KNU ခေါင်းဆောင်များ နေပြည်တော်သို့ သွားကြပြီ

Thursday, January 3, 2013

ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိပ်တန်းခေါင်းဆောင်များဟာ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ် မှုကြောင့် နေပြည်တော်သို့ ယနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဌာနချုပ်မှ စတင်ထွက်ခွာ သွားကြ ပါပြီ။ 

KNU မှ ကြီး ၅ ကြီး၊ ဓာတ်ပုံ- ပြည်တော်မြင့်/ ဧရာဝတီ 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ် ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပါဝင်ကြပါတယ်။ 

ငြိမ်းချမ်းရေးအတွက်သွားရောက်ဆွေးနွေးခြင်း မဟုတ်ကြောင်း၊ မကြာသေးမီက ပြုလုပ်ခဲ့သည့် KNU ညီ လာခံမှာ ရွေးချယ်ခံရသော ထိပ်တန်းခေါင်းဆောင် ၅ ဦးကို သမ္မတ ဦးသိန်းစိန်က အလွတ်သဘော တွေ့ ဆုံ လို၍ ဖိတ်ခေါ်ခြင်းကြောင့် သွားရောက်ခြင်းဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ ခရီးစဉ်နဲ့ပတ်သက်ပြီး  KNU က ယနေ့နေ့စွဲဖြင့် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ထား ပါတယ်။  

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved