နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

Saturday, January 26, 2013




ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း
တွေနဲ့ ပတ်သက် လို့ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။ 

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့  Singapore Telecommunications ကုမ္ပဏီတို့ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

စင်ကာပူ ကုမ္ပဏီကကတော့  ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ ကုမ္ပဏီ ၂ ခုပေါင်းပြီး လုပ်ကိုင်ဖို့လို့ ဆိုပါတယ်။
ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။

2 comments :

  1. ၀မ်းသာပါတယ်ခင်ဗျာဆက်သွယ်ရေးတွေကောင်းမွန်လာ
    မယ်ထင်ပါတယ်

  1. sour grain said... :

    All investments must be for the public not for cronies.Corruption investigators must watch cronies & associates.The richer the cronies, the poorer the public.not

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved