SAMSUNG ဖုန်း နဲ့ အာမခံကတ်

Thursday, January 24, 2013


~



ရန်ကုန် ဟင်းန်းဆက် ဈေးကွက်ထဲက  Samsung ဖုန်းတွေမှာ စင်္ကာပူအလုံးနဲ့ ကုမ္ပဏီအလုံး ဆိုပြီး နှစ်မျိုးရှိပါတယ်။

စင်္ကာပူအလုံးကို  Paralla Inport - အတိုကောက်အားဖြင့် PI လို့ ခေါ်ပြီး၊ ကုမ္ပဏီအလုံးကိုတော့ TSE လို့ခေါ်ကြပါတယ်၊ Thailand Samsung Electronic  ရဲ့ အတိုကောက်ပါ။

     ကုမ္ပဏီအလုံးက ယိုးဒယားက ၀င်တာဖြစ်ပြီးတော့ ဖုန်းက ပါကင်ပိတ် လာပါတယ်။
အာမခံကတ်ပြား (Warranty Card) ပါပါတယ်။ ကတ်သက်တမ်းက  တနှစ် ဖြစ်ပါတယ်။
ဒါကြောင့် ဖုန်းဝယ်တဲ့သူတွေအနေနဲ့ ကိုယ်ဝယ်တဲ့ဖုန်းက ကုမ္ပဏီအလုံး ဖြစ်တယ် ဆိုရင် ပါကင်ပိတ် ဟုတ်ရဲ့လား ဆိုတာ ကြည့်ဖို့လိုပါတယ်။
 ပြီးတော့ အာမခံကတ် တောင်းဖို့ လိုပါမယ်။

အာမခံကတ်ကာလ တနှစ်အတွင်း ဖုန်းချို့ယွင်းမှု တခုခုဖြစ်ခဲ့ရင်  သက်ဆိုင်ရာ ကုမ္ပဏီ တွေ၊ Service Centre တွေမှာ သွားရောက် ပြုပြင်နိုင်ပါတယ်။

ပြင်ဆင်ပေးဖို့ ငြင်းရတဲ့ အကြောင်းရင်းများ
ဟင်းန်ဆက်မှာ ဖြစ်တတ်တဲ့ စက်ရုံက ထုတ်လုပ်ကတည်းက ပါလာတဲ့ ချို့ယွင်းချက်တွေကိုပဲ Warranty Card က တာဝန်ယူတာပါ။ 
အားသွင်းကြိုး စတဲ့ တယ်လီဖုန်းအပိုပစ္စည်းတွေ ချို့ယွင်းမှုမျိုးကိုတော့ အဲဒီနေရာတွေမှာ မပြုပြင်ပေးပါဘူး။
 အသုံး ပြုသူတွေကြောင့်ဖြစ်တတ်တဲ့ ဖုန်းပြုတ်ကျတာ၊ ရေ၀င်တာတွေကို တာဝန်မယူပါဘူး။

 ပြီးတော့ ဖုန်းကို သတ်မှတ် ထားတဲ့ Samsung Service Centre မဟုတ်ဘဲ တခြားနေရာတွေ၊ ဆိုင်တွေမှာ ပြုပြင်ထားပြီးသား ဆိုရင်လည်း ၀န်ဆောင်မှု (Service) မပေးတော့ပါဘူး။

ဘယ်မှာ ပြင်ပေးသလဲ
Warranty ပေးထားတဲ့ ဖုန်းတွေကို မြန်မာပြည်တွင်း Samsung ဖုန်းရောင်းတဲ့ အကြီးဆုံး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Mobile Tel နဲ့ Cyber City တို့ကနေ ၀န်ဆောင်မှု ပေးနေပါတယ်။
ပြီးတော့ Samsung Service Centre တွေကလည်း ၀န်ဆောင်မှု ပေးနေပါတယ်။

ရွက်စိမ်း ~


ဆက်စပ် -  Samsung Galaxy Note 8 လာတော့မယ်























-

1 comments :

  1. Anonymous said... :

    "Parallel Import"

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved