နေပြည်တော်က သံတမန်ရပ်ကွက်

Monday, January 21, 2013

 နေပြည်တော်က သံတမန် ဇုံ၊ ဓာတ်ပုံ- ရဲနည်/ဧရာဝတီ

နေပြည်တော် ရွှေမြို့တော်ကြီးဟာ အကျယ်အဝန်း စတုရန်းမိုင် ၂၇၂၃. ၇၁ ရှိတာမို့ စတုရန်းမိုင် ၄၀၀ ရှိတဲ့ မြို့တော်ဟောင်း ရန်ကုန်ထက် ၇ ဆနီးပါး ကြီးပါတယ်။

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် ဖွင့်ထား၊ ကားလမ်းမအကျယ်ကြီးတွေ ခင်းထား၊ သေသပ်ကျနတဲ့ ဝန်ထမ်း အိမ်ရာနဲ့ အရာရှိရပ်ကွက်တွေ အစီအရီ နေရာချထား၊ အဆင့်မြင့် ဆေးရုံတွေ၊ ဟိုတယ်တွေ နဲ့ ရှော့ပင်းမောလ်တွေလည်း ဟီးထ၊ ဥပ္ပါတသန္တိ စေတီတော်ကြီးက မြို့ထောင့်တိုင်းက ပူဇော်လို့ ရတာ
တွေကို တအံ့တဩ လှည့်ပတ်ကြည့်ရင်း ဆောက်လုပ်ဆဲ လမ်းတလမ်းထဲ အမှတ်မထင် ရောက်သွား တယ်။ 

လမ်းဆုံးတော့ ရွာမတွေ့၊ ဆိုင်းဘုတ်တခု ထောင်ထားတာတွေ့လို့ ဖတ်ကြည့်တော့ "သံတမာန် ဇုံ" တဲ့။ 

သံရုံးတွေ လာဖွင့်ဖို့ နေရာပေးထား တူရဲ့။ ဒါပေမယ့် အမေရိကန်ကစ တရုတ်အလယ် မြောက်ကိုရီးယား အဆုံး နိုင်ငံတကာ သံတမာန်တွေကတော့ ကိစ္စရှိရင် နေပြည်တော်ကို တက်လာ၊ ဟိုတယ်မှာ တည်း၊ ပြီးတော့ ပြန်ပဲ။ 

အခုထိ သံရုံးလာဖွင့်ဖို့ အရိပ်အရောင်တောင် မမြင်ရသေးတာ အခုဓာတ်ပုံက သက်သေပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved