ကချင်ပြည်နယ်က စစ်ပွဲများအပေါ် US က ပြင်းထန်စွာ ကန့်ကွက်

Thursday, January 24, 2013

 လိုင်ဇာအနီး အိမ်ခေါင်မိုးပေါ် ဗုံးကျလို့ ဒဏ်ရာ ရခဲ့တဲ့ ကလေးငယ်နဲ့ မိခင်၊ ဓာတ်ပုံ- ဧရာဝတီ

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် အမေရိကန်ပြည်ထောင်စု အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ သတင်းထုတ်ပြန်လိုက် သည်။ 

စစ်ပွဲများကြောင့် ဒုက္ခသည်များအတွက် အလွန်စိုးရိမ်ပြီး အစိုးရနှင့် ကချင် လက်နက်ကိုင်အဖွဲ့ ၂ ဖက်လုံး အား အမြန်ဆုံး စစ်ပွဲများ အဆုံးသတ်စေရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းကြောင်းလည်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved