ရုရှားလက်နက်ရောင်းချမှု ၂၀၁၂ မှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိ

Wednesday, January 23, 2013

 ဓာတ်ပုံ-- world.time.com

ရုရှားနိုင်ငံဟာ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ၂၀၁၂ ခုနှစ် အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့တယ်လို့ The New Indian Express သတင်း တရပ်တွင် ဖော်ပြထားပါတယ်။ “ရှေးဦး ရေတွက်တာတွေ အရ နိုင်ငံတကာကို လက်နက် တင်ပို့  
ရောင်းချတာ ၁၅.၁၆ ဘီလီယံ လောက် ရှိပါတယ်။ 

ဒီ ပမာဏဟာ ကျနော်တို့ရဲ့ မူလရည်ရွယ်တာရဲ့ ၁၁၁.၈ ရာခိုင်နှုန်းဖြစ်ပါတယ်” လို့ ရုရှား စစ်ရေးနည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ် အကြီးအကဲ Alexander Fomin က အဆိုပါသတင်းမှာ  
ပြောထားပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာ AK 47 နဲ့ တွေ့ရတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့ အမျိုးသမီးစစ်သည်တဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ရုရှားက စတင် တီထွင်တဲ့ AK 47 တွေ အများအပြား သုံးနေကြပါတယ်။
 ၂၀၁၁ ခုနှစ် ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်နက် ၁၃.၂ ဘီလီယံဖိုး ရောင်းချခဲ့ပြီး အမေရိကန်ပြီး လျှင် ဒုတိယ ကမ္ဘာ့ လက်နက်အများဆုံး ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် အထွေထွေ နိုင်ငံခြားပို့ကုန်တွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ကစပြီး ၃ ဆလောက် ပိုများပြား လာတာပါ” ဟု ၎င်းက ဆိုပါတယ်။

 အိန္ဒိယနိုင်ငံ အပါအ၀င် မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း ဒေသရှိ နိုင်ငံတွေဟာ ရုရှားနှင့် လက်နက်ရောင်းဝယ်ရေး ကုန်သွယ်မှု အများဆုံး ပြုလုပ်ကြပါတယ်။ 


1 comments :

  1. sour grain said... :

    Putiin also like power,wealth&girls.Shameful leader!How he won the election!He&Arsat must besent to Hell.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved