အင်းလေး ဟိုတယ်ဇုန်ထဲက ဘုန်းကြီးကျောင်း ထင်းစိုက်ခင်းများ

Sunday, January 13, 2013

 

 
  အင်းလေး ဟိုတယ်ဇုန်ဧရိယာအတွင်း ပါရှိသွားသည့် ဘုန်းကြီးကျောင်း ၁၃ကျောင်း၏  ထင်းစိုက်ခင်း ဧက အရေး ပြေလည်မှုရရှိစေရန်အတွက် ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး  ဦးစိုင်းထွန်းရင်သည် ထိုဒေသသို့ သောကြာနေ့က သွားရောက်ပြီး ဆရာတော်များ၊ ဒေသခံများနှင့် ဆွေးနွေးခဲ့သည်။

ထင်းစိုက်ခင်း ( ၇၃) ဧကအရေးအတွက်  ဆွေးနွေးသည့် နေရာမှာ အင်းလေးဒေသ ၊ ဟဲရွာ ရွာမ ရွှေဘုံသာ စာသင်တိုက်တွင် ဖြစ်သည်။

        ပြည်နယ်ဝန်ကြီး ဦးစိုင်းထွန်းရင် ဆွေးနွေးချက်

- မည်သို့ ဆောင်ရွက်ပေးရမည်ကို ဘုန်းဘုန်းတို့က တပည့်တော်အား မိန့်ကြားပေးစေလိုကြောင်း၊
- ပြည်နယ်အစိုးရ တာဝန်ရှိသူများကို တင်ပြကာညှိုနိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
- ဟိုတယ်ဇုန်ဖြစ်ပေါ်လာပါက လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ကာ၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်ကြောင်း၊
- ပြည်သူလူထုလည်း မနစ်နာ၊ အစိုးရလည်း လုပ်ရကိုင်ရအဆင်ပြေစေရန် အကောင်းဆုံးနှင့် အဆင်ပြေဆုံး ဖြစ်စေရန် မေတ္တာပေါင်းကူး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသည်။

တာလေးတောင်ကျောင်းတိုက်မှ ဆရာတော် ဦးသုမန

-     ဝန်ကြီးတို့ အနေဖြင့် ဘုန်းကြီးကျောင်းများ၏ ထင်းစိုက်ဧကများအတွက်တန်ရာတန်ကြေး ခေတ်ကာလ ပေါက်ဈေးနှင့် မတိမ်းမယိင်း ပေးအပ်မည်ဆိုလျှင် ဘုန်းကြီးကျောင်းဒကာများလည်း သဘောတူနိုင်မည်ဖြစ်ကြောင်း ၊
-  ထင်းခြံနှင့် ညီမျှသည့် ဘဏ္ဍာငွေကြေးပါ ရမည်ဆိုလျှင် ဘုန်းကြီးကျောင်းတိုက်မှ အလှူရှင် ဒကာများကပါသဘောတူနိုင်မည်ဖြစ်ကြောင်း ၊
- ကုမဏီ ပေးလာမည့် လျော်ကြေးငွေနှင့် ပတ်သက်ပြီး ဝန်ကြီးတို့က  အကြောင်းပြန်ကြားပေးရန်နှင့် ဘုန်းဘုန်းတို့ဘက်က လက်ခံမခံကို ပြန်ကြားပေးမည်ဖြစ်ကြောင်း ၊
- ထင်းခြံဧကအတွက် မြေဧက အစားထိုးပေးလျှင်တော့ ဘုန်းဘုန်းတို့ကော၊ ဒကာတွေပါ သဘောတူမည် မဟုတ်ကြောင်း မိန့်ကြားသည်။

               သာလေးရွာ ကျောင်းတိုက် ဒကာ ကိုခင်ဇော်ဦး

- ဟိုတယ်ဇုန်ဆိုသည်မှာ ရှိသင့်သည့် လုပ်ငန်းဖြစ်ကြောင်း၊
- သို့သော်လည်းသာသနာ့မြေတွေ ဖြစ်နေသည့်အတွက်  လျော်ကြေးငွေ လက်ခံလို့မရကြောင်း ၊
- ဘုန်းဘုန်းတို့ အာပတ်သင့် သည့်အတွက် ဒကာများ ကြားဝင်ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

     
ကျောင်း ( ၈) ကျောင်း၏ ဆွေးနွေးချက်

 သင့်တော်သည့် ခေတ်ကာလပေါက်ဈေး နှင့် မတိမ်း မယိမ်း လျှော်ကြေးရမည်ဆိုပါက လက်ခံမည်။

နန်းပန်ကျောင်း ၊ ရွှေဘုံသာကျောင်း၊
သာလေးတောင်ကျောင်း ၊သာလေးမြောက်ကျောင်း၊
စံရာကျောင်း၊ ဗိန္ဒောကျောင်း၊
နမ့်ဟူးကျောင်း၊ အရှေ့ဆောင်ကျောင်း၊

(ကျောင်းတချို့မှ ဘုန်းတော်ကြီးများ  ခရီးလွန်နေသဖြင့် ဆွေးနွေးပွဲသို့ ကြွရောက်လာနိုင်ခြင်း မရှိကြောင်း သိရသည်)

             ဂျွန်ချစ်ငြိမ်း( တောင်ကြီး) ~

 










-




















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved