
ဒီလိုလုပ်...ကိုယ်တို့သင်္ဘောက မနက်ဖန်ဆို ဥရောပဘက် ခရီးဆက်တော့မှာ။
မင်းကို သင်္ဘောပေါ်မှာ ဖွက်ပြီးခေါ်သွားပေးမယ်။ ဥရောပ ရောက်တော့ ကိုယ်တို့ နှစ်ယောက်ဘဝတခု ထူထောင်ကြမယ်လေ..နော်"
...ဆိုပြီး အမျိုးသမီးလေးကို ပွေ့ဖက်ယုယရင်း နှစ်သိမ့်အားပေးလိုက်တယ်။

အမျိုးသမီးလေးလည်း စိတ်ပြောင်းသွားပြီး သင်္ဘောသားလေး ပြောသလိုလုပ်ဖို့ ခေါင်းညိမ့် သဘောတူလိုက်တာပေါ့။
ညဘက်ရောက်တော့ သင်္ဘောသားက အဲဒီအမျိုးသမီးကို သင်္ဘောပေါ် တိတ်တိတ်လေးခေါ်သွားပြီး သင်္ဘောဝမ်းဗိုက်ထဲက စတိုခန်းတခုမှာ ဖွက်ထားလိုက်တယ်။
ညဘက် ညဘက်ရောက်တိုင်း အမျိုးသမီးလေးစားဖို့ အစားအစာတချို့နဲ့ ရေ ယူလာလာ ပေးပြီး၊ တညလုံး ချစ်တင်းနှောလို့ ချစ်မဏ္ဍိုင် ခိုင်ခိုင်စိုက်ကြတယ်လေ။

အဲဒီလိုနေရင်းနဲ့ ၃ပတ်လောက်ကြာတော့... သင်္ဘောကပ္ပတိန်က သင်္ဘောကို လှည့်လည်စစ်ဆေးရင်း အမျိုးသမီးကို တွေ့သွားပါလေရောဗျ...။

"ဟင်...မင်း..ဒီမှာ ဘာလုပ်နေတာလဲ မိန်းကလေး"

အမျိုးသမီးလည်း ဖြစ်ကြောင်းကုန်စဉ်ကို အမှန်အတိုင်း ရှင်းပြရတော့တာပေါ့။
"ဒီလိုပါရှင်... x#%..&*#... @!*^... အဲဒါ ဥရောပဘက်ရောက်ရင် သူနဲ့ ကျမလက်ထပ်ကြမယ်လေ"...

သူ ရှင်းပြလို့လည်းပြီးရော...ကပ္ပတိန် ပြန်ပြောလိုက်တဲ့စကားကြောင့် အဲဒီအမျိုးသမီးဟာ ဓါးမြောင်တချောင်း ကိုင်လို့ သင်္ဘောသားကို လိုက်ရှာတော့တာပါပဲ....

ကပ္ပတိန်ပြောတာက...
"ဒီ ရန်ကုန်နဲ့ ဒလကူးနေတဲ့ ကူးတို့သင်္ဘောက ဘယ်လိုလုပ်ပြီး ဥရောပဘက်ရောက်မှာလဲ မိန်းကလေးရဲ့..." ဆိုတာပါပဲ။

သန်၎ကို ~
(နိုင်ငံခြားဟာသတခုကို မြန်မာမှုပြုထားတာပါ)






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved