မြန်မာတွေနဲ့ ဝေးစပြုလာတဲ့ မြန်မာ့ရုပ်သေး

Thursday, February 14, 2013

~



အဲမလီ ~



မြန်မာ့ရိုးရာ ရုပ်သေးပွဲကို ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ရက်နေ့ တာမွေမြို့နယ်
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။

ရိုးရာ ရုပ်သေးကို  နိုင်ငံခြားသားတွေလောက်ဘဲ စိတ်ဝင်စားပြီး မြန်မာလူမျိုးတွေနဲ့ အလှမ်းကွာဝေးနေပြီ ဖြစ်တာကြောင့်
ရုပ်သေးကို ပြန်လည်စိတ်ဝင်စားလာဖို့ ရည်ရွယ်ပြီး အခမဲ့ ပြသခဲ့တာဖြစ်တယ်လို့ ဒီပွဲ စီစဉ်တဲ့
VIA ( Event Organizer & Sponsorship Agency )  အေဂျင်စီ တာဝန်ရှိသူတဦးဖြစ်တဲ့  မသက်မွန်အေးက
 ပြောပြပါတယ်။
 




ရုပ်သေးကို ထွေးဦးမြန်မာအဖွဲ့မှ ရုပ်သေးပညာရှင်တွေက ဖျော်ဖြေတင်ဆက်တာဖြစ်ပါတယ်။


အသက် ၆နှစ်သာ ရှိသေးတဲ့ ပိုင်ပိုင်ထွေးဦးလေးကလည်း သူငယ်တော် အကကို ပိုင်ပိုင်နိုင်နိုင် တင်ဆက်နိုင်တာ တွေ့ရပါတယ်။
 



လာရောက် ကြည့်ရှုအားပေးသူတွေကို VIA က ကံစမ်းမဲဖောက်ပေးပါတယ်။

ကံစမ်းမဲ စာရင်း

ရန်ကုန်- ဟဲဟိုး-  အသွားအပြန်  အဲပုဂံ လေယာဉ်လက်မှတ် ၁ စောင်၊
ရန်ကုန်- မန္တလေး -အသွားအပြန်  အဲပုံဂံ လေယာဉ်လက်မှတ် ၁စောင်၊
Sweet Seoson Travel & Tours ရဲ့  စရိတ်ငြိမ်း ၂ည အိပ် ၃ရက် ပုဂံခရီးစဉ်  ၂ဦး၊ 
VIA က ပေးအပ်တဲ့ ရုပ်သေး ၅ရုပ်၊
ထွေးဦးမြန်မာက ဖွင့်ထားတဲ့ မြန်မာရိုးရာ ရုပ်သေး  သင်တန်း တက်ရောက်ခွင့်
Strategy First  ဂျာနယ်များ၊
တခြား လက်ဆောင်များ



-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved